
သင်မသိရှိသေးတဲ့ နည်းပညာလောကရဲ့ထူးဆန်းတဲ့အချက်များ (၁၅ )ချက်
နည်းပညာဆိုတာ အမြဲတမ်း တိုးတက်ပြောင်းလဲနေပြီး ကျွန်မတို့ စိတ်ကူးယဉ်ထားတဲ့ ကအနာဂတ်ဆီကို ခေါ်ဆောင်သွားပေးပါတယ်။ ဒါပေမယ့် ကျွန်မတို့ အခုလက်ရှိနေရာထိကို သူက ဘယ်လိုမျိုး ဝင်ရောက်လာတာလဲ။နောက်ရော ဘယ်ထိ ဆက်သွားဦးမှာလဲ။
Android ဆိုတဲ့ တကယ့် အဓိပ္ပာယ်က ဘာလဲရောသိရဲ့လား?။facebook မှာ ပိုက်ဆံ ရှာလို့ရတာရော သိခဲ့ကြလား?။ဒီပြဿနာတွေ မေးခွန်းတွေအားလုံးကိုအခု ဆောင်းပါးလေးမှာ အဖြေရှာကြည့်လိုက်ကြရအောင်။
၁။ browser တစ်ခုဖြစ်တဲ့ firefox လိုဂိုက fox လို့ခေါ်တဲ့ မြေခွေးမဟုတ်ပါဘူး ။ အနီရောင် ပန်ဒါလေးပုံပါတဲ့။

၂။ ပထမဆုံး Apple ရဲ့ လိုဂိုကလည်း သင်ထင်ထားသလိုမဟုတ်ခဲ့ပါဘူး ။ အပင်အောက်မှာ ဆာ အစ်ဇက် နယူတန် ထိုင်နေတုန်း ခေါင်းပေါ် ပန်းသီးပြုတ်ကျလာတာကို ခံစားသက်ဝင် ရေးဆွဲထားတာပါ။ ဒါကတော့ ၁၉၇၆ ခုနှစ် ဒီဇိုင်းပဲဖြစ်ပါတယ်။

၃။ ဆိတ်တွေကို ငှားထားတဲ့ Google
သူတို့အပိုင် မြက်ခင်းကို မြက်ရိတ်မယ့်အစား ဆိတ် အကောင် ၂၀၀ ကို ငှားရမ်းပြီး မြက်စားခိုင်းခဲ့ပါတယ်တဲ့။

၄။ Robot ဆိုတဲ့ စကားလုံးမူရင်း အဓိပ္ပာယ်က ချက်ရှ် စကားလုံးမှ robota ဖိအားသုံး အလုပ်စေခိုင်းခြင်း လို့ အဓိပ္ပာယ်ရပါတယ်တဲ့ ။ ဒီစကားလုံးကို ၁၉၂၀ ဝတ္ထုတစ်ခုက ဇာတ်ဝင်ခန်းတစ်ခုမှာ စပြီး သုံးနှုန်းခဲ့တာပါ။

၅။ ပထမဆုံး ဗီဒီယို မှတ်တမ်းတင်စက် VCR ကို ၁၉၅၆ မှာ ပြုလုပ်ခဲ့ပြီး စန္ဒရားအရွယ်အစားလောက် ရှိပါတယ်။

၆။ ၁၉၃၈ မတ်လ တစ်ရက်နေ့မှာ ကုန်စုံဆိုင်အနေနဲ့ လီဗြောင်ချော စတင်တည်ထောင်ခဲ့တဲ့ Samsaung ဟာ Apple ထက် ၃၈ နှစ်နဲ့ ၁ လကြီးပါတယ်။ ၁၉၇၆ ဧပြီ ၁ ရက်နေ့မှာတော့ စတိဗ်ဂျော့နဲ့ စတိဗ် ဝေါ့ဇ်နီရက်ခ်တို့က Apple ကို တည်ထောင်ခဲ့တာပါ။

၇။ကျွန်မတို့အားလုံးသိထားတဲ့ 1gb က ၁၀၂၄ mb နဲ့ တူညီပါတယ် ။ ဒါပေမယ့် 1 PB (ပီတာဘိုက်) က ၁၀၂၄ TB (တယ်ရာဘိုက်) နဲ့ ညီတာ သင်သိပါသလား ။ သူ့ရဲ့ သိုလှောင်နိုင်စွမ်းကတော့ HD -T V videoတွေကို ၁၃.၃ နှစ်ထိ သိုလှောင်နိုင်စွမ်းရှိပါတယ်တဲ့။

၈။ ၁၉၉၅ မတိုင်ခင်က အင်တာနက်ပေါ်မှာ ဒိုမိန်း Domain Nameတွေကို အလကား တင်ထားလို့ရမှန်း သဘောမပေါက်ခဲ့ကြပါဘူး ။ အခကြေးငွေနဲ့ စတင်မိတ်ဆက်တဲ့အချိန်မှာတော့ နှစ်နှစ်စာ တင်ခွင့်ကို ဒေါ်လာ ၁၀၀ တောင်းခံခဲ့ပါတယ်။

၉။ data 5 မီဂါဘိုက်က တစ်တန်နဲ့ အလေးချိန်ညီမျှပါတယ်။ ၁၉၅၆ ပထမဆုံးကွန်ပြူတာမှာ ဟက်ဒ်ဒရိုက်ဗ်နဲ့ ဆင်တူတဲ့ အရာတစ်ခုရှိခဲ့ပါတယ်။ အဲဒါဟာ ပေါင် ၂၂၀၀ ကျော်လေးပြီး data 5 မီဂါဘိုက် ဆံ့ပါတယ်။

၁၀။နားထောင်သူ သန်း၅၀ ထိရောက်လာဖို့ ရေဒီယို အတွက် ၃၈ နှစ် အချိန်ယူခဲ့ရပါတယ်။ အဲဒီအချိန်အတွင်း ipod ကတော့ ၃ နှစ်ပဲ အချိန်ယူခဲ့ရပါတယ်တဲ့။

၁၁။ ၁၈၂၆ ပထမဆုံး ဓာတ်ပုံကတော့ ပုံပေါ်လာဖို့ ရှစ်နာရီ အချိန်ယူခဲ့ရပါတယ်။ လူးဝစ် ဒါကူရီက အဲဒီအချိန်ကို ၁၈၃၉ မှာ ၁၅ မိနစ်ထိ လျော့ချနိုင်ခဲ့ပါတယ်။

၁၂။ credit card မှာသုံးတဲ့ ချစ်ပ် ပြားလေးတွေရဲ့ နည်းပညာက ၁၉၈၆ ထဲက ရှိနေခဲ့တာပါ ။ပထမဆုံး ပြင်သစ် နောက်ပိုင်း ဂျာမနီက စတင်သုံးစွဲခဲ့ပါတယ်။

၁၃။ Alexa store က သင့်စကားတွေကို စုဆောင်းထားပြီး သူ့ရဲ့ အတွေ့အကြုံကို မြှင့်တင်ဖို့ သုံးပါတယ်တဲ့ ။ ဒါအထူးအဆန်းမဟုတ်ပါဘူး ။ Siri လဲ အဲဒီလိုပါပဲ ။

၁၄။ ကွန်ပြူတာသုံးတဲ့အချိန် သင်တို့ရဲ့ စာဖတ်နှုန်းက လျော့ကျသွားပါတယ်တဲ့ ။ သာမန်အားဖြင့် စာရွက်ကနေ ဖတ်တာထက် ၁၀ %လောက် နှေးသွားပါတယ်။ ကွန်ပြူတာရှေ့မှာဆို သင့်ရဲ့ မျက်တောင်ခတ်တဲ့ အကြိမ်ရေပါ လျော့ကျသွားတယ်လို့ ဆိုပါတယ်။

၁၅။ တစ်ကမ္ဘာလုံးမှာ ဂျီပီအက်စ် ကို အလကားသုံးနေပေမယ့်လည်း သူ့ကို လည်ပတ်ဖို့ တစ်နေ့ကို ဒေါ်လာ ၂ သန်း ကုန်ကျပါတယ်။ ဒီပိုက်ဆံတွေကတော့ အမေရိကန် အခွန်ငွေကနေ လာတာပါ။

Leave a Reply