ကမ္ဘာကြီးပေါ်မှာ ပထမဆုံးသစ်တောတွေ ဘယ်အချိန်ကစပြီး ပေါ်ပေါက်လာတာလဲ

ကမ္ဘာကြီးပေါ်က အရှည်ဆုံးအပင်တွေဖြစ်တဲ့ ကယ်လီဖိုးနီးယား redwood ကနေ ကမ္ဘာဂြိုလ်ရဲ့ အကြီးဆုံး အပူပိုင်း မိုးသစ်တော ဖြစ်တဲ့ အမေဇုန်ထိ သစ်တောတွေထိ သစ်တောတွေက နေရာမရွေးရှိနေပါတယ် ။ ဒါပေမယ့် မျိုးစိတ်တိုင်း ဒါမှမဟုတ် ဂေဟစနစ်တိုင်း သူတို့မှာ မွေးဖွားလာတဲ့ရက်ရှိပါတယ် ။ တကယ်တော့ အပင်တွေက မြေပေါ်ကို စတင်ရောက်ရှိလာတာ လွန်ခဲ့တဲ့ နှစ်ပေါင်း မီလီယျံ ၄၇၀ တုန်းကပါ ။ သစ်ပင်တွေနဲ့ သစ်တောတွေက နှစ်ပေါင်း သန်း ၃၉၀ နီးပါး ထိ အများကြီး မပေါက်ရောက်ခဲ့သေးပါဘူး ။အဲဒီအချိန်တွင်း အပင်ငယ်လေးတွေက သစ်ပင်ကြီးတွေဖြစ်ဖို့လိုအပ်တဲ့ ရှေ့ပြေးမျိုးရိုးဗီဇတွေအဖြစ် ဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာပါတယ် ။

credit photo

၂၀၁၉ မှာတော့ ဘယ်ရီနဲ့ သူ့အဖွဲ့တွေက ကမ္ဘာ့သက်တမ်းအရင့်ဆုံးတောအုပ်ကို မှတ်တမ်းတင်ခဲ့ပါတယ် ။ နယူးယေ့ာခ် ကိုင်ရို မှာ ဒီတောအုပ်ကို ရှာတွေ့ခဲ့ပြီး အရင်က နှစ်ပေါင်း ၃၈၅ သန်းခန့်သက်တမ်းရှိတယ်လို့ ယူဆရတဲ့ သစ်တောထက်ကို ပိုပြီး စောစော ဖြစ်တည်ခဲ့တယ်လို့ တွေ့ရှိထားပါတယ် ။ ကိုင်ရိုနေရာမှာတော့ ရှေးဟောင်း သစ်ပင်ကြီးတွေရဲ့ အမြစ်ပုံစံရှိပြီး သူတို့ ဘယ်ကနေ အသက်ရှင်ဖြစ်တည်လာလဲဆိုတာ ညွှန်ပြနေပါတယ် ။ အပင်ရုပ်ကြွင်းတွေကိုတော့ မမြင်ရပေမယ့် သူတို့ ဘယ်မှာ ရှိနေလဲဆိုတဲ့ မြေပုံကိုတော့ တွေ့နေရတယ်လို့ လေ့လာသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

credit photo

အဲဒီမြေပုံမှာ Archaeopteris လို့ခေါ်တဲ့ ရှေးဟောင်းအပင် တည်ရှိပေါက်ရောက်ရာနေရာကို ထင်ဟပ်နေပါတယ် ။ ရှေးအကျဆုံး Archaeopteris အပင်ကိုအစောဆုံး တွေ့ရှိမှုက နှစ်ပေါင်း သန်း ၂၀ ကြာပြီးတဲ့နောက်မှာမှ အပင်တွေ ပေါက်ရောက်လာမှုကို ပြသနေပါတယ် ။
ဒီလို အစောပိုင်းတောအုပ်တွေ ပေါ်ထွက်လာမှုက အပင်ပုံစံ ပေါ်ပေါက်လာဖို့ ရှေးပြေးမျိုးရိုးဗီဇတွေ ဆင့်ကဲ ထွက်ပေါ်လာမှုအပေါ် မှီခိုနေပါတယ် ။ တချို့သော ပတ်ဝန်းကျင် ပြောင်းလဲမှုတွေကလည်း သစ်ပင်ရဲ့ အရေးကြီးတဲ့ အရာတစ်ခုကို အနည်းဆုံး ဖန်တီးပေးပါတယ် ။

credit photo

Megaphylls လို့ခေါ်တဲ့ သစ်ရွက်မှာ သွေးကြောခွဲလေးတွေပါတဲ့ အရွက်ကတော့ ဒီနေ့မှာ အတွေ့များပြီး သူတို့ ယခင်က ဖြစ်ပေါ်လာတဲ့ သစ်ရွက်တွေထက် ပိုပြီးကြီးထွားသလို နေရောင်ကိုလည်း ပိုပြီး စုပ်ယူနိုင်ပါတယ်။ သူတို့က လွန်ခဲ့တဲ့ နှစ်ပေါင်း သန်း ၃၉၀ခန့်က စတင်ဖြစ်ပေါ်ခဲ့ပြီး နှစ်ပေါင်း သန်း ၃၀ ကြာပြီးတဲ့နောက် ဒီနိုးဗီးရန်းခေတ်အဆုံးမှာတော့ ပိုပြီး ကျယ်ပြန့်လာခဲ့ပါတယ် ။ အဲဒီလိုကြာမြင့်မှုက ကာဘွန်ဒိုင်အောက်ဆိုဒ် မြင့်မားမှုကြောင့် Megaphyll သစ်ရွက် ကြီးတွေအတွက် ကမ္ဘာကြီး ပူနွေးလာတာကြောင့်ဖြစ်ပါတယ် ။ သူတို့က နေရောင်ခြည်ကို စုပ်ယူပြီး အပူလွန်ကဲလာပါတယ် ။ ဒီနိုးဗီးယန်းခေတ်မှာ ကာဘွန်ဒိုင်အောက်ဆိုဒ် တွေ များနေပေမယ့်လည်း နှစ်ဖက် အကျိုးရှိတဲ့ Megaphyll သစ်ရွက်တွေက – ဖန်လုံအိမ်ဓာတ်ငွေ့ကို လျှော့ချပြီး ကမ္ဘာကြီးကို အေးလာစေပါတယ်။

credit photo

ကြီးမားတဲ့ Megaphyll သစ်ရွက်ကြီးတွေကတော့ အပေါက်များစွာပါဝင်လာပြီး ကာဘွန်ဒိုင်အောက်ဆိုဒ် မြင့်မားစွာ ပါဝင်မှုကို လျှော့ချပေးပါတယ် ။ ဒီလို သစ်ရွက်မျိုးတွေက သစ်တော ရှေ့ဆက်ပြီး ပြောင်းလဲနိုင်ဖို့ တွန်းအားပေးပါတယ်။ကဲ ဒီလောက်ဆိုရင်တော့ သစ်ပင်ငယ်လေးတွေကနေ သစ်ပင်ကြီး တောအုပ်တွေထိ ဖြစ်ပေါ်လာပုံကို အကြမ်းဖျင်းနားလည်သွားမယ်လို့ မျှော်လင့်ရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေ။