ကမ်းခြေမှာ လက်ချင်းတွဲပြီး ချစ်ကြည်နူးနေကြတဲ့ ပင်ကွင်းစုံတွဲ ( ရုပ်သံ )

ကမ်းခြေမှာ လက်ချင်းတွဲပြီး ချစ်ကြည်နူးနေကြတဲ့ ပင်ကွင်းစုံတွဲ ( ရုပ်သံ )

စုံတွဲတွေ ကြင်စဦးမောင်နှံတွေ လက်ချင်းတွဲပြီး ကမ်းခြေမှာ လမ်းလျှောက်နေကြတာမျိုးကို မြင်ရတာ အထူးအဆန်းဖြစ်မယ် မထင်ပါဘူး။ လက်တွဲဖော်ကို ချစ်မြတ်နိုးပြီး အချိန်တိုင်း စက္ကန့်တိုင်းကို ချစ်ရတဲ့သူနဲ့ အတူ ဖြတ်သန်းချင်ကြမှာပါ။

တစ်ဖက်သားအပေါ် ကိုယ့်ရဲ့ ချစ်ခင်မြတ်နိုးမှုကို အကြည့်တွေ လက်ချင်းတွဲတာ ဖက်ထားတာစတဲ့ အမူအရာလေးတွေကနေ တဆင့်ပြသလေ့ရှိပါတယ်။

သူတို့ရဲ့နှလုံးသားကတော့ အချစ်တွေ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေမှာပါမကြာသေးခင်ကမှ ပင်ကွင်းစုံတွဲတစ်တွဲဟာ တစ်ယောက်လက် တစ်ယောက်ဆွဲပြီး တောင်အာဖရိက ကမ်းခြေတစ်ခုမှာ လမ်းလျှောက်နေတဲ့ ဗီဒီယိုဖိုင်ဟောင်းလေးက နာမည်ကြီးသွားခဲ့ပါတယ်။

ဒါဟာ အထီးကျန် FA တို့ကို မနာလိုဖြစ်သွားစေမယ့် ရိုမန့်တစ်ဆန်တဲ့ မြင်ကွင်းလေးပါပဲ။ တချို့လူတွေကတော့ ဘာကြောင့် ရေနေသတ္တဝါတွေတောင် ချစ်သူရှိပြီး သူတို့က ဘာကြောင့် မရှိရတာလဲလို့ ရယ်စရာ မှတ်ချက်တွေ ပေးခဲ့ပါသေးတယ်။

သူတို့နှစ်ဦးဟာ လက်ချင်းတွဲပြီး သွားနေခဲ့ပါတယ် ။တစ်ကောင်နဲ့ တစ်ကောင် ခဏလောက် ရပ်ပြီး အချင်းချင်း စိုက်ကြည့်နေကြပါသေးတယ်တဲ့။ အချိန်နာရီတွေက အဲဒီမှာ ခေတ္တရပ်တန့်သွားပုံပါပဲ။

သဘာဝကြီးနဲ့ တိရိစ္ဆာန်လေးတွေ ပါနေတဲ့ ဒီမြင်ကွင်းဟာ ကျွန်မတို့ရဲ့ အကြမ်းတမ်းဆုံး နှလုံးသား အစိတ်အပိုင်းကိုတောင် ပျော့ပျောင်းသွားစေခဲ့ပါတယ်။

ကြည့်ရတာတော့ ပျော်ရွှင်မှုဆိုတာ ရိုးရှင်းပါတယ်။ဒီလှပလှတဲ့ အချိန်ခဏလေးကို နော်မာ လန်ဒါရို ရာမီရက်ဇ်က သူမအမျိုးသားနဲ့ ဟန်းနီမွန်းထွက်ရင်း ရိုက်ကူးခဲ့တာပါ ။

ပင်ကွင်းစုံတွဲရဲ့ ချစ်ဖို့ကောင်းတဲ့ အပြုအမူလေးတွေက သူတို့ကို အံ့ဩမှင်သက်သွားစေပါတယ်။ ကြင်စဦး ဇနီးမောင်နှံကတော့ သူတို့လဲ ပင်ကွင်းလေးတွေလို ဘဝကို ငြိမ်းချမ်းစွာ ဖြတ်သန်းရဖို့ မျှော်လင့်မိပါတယ်တဲ့။

“ကျွန်မအမျိုးသားနဲ့ ကျွန်မ ကြင်စဦး ဇနီးမောင်နှံဖြစ်ခါစက ပင်ကွင်းတွေကို ကြည့်ချင်ခဲ့တာ ။ သူတို့က တစ်သက်မှာ လက်တွဲဖော်တစ်ယောက်ကိုပဲ ဘဝအတွက် ရွေးချယ်တယ်လို့ ကြားဖူးလို့လေ ။ ဒါကြောင့် ဒါဟာ ကျွန်မတို့နဲ့ ကွက်တိပဲ ” လို့ နော်မာကပြောခဲ့ပါတယ်။

အားလုံးလဲသိကြမှာပါ ပင်ကွင်း​လေးတွေဟာ အင်မတန်မှ သစ္စာရှိတဲ့ ငှက်လေးတွေပါ အဖိုနဲ့ အမကြားက သံယောဇဉ်ကလည်း အရမ်းကို ကြီးမားလှပါတယ် ။ ပင်ကွင်းထဲမှာမှ သစ္စာအရှိဆုံးနဲ့ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးတဲ့ မျိုးစိပ်ဖြစ်တဲ့ Gentoos ဟာ နှစ်စဉ် မိတ်လိုက်တဲ့ ရာသီရောက်တိုင်း ၉၀%လောက်ထိကို လက်တွဲဖော် ပင်ကွင်းတစ်ကောင်ထဲနဲ့ပဲ မိတ်လိုက်တတ်ကြပါတယ်။

စိတ်ဝင်စားဖို့အကောင်းဆုံး အရာကတော့ ပင်ကွင်းတွေဟာ ဆောင်းရာသီကုန်ဆုံးပြီးချိန်ရောက်ရင် ခွဲထွက်သွားတတ်ကြပါတယ်။ သူတို့ရဲ့အချစ်ကိုရှာဖွေဖို့ တစ်နှစ်ကို မိုင်ပေါင်း ၁၀၀၀၀လောက်ကို သွားနိုင်ကြတယ့်သဘောပါ။ အချစ်ကိုရှာတွေ့ပြီးရင်တော့ အတူတူ အသိုက်ဆီကို ပြန်လာကြပြီး ပင်ကွင်း ပေါက်လေးတွေ မွေးဖွားကြပါတယ်။

Video ဖိုင်ကြည့်ရန်

Be the first to comment

Leave a Reply

Your email address will not be published.


*