ဂြိုလ်သိမ်ဂြိုလ်မွှားဆိုတာဘာလဲ

ဂြိုလ်သိမ်ဂြိုလ်မွှားဆိုတာဘာလဲ

 

ဂြိုလ်သိမ်ဂြိုလ်မွှားဆိုတာ နေကိုလှည့်ပတ်နေတဲ့ အစိုင်အခဲကျောက်တုံး အပိုင်းအစတွေပါပဲ။ တစ်ခါတစ်လေတော့ ဂြိုလ်ငယ်လေးအဖြစ် ဖော်ပြတတ်ကြပါတယ်။ လှည့်ပတ်နေတဲ့ အရာဝတ္ထု ကြီးလာရင်တာ့ သူ့ကို ဂြိုလ်သိမ် အဖြစ် ခေါ်တတ်ကြတယ်။ သူတို့က မူလအားဖြင့် နေအဖွဲ့အစည်း စနစ် အတွင်းထဲက ကျောက်စိုင်ကမ္ဘာကြီးကို ဖွဲ့စည်းထားတဲ့ တူညီသော အရာဝတ္ထုကနေ ဖြစ်ပေါ်လာပေမယ့်လို့ သူတို့ကို ကွဲပြားခြားနားတဲ့ အမျိုးအစားသုံးခုအဖြစ် ခွဲခြားထားပါတယ်။

၁။ စီ အမျိုးအစား (C-type) သို့မဟုတ် ကာဘွန် ကွန်ဒရိုက် ဂြိုလ်သိမ်ဂြိုလ်မွှား

credit photo

စီ အမျိုးအစား (C-type) သို့မဟုတ် ကာဘွန် ကွန်ဒရိုက် ဂြိုလ်သိမ်ဂြိုလ်မွှားတွေကို အများအားဖြင့် ဆီလီကာ ဒြပ်ပေါင်းတွေ ရွှံ့တွေနဲ့ ပြုလုပ်လေ့ရှိပါတယ်။ ဒီ ရှေးဟောင်း အကျိုးအပဲ့ အစအနတွေက ညိုတိုတို အရောင်ရှိပြီး အမျိုးအစား သုံးခုထဲမှာ တွေ့ရများပါတယ်။

၂။ အက်စ် အမျိုးအစား (S- type) သို့မဟုတ် ကျောက်စိုင် ဂြိုလ်သိမ်ဂြိုလ်မွှား

credit photo

အက်စ် အမျိုးအစား (S- type) သို့မဟုတ် ကျောက်စိုင် ဂြိုလ်သိမ်ဂြိုလ်မွှား တွေမှာတော့ ဆီလီကာဒြပ်ပေါင်းအပြင် နီကယ်နဲ့ အိုင်းရွန်းပါဝင်ပါတယ် ။ ဂြိုလ်သိမ်ဂြိုလ်မွှားအားလုံးရဲ့ ငါးပုံတစ်ပုံနီးပါး ဒီအမျိုးအစားထဲ ပါဝင်ပါတယ်။

၃။ အမ် အမျိုးအစား (M- type) သို့မဟုတ် သတ္ထုပါဝင်သော ဂြိုလ်သိမ်ဂြိုလ်မွှား

credit photo

အမ် အမျိုးအစား (M- type) သို့မဟုတ် သတ္ထုပါဝင်သော ဂြိုလ်သိမ်ဂြိုလ်မွှား အများစုကတော့ နီကယ် အိုင်းရွန်းနဲ့ လုပ်ထားတာပါ ။ သူတို့ဖြစ်ပေါ်လာတဲ့ နေရာပေါ်မူတည်ပြီး အတွင်းထဲက တောက်ပတဲ့ ပုံစံတွေ နေရဲ့ အပူချိန်ကြောင့် ပုံစံမျိုးစုံနဲ့ အရည်ပျော်နေကြပါတယ်။

ရှားရှားပါးပါး ဖြစ်ရပ်တွေမှာဆို ဂြိုလ်ငယ်လေးတွေက ကမ္ဘာသစ်ကြီးအဖြစ် ကြီးထွားလာဖို့ အခွင့်အရေး မရခင် တစ်စစီ ပေါက်ကွဲသွားတတ်ကြပါတယ်။ ကျွန်မတို့ သိထားတဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားတွေက အကွာအဝေးတစ်ခု ဒါမှမဟုတ် ကမ္ဘာပေါ်ကို ကျရောက်လာတဲ့အစိတ်အပိုင်းတွေကနေ လေ့လာထားတာပါ။ ဒါတွေအားလုံးက သူတို့ကို အနီးကပ်လေ့လာပြီး ပုံတွေ ထောက်ပံ့ပေးနိုင်တဲ့ မစ်ရှင်တွေမှာ အားလုံးပြောင်းလဲနေပါတယ်။

ဂြိုလ်သိမ်ဂြိုလ်မွှားတွေကို ဘယ်နေရာမှာတွေ့ရမလဲ

credit photo

အများစုကိုတော့ မားစ်နဲ့ ဂျူပီတာ ရဲ့ ဂြိုလ်သိမ်ဂြိုလ်မွှား ခါးပတ်လမ်းကြောင်းမှာ တွေ့နိုင်ပါတယ်။ ကျွန်မတို့ နေအဖွဲ့အစည်းတစ်ခုထဲမှာတင် ဂြိုလ်သိမ်ဂြိုလ်မွှားပေါင်း သန်း ၁၅၀ ကျော် ပါဝင်နေဖို့ ဖြစ်နိုင်တဲ့အလားအလာရှိပါတယ်။အဲဒါက ထောင့်ဖြတ်အတိုင်းကို မီတာ ၁၀၀ ကျော်တာတွေပဲ ထည့်တွက်ထားတာပါ ။

တရားဝင်အားဖြင့် သေးငယ်တဲ့ အပိုင်းအစလေးတွေကို ထည့်တွက်တာ ရှားပါတယ် ။ သူတို့ထဲက အတောက်ပဆုံးဖြစ်တဲ့ ဗက်စ်တာက ၅၂၅ ကီလိုမီတာ ၃၂၆မိုင်ကျယ်ပြီး နေကနေ ကမ္ဘာကြီးရဲ့ ပတ်လမ်းကြောင်းအကွာအဝေးနှစ်ဆ ထက်ပိုပြီး လှည့်ပတ်နေပါတယ်။ပိုပြီးသေးငယ်တဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားလေးတွေကို မက်တီရွိုက်ဒ်လို့ ခေါ်ပါတယ် ။

ကျွန်မတို့ ဂြိုလ်ရဲ့ အိမ်နီးချင်းအဖြစ် လှည့်ပတ်နေတဲ့ ဒီအရာတွေကို ကမ္ဘာနားက ဂြိုလ်သိမ်ဂြိုလ်မွှားတွေလို့ခေါ်ပါတယ်။ ၁၀၀၀၀ ကျော်ထဲကမှ ၁၄၀၀ ကျော်က အန္တရာယ်ပြုနိုင်ချေရှိတယ်လို့ ခွဲခြားထားပါတယ်။ သူတို့ပတ်လမ်းကြောင်းနဲ့ အရွယ်အစားတွေက ကျွန်မတို့ လုံခြုံရေးကို ခြိမ်းခြောက်မှု ဖြစ်စေလို့ပါတဲ့ ။

ဂြိုလ်သိမ်ဂြိုလ်မွှားနဲ့ ကြယ်တံခွန်ကြား ခြားနားမှုက ဘာဖြစ်မလဲ

credit photo

နှစ်ခုလုံးက သေးငယ်ပြီး လှည့်ပတ်နေကြတဲ့ အပိုင်းအစတွေဖြစ်ပေမယ့် သူတို့လာတဲ့နေရာ ဖြစ်တည်ပုံပေါ်မူတည်ပြီး ကွဲပြားပါတယ်။ အဲဒါကတော့ Centaurs လို့ခေါ်တဲ့ ကြယ်တံခွန်နဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားကြားခွထိုင်နေတဲ့ အရာပါပဲ။ ကျောက်တုံးနဲ့ ရေခဲတွေ ပါဝင်ပြီး တစ်ခါတစ်လေ ဓာတ်ငွေ့ ပေါက်ကွဲမှုတွေကိုပြသတတ်ပါတယ်။

သူတို့ကို ဒီနေ့ ဂျူပီတာနဲ့ စေတန်ကို လှည့်ပတ်နေတဲ့ကြားမှာ တွေ့နိုင်ပါတယ် ။ ဒီလို မျိုးစပ်တွေကရှားပေမယ့် ဒါက အာကာသထဲက အရာတွေကို သေသပ်လှတဲ့ သေတ္တာတွေအဖြစ် ဘယ်လိုတောင် ခွဲခြားထားလဲဆိုတာ ပြသထားပါတယ်။