
နာမည်ကြီး အချိန်ခရီးသွားခဲ့ကြတဲ့သူ (၁၀) ဦး
အချိန်ခရီးသွားတယ်ဆိုတာ မဖြေရှင်းရသေးတဲ့ ထူးခြားဆန်းကြယ်တဲ့ ပုစ္ဆာတစ်ပုဒ်ပါ ။ သိပ္ပံ၀တ္ထုတွေထဲမှာတော့ အများဆုံးဆွေးနွေးကြတဲ့ ခေါင်းစဉ်ထဲကတစ်ခုဖြစ်ပြီး ရုပ်ရှင်တွေ ဇာတ်လမ်းတွေထဲမှာလည်း ထည့်သွင်းရိုက်ကူးကြတာ နှစ်နဲ့ချီလာပါပြီ ။အဲဒါတွေအပြင် တချို့ အချိန်ခရီးသွားတယ်လို့ ဆိုနိုင်တယ့် သူတွေရဲ့ ပုံတွေကိုလည်း အချိန်နဲ့အမျှ ဖော်ထုတ်ပြသနေခဲ့ကြပါတယ် ။ဒါကြောင့် ပရိသတ်ကြီးတို့ရော …. တစ်ယောက်ယောက်ကများ သူအတိတ် သို့မဟုတ် အနာဂတ်ကို သွားခဲ့တယ်လို့ ပြောရင် ယုံကြမှာလား။
သင်က သိပ္ပံ၀တ္ထုတွေကို သဘောကျပြီး အချိန်ခရီးသွားဖို့ကို စိတ်အားထက်သန်သူဖြစ်မယ်ဆိုရင်တော့ ယုံနိုင်ချေရှိပေမယ့် သာမန်လူတွေကတော့ ဒါဟာ မဖြစ်နိုင်ဘူးလို့ပဲ ယူဆမှာပါ ။ဘယ်လိုပဲဖြစ်ပါစေ ယနေ့ထိတော့ အချိန်ခရီးသွားခြင်းကို ယုံခြင်း မယုံခြင်းက အငြင်းပွားဖွယ် ကိစ္စတစ်ရပ်ဖြစ်နေဆဲပါ။အခုဆောင်းပါးလေးမှာတော့ အချိန်ခရီးသွားခဲ့တဲ့ ပုံတွေဆိုပြီးရေပန်းစားနေတဲ့ အချိန်ခရီးသွားသူတို့ရဲ့ ပုံ ၁၀ ပုံကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
၁။ဂရိတာ သန်းဘတ် – ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားသူ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀ (၁၈၉၈ ခုနှစ်) ဓာတ်ပုံထဲက ရွှေတွင်းတူးသမလေး ကတော့ ဂရိတာ သန်းဘတ်နဲ့ တူနေပါတယ်။ သူဟာအချိန်ခရီးသွားသူတစ်ယောက် ဖြစ်လဲဖြစ်နိုင်သလို မဖြစ်လဲမဖြစ်နိုင်ဘူးဆိုတဲ့ အတင်းတွေ ပေါ်ထွက်လာပါတော့တယ်။
၂။မော်ဒန် ဟစ်ပ်စတား

အားလုံးက ဦးထုပ်တွေ အနောက်တိုင်းဝတ်စုံတွေနဲ့ ဝတ်စားထားတဲ့ ကြားထဲမှာ နေကာမျက်မှန်ကို တပ်ပြီး ခေတ်ဆန်တဲ့ အဝတ်အစားတွေဖြစ်တဲ့ တီရှပ်နဲ့ ဆွယ်တာကို ဝတ်ထားတဲ့သူကတော့ ထူးခြားနေပြီး အချိန်ခရီးသွားတဲ့သူတစ်ယောက်ပုံပေါ်နေပါတယ်။
၃။ ၁၉၆၂ ကမ္ဘာ့ဖလား

၁၉၆၂ ကမ္ဘာ့ဖလားပွဲမှာ လူတစ်ယောက်က ဆဲလ်ဖုန်းနဲ့ဓာတ်ပုံရိုက်နေတာကို ရိုက်ကူးခဲ့မိတာပါ ၁၉၆၂ ခုနှစ်မှာ မိုဘိုင်းဖုန်း ပေါ်နေပြီလားဆိုတာတော့ စဉ်းစားစရာပါပဲ။
၄။ လာပြန်ပြီ နောက်ဖုန်းတစ်လုံး

ရှေးခေတ်ဓာတ်ပုံတွေထဲမှာမှ လူတစ်ယောက် ဖုန်းကိုင်ပြီး စကားပြောနေတဲ့ပုံကို ရိုက်ကူးမိထားတာပါ ။တကယ်ပဲ အဲဒီခေတ်က ဖုန်းတွေ သုံးနေကြပြီလား ဒါမှမဟုတ် အချိန်ခရီးသွားတာလားဆိုတာကတော့ ။
၅။ ၂၂၅၆ခုနှစ်က လာတယ်ဆိုပြီးပြောခဲ့တဲ့ အချိန်ခရီးသွားတဲ့သူ အန်ဒရူး ကားလ်စ်စင်ကို ထောင်ချလိုက်ရာမှ ခြေရာလက်ရာတောင်မကျန်ဘဲ ထောင်ထဲကနေ ပျောက်ကွယ်သွားမှု

၆။ ချာလီ ချပ်ပလင်ရုပ်ရှင်နောက်က ရိုက်ကွင်းတွေထဲမှာ ပါလာတဲ့ ဖုန်းတစ်လုံးနဲ့အမျိုးသမီး

၇။ အာကာသ ခရီးသွားခြင်းကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကမှ မိတ်ဆက်ခဲ့ပေမယ့် ၁၆၀၀- ၁၈၀၀ ခုနှစ်က တည်ဆောက်ထားတဲ့ အဆောက်အဦးမှာ အာကာသယာဉ်မှူးရဲ့ ရုပ်တုပါနေတာတော့ ထူးခြားလှပါတယ်

၈။အချိန်ခရီးသွားကာ အနာဂတ်က သူကိုယ်တိုင်နဲ့ တက်တူးဆင်တူထိုးထားတဲ့လက်ကို နှိုင်းယှဉ်ရိုက်ကူးခဲ့တဲ့ ဆွိဒင်က လူတစ်ဦး

၉။၁၉၉၇ ခုနှစ် အချိန်ခရီးသွားခြင်း ကြော်ငြာစာ

၁၀။ ဂျွန် တိုင်တာရဲ့ အချိန်ခရီးသွားစက် ပုံများ – နာမည်ကြီး အချိန်ခရီးသွားတစ်ယောက်လို့ ဆိုကြပေမယ့် သူ့ရဲ့ ခန့်မှန်းချက်တွေက အချိန်ခရီးသွားခြင်းကို ရှင်းပြဖို့အတွက် တော်တော်လေးတော့ အသေးစိတ်ကျပါတယ်။

Leave a Reply