ရှေးခေတ်မာယာပိရမစ်ကြီးတွေထဲက လျှို့ဝှက်ချက်များ

ရှေးခေတ်မာယာပိရမစ်ကြီးတွေထဲက လျှို့ဝှက်ချက်များ

ရှေးခေတ်မာယာ တိုင်းပြည်ဟာ မီဆိုအမေရိက တစ်လျှောက် ပိရမစ်ပေါင်းရာချီကို ဘီစီ ၁၀၀၀ ကနေ အေဒီ ၁၅၀၀ ထိ တည်ဆောက်ထားခဲ့ပါတယ် ။ဒါပေမယ့် အဲဒီပိရမစ်ထဲမှာ သူတို့ဘာတွေများထည့်သွင်းတည်ဆောက်ခဲ့ကြလဲ?ရှေးခေတ် အီဂျစ် ပိရမစ်တွေလိုပဲ မာယာရဲ့ ပိရမစ်တွေထဲမှာရော ရတနာတွေ ဂူသွင်းမြှုပ်နှံမှုတွေ ရှိနေတာလား?

credit photo

တစ်ခုထူးခြားတာကတော့ သူတို့က ပိရမစ် အသေးလေးပေါ်က အကြီးကြီးကို ထပ်ထပ်ပြီး အဆင့်ဆင့် တည်ဆောက်တတ်တာပါ။
ဥပမာ – ယုကာတန် ကျွန်းဆွယ်ထဲက ချီချန် အစ်ဇာမှာ ရှိတဲ့ အယ်လ် ကတ်စတီလိုမျိုးပေါ့။သူတို့က အသစ်တည်ဆောက်မယ်ဆိုရင် အဟောင်းကို ဖြိုဖျက်လေ့မရှိဘဲ အပေါ်ကနေ ငုံပြီး ပိုကြီးမားတဲ့ ပိရမစ်ကို တည်ဆောက်ခဲ့ကြတာပါ။

ဒါမျိုးက အယ်လ် ကတ်စတီ ပိရမစ်တစ်ခုထဲမှာပဲ ထူးခြားနေတာမဟုတ်ပါဘူး ။ တခြား မာယာ ပိရမစ်ရော မာယာကမဟုတ်တဲ့ ပိရမစ်တွေမှာပါ ဒီလို ဖွဲ့စည်းပုံမျိုးရှိနေတတ်ပါတယ်။

credit photo

သုတေသနပညာရှင် အတ်စ်ပီနိုကတော့ ခုလို တည်ဆောက်မှုက စပိန်လူမျိုးတွေ မရောက်ခင်အချိန်က ပုံစံမျိုးဖြစ်တယ်လို့ ဆိုပါတယ်။
မာယာက တချို့ ဘုရားကျောင်းတွေကို ပူဇော်ပွဲတွေအတွက် သုံးပြီး တခြားအရာတွေကိုတော့ လူဂုဏ်ထံတွေ ဘုရင်တွေ အတွက် ဂူဗိမာန်အဖြစ် အသုံးပြုကြပါတယ်။

သေသူအတွက် ကျောက်စိမ်းမျက်နှာဖုံးတွေ ကျောက်စိမ်းပုတီးတွေ မီးတောင်ထွက်ကျောက်ကနေ လုပ်ထားတဲ့ ဓားတွေ ငါးလိပ်ကျောက်ရဲ့ ဆူးချွန်တွေ ပါဝင်ကြပါတယ်။ဒါတွေက ရှေးခေတ်မာယာမှာ ကိုယ့်ကိုကိုယ်စတေးခံမှုရဲ့ သင်္ကေတတွေပါ ။

credit photo

မာယာပိရမစ်တွေမှာ တခြား မှတ်သားရလောက်တဲ့ အနုပညာဗိသုကာလက်ရာတွေ အများကြီးပါဝင်နေပါသေးတယ် ။မြောက်ပိုင်း ဂွာတီမာလာ စန်ဘာတိုလိုအရပ်က ပိရမစ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂၀၀ ကျော်က မာယာရဲ့ အစောဆုံး ပြက္ခဒိန်လို့ထင်ရတဲ့ အစိတ်အပိုင်းတစ်ခုကို ပါဝင်နေတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

credit photo

ဟွန်ဒူရတ်စ်ထဲက ကိုပန်ရဲ့ ပိရမစ်မှာတော့ မာယာ အရုပ်စာပေါင်း ၂၀၀၀ ကျော်ကို သူ့ရဲ့လှေခါးမှာ ရေးထိုးထားပါတယ်။ အရုပ်စာတွေက ကိုပန်အုပ်ချုပ်သူတွေရဲ့ သမိုင်းကို ဖော်ပြနေပါတယ်။