ဖတ်ကြည့်မိလိုက်တာနဲ့ ဝမ်းနည်းသွားစေမယ့် တိရိစ္ဆာန်လေးတွေရဲ့ အမှန်တရားများ

တစ်ခါတစ်လေ တိစ္ဆာန်လေးတွေအများစုဟာ သဘာ၀ထဲမှာ အေးအေးဆေးဆေး ကျက်စားကာ လှည့်လည်သွားလာနေကြပြီး သူတို့ရဲ့ ကြင်ဖော်ကြင်ဖက်လေးတွေနဲ့အတူ နေရောင်ခြည်အောက်မှာ အစာရှာဖွေစားသောက်ရင်း အချိန်ဖြုန်းကြတယ်လို့ ကျွန်မတို့ ယူဆတတ်ကြပါတယ်။ စာဖတ်သူပရိတ်သတ်ကြီးအနေနဲ့ရော ဒီလို အမွေးထူထူ ခြေထောက်တွေအများကြီးရှိတဲ့ သတ္တဝါလေးတွေကို မနာလိုဖြစ်မိတဲ့အချိန် ရှိပါသလား။

သင့်အနေနဲ့ ဝမ်းနည်းစရာ တိရိစ္ဆာန်လေးတွေရဲ့ အမှန်တရားကို ရေးသားထားတဲ့ ဆောင်းပါးလေးကို ဖတ်ပြီးရင် သူတို့ဘဝလေးတွေကို သနားညှာတာမိသွားမှာအမှန်ပါဘဲ။သင်ဟာ ဘယ်သတ္တဝါမျိုးစိတ်ဖြစ်နေပါစေ ဘဝကြီးက အမြဲတမ်း ပန်းတွေပဲပွင့်မနေဘူးဆိုတာကိုသဘောပေါက်စေဖို့ အခုတစ်ခေါက် ဆောင်းပါးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

၁။ ပုံသွင်းမခံရခင်အချိန်တုန်းက Pitbull ခွေးအမျိုးအစားက ကလေးထိန်းခွေးလေးတွေပါတဲ့။

Photo: bogdankosanovic / Getty Images

Pitbull ခွေးမျိုးစိတ်က ဉာဏ်အရမ်းကောင်းသလို သခင်ကို ကာကွယ်ပေးတတ်ပြီး မြတ်နိုးတွယ်တာတတ်ကြပါတယ်။ ကံဆိုးစွာနဲ့ မကြာသေးခင်ကမှ သူတို့ကို ပုံစံသွင်းလိုက်တဲအတွက် သေချာဂရုစိုက် လေ့ကျင့်ပေးလိုက်ရင် အရမ်းချစ်တတ်ပြီး နူးညံ့ညင်သာတဲ့ခွေးလေးတွေဖြစ်လာမယ့် မျိုးစိတ်က ပတ်ဝန်းကျင် ကြောက်ရွံ့ရတဲ့ ခွေးမျိုးစိတ်တစ်ခု ဖြစ်လာပါတော့တယ်။

၂။မြင်းကျားတွေက တစ်ကောင်တည်း မအိပ်တတ်ပါ။

Photo: Paul Maritz / Wikimedia Commons / CC BY-SA 3.0

အုပ်စုလိုက်အိပ်တတ်ပြီး အထီးတွေက အုပ်စုထဲက အမတွေကို တခြား အုပ်စုက မြင်းကျားအထီးတွေ လူပျိုလာမလှည့်အောင် ကာကွယ်ပေးတတ်ကြပါတယ်။

၃။လပြည့်မဟုတ်ဘဲ ဝံပုလွေတွေကို အူစေတယ့် အရာ

Photo: Pixel-mixer / Pixabay / Free for commercial use

ဝံပုလွေတွေက အစဉ်သဖြင့်တော့ သူတို့ပိုင်နက်ကို ကျူးကျော်လာတဲ့ တခြားဝံပုလွေတွေကို မောင်းထုတ်ဖို့ ဆွဲဆွဲငင်ငင် အူလေ့ရှိပေမယ့်လည်း သိပ္ပံပညာရှင်တွေကတော့ တချို့အူသံတွေဟာ တခြားနူးညံ့တဲ့ ဘက်ခြမ်းကဖြစ်နေကြောင်း ဖော်ထုတ်ခဲ့ပါတယ်။ လေ့လာမှုတွေအရကတော့ ဝံပုလွေတွေဟာ သူတို့အုပ်စုထဲက အဖွဲ့ဝင်တစ်ယောက် ပျောက်ဆုံးတာကို ရှာဖို့ အူတတ်ကြပါတယ်တဲ့။ သူတို့နဲ့ ရင်းနှီးတဲ့သူ ဖြစ်လေလေ အူသံက ပိုပိုပြီး ကျယ်လောင်လေပါပဲ။

၄။ ရေဘဝဲအများစုက တစ်ကိုယ်တည်းသမားတွေဖြစ်ပြီး သူတို့ကလေးတွေကိုလည်း အများကြီး သင်ကြားပြသပေးနိုင်ခြင်း မရှိပါဘူး။

Photo: albert kok / Wikimedia Commons / CC BY-SA 3.0

၅။ ငှက်တွေက အစာကိုမျိုချဖို့ ကမ္ဘာမြေဆွဲငင်အားလိုအပ်ပါတယ် ။ အာကာသထဲမှာတော့ သူတို့ အစာအစားနိုင်မှာမဟုတ်ပါဘူး။

Photo: Joe Raedle / Getty Images

၆။သစ်ကုလားအုတ်တွေက တစ်နေ့မှာ မိနစ် ၂၀-၃၀ပဲ အိပ်ပါတယ်။

Photo: Miroslav Duchacek / Wikimedia Commons / CC BY-SA 3.0

၇။ဖျံတွေရဲ့သွားတွေက ဆက်တိုက်ကြီးထွားနေတာကြောင့် သူတို့ အနေနဲ့ တစ်ချိန်လုံးဝါးနေတာကို ရပ်လို့ မဖြစ်ပါဘူး။

Photo: TeeFarm / Pixabay / Pixabay License

၈။ကြွက်လေးတွေက သူတို့မျိုးနွယ်တူ တခြားကြွက်လေးတွေ ဝမ်းနည်းနေတာကို အာရုံခံနိုင်ပါတယ်။

Photo: Colby Gutierrez-Kraybill / Flickr / CC BY 2.0

၉။သုံးနှစ်သား ကလေးငယ်ထက် ဉာဏ်ပိုကောင်းတဲ့ ဝက်လေးတွေ။

Photo: Alvesgaspar / Wikimedia Commons / CC BY-SA 4.0

၁၀။ အမေရိကန်သားပိုက်ကောင်(အငယ်စား)မေမေက သူ့ရဲ့ ကလေးတွေကို ကျောပေါ်မှာ သုံးလလောက်ထိကို သယ်ဆောင်ထားပါတယ်တဲ့။

Photo: Frank Lukasseck / Getty Images

၁၁။ ကျီးကန်းတစ်ကောင်ကို သင်ခြိမ်းခြောက်လိုက်ပြီဆိုတာနဲ့ သူက ဘယ်တော့မှ သင့်မျက်နှာကို မမေ့တော့ပါဘူး ။ အခွင့်အရေးရတာနဲ့ သူ့အပေါင်းအဖော်တွေကို စုပြီးသင့်ကို တိုက်ခိုက်မှာပါ။

Photo: Ian Kirk / Wikimedia Commons / CC BY 2.0

၁၂။ရေမြင်းအုပ်စုကို CRASH လို့ခေါ်ပြီး သဘာဝအရ ဖျက်ဆီးတတ်ပါတယ်။

Photo: Paul Maritz / Wikimedia Commons / CC BY-SA 3.0

၁၃။ဝက်ဝံတွေက ၁၈မိုင်အကွာအဝေးက အနံ့ကိုတောင် အနံ့ခံနိုင်ပါတယ်တဲ့။

Photo: Jean-Pierre Lavoie / Wikimedia Commons / CC BY-SA 3.0

၁၄။ဆိတ်တွေဟာ ၃၆၀ ဒီဂရီ မြင်နိုင်ပါတယ်။

Photo: Martin Cathrae / Flickr / CC BY-SA 2.0

၁၅။ဆင်တွေက မခုန်နိုင်ပါဘူး။

Photo: Gorgo / Wikimedia Commons / Public Domain

၁၆။အနီရောင် ပန်ဒါတွေက ပန်ဒါကြီးတွေ ရှဉ့်တွေ ပင်လယ်ဖျံတွေနဲ့ ဆက်စပ်နေပါတယ်။

Photo: Mathias Appel / Wikimedia Commons / CC0 1.0

၁၇။ပျားတွေသာ လုပ်အားခကို အနည်းဆုံးတောင်းမယ်ဆိုရင် ပျားရည်တစ်ပုလင်းကို ဒေါ်လာ ၁၈၂ကျပ် ကျသင့်မှာပါ။

Photo: Bob Peterson / Wikimedia Commons / CC BY-SA 2.0

၁၈။Roadrunner လို့ခေါ်တဲ့ ငှက်လေးတွေက မျက်လုံးထဲက ဆားကို ဖယ်ရှားဖို့ ငိုလေ့ရှိပါတယ်။

Photo: Jessie Eastland / Wikimedia Commons / CC BY-SA 4.0

၁၉။မိကျောင်းရဲ့ ဦးနှောက်အလေးချိန်က အော်ရီယိုကွတ်ကီး ငါးခုစာနဲ့ညီမျှပါတယ်။

Photo: Clément Bardot / Wikimedia Commons / CC BY-SA 4.0

၂၀။ရေခူတွေမှာ နှလုံးသားမရှိသလို အရိုးလဲမရှိပါဘူး ။ သူတို့ခန္ဓာကိုယ်ရဲ့ ၉၅ ရာခိုင်နှုန်းကို ရေနဲ့ ဖွဲ့စည်းထားတာပါ။

Photo: Travis Wise / Flickr / CC BY 2.0