(၇)ရက်အချိန်ယူပြီး ဆက်ခဲ့ရတဲ့ ဒိုရေမွန်အရုပ်ကို ဖျက်ဆီးပစ်ခဲ့တဲ့ကြောင်လေး

ပရိသတ်ကြီးတို့ရေ …. ကြောင်လေးတွေကို ချစ်ကြတယ်မလား။ ကြောင်လေးတွေက အရမ်းကို ချစ်ဖို့ကောင်းပြီး အပျင်းပြေအောင်လည်း နေပေးတတ်ကြပါတယ်။ သို့ပေမယ့်လည်း ကျွန်မတို့ရဲ့ ခြေလေးချောင်းသတ္တဝါ မြောင်လေးတွေက ဟူးမန်းတို့ကို မချိတင်ကဲ ဝေဒနာတွေပေးနိုင်သလို သူတို့ရဲ့ နှောင့်ယှက်တတ်တဲ့ အပြုအမူလေးတွေကြောင့် တခါတလေ နာကျင်ရတတ်ပါတယ်။

မကြာသေးခင်ကမှ ထိုင်းအရုပ်ဆိုင်ပိုင်ရှင်တစ်ဦးက Facebook ပေါ်မှာ အကြောင်းအရာလေးတစ်ခု မျှဝေခဲ့ပါတယ်။ အဲဒီအကြောင်းအရာလေးကကတော့ သိပ်ကို ရယ်စရာလဲ ကောင်းပြီး စိတ်ရှုပ်ဖို့လဲ ကောင်းလှပါတယ်။

အဖြစ်လေးကတော့ ဒီလိုပါတဲ့ ပရိသတ်ကြီးရေ …တစ်ပတ်လောက် အချိန်ယူပြီး အစိတ်အပိုင်းပေါင်း ၂၄၃၂ ခုနဲ့ အရုပ်ဆိုင်ပိုင်ရှင်ကိုယ်တိုင် စိတ်ရှည်ရှည်နဲ့ ဝယ်သူအတွက် တည်ဆောက်ပေးထားတဲ့ ဒိုရေမွန် အရုပ်လေးကို သူ့ရဲ့ ကြောင်လေးက ဖျက်ဆီးပစ်ခဲ့တာပဲ ဖြစ်ပါတယ်။

ဒိုရေမွန်အရုပ်လေးကို နှစ်သစ်ကူးမတိုင်ခင် ဝယ်သူကိုပေးရမှာမို့လို့ သူ့ခမျာလည်း အတော်လေး အကျပ်ရိုက်ခဲ့ပုံပါပဲ။ ဒီအဖြစ်အပျက်လေးဟာ ဆိုရှယ်မီဒီယာပေါ်မှာ နာမည်ကျော်သွားပြီး အားလုံးရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားသွားခဲ့ပါတယ်။

ပိုင်ရှင်ကတော့ အကျပ်ရိုက်နေခဲ့ပေမယ့် မြောင့်ကို ကြည့်ရတာတော့ တစ်စက်လေးမှတောင် နောင်တရတဲ့ပုံမပေါ်ပါဘူး။ ကဲ ဟူးမန်းနဲ့ မြောင်တို့ရဲ့ ငိုရခက် ရယ်ရခက် ပုံလေးတွေကို ကြည့်လိုက်ကြရအောင်နော်

Be the first to comment

Leave a Reply

Your email address will not be published.


*