
လူနာများကို ဖော်ရွေသော မျက်နှာဖြင့် ဆက်ဆံခြင်းဟာ ရောဂါသက်သာ စေဖို့ ၅၀ရာခိုင်နှုန်း လောက်တွန်းအားကိုဖြစ်ပေါ်စေပါတယ်။ United Memorial ဆေးရုံ မှ ဆေးဘက်ဆိုင်ရာအကြီးအကဲ တစ်ဦးဖြစ်တဲ့ Dr.Joseph Varon က သူ့အနေနဲ့ မိမိရဲ့ ကာကွယ်ရေး ဝတ်စုံပေါ်မှာ ရွှင်ပြနေတဲ့ သူ့ရဲ့ဓာတ်ပုံနဲ့အတူဝတ်ဆင်ကာ လူနာတွေအား ကုသနေကြောင်းသိရပါတယ်။

Varon က လူနာတွေနဲ့ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေးဆက်သွယ်မှုတွေက သူတို့တွေပြန်လည်သက်သာလာစေဖို့ ကူညီနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်မယ်လို့လည်း Varon ကယုံကြည်ပါတယ်။ ထိုအတွက်ကြောင့် သူက ကာကွယ်ရေးဝတ်စုံ(PPE) များကို ဝတ်ဆင်ပြီး ထိုဝတ်စုံပေါ်တွင် ရွှင်ပြနေတဲ့သူတို့ရဲ့ဓာတ်ပုံတွေနဲ့ လူနာတွေကို နွေးထွေးမှုတွေပေးချင်ခဲ့တာလည်း ဖြစ်ပါတယ်။

သူက ရွှင်ပြသောမျက်နှာအနေထားတွေဟာ လူနာတွေပြန်လည်သက်သာလာရေးအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်တယ်လို့ ယုံကြည်နေပါတယ်။ Varon က ဒီရောဂါကပ်ဆိုးကြီးကနေ လူတွေထပ်မဆုံးရှုံးစေဖို့အတွက် သူ့အနေနဲ့ မည်သည့်အရာမျိုးကိုမဆို လုပ်ဆောင်ရန်အသင့်ရှိကြောင်း မျှဝေခဲ့ပါတယ်။

သူ့ရဲ့ လူနာတစ်ဦးဖြစ်သူ Jeffery Boney ဟာ ထိုအချက်တွေကြောင့် ကိုရိုနာရောဂါကနေ မြန်မြန်ပြန်သက်သာလာခဲ့တဲ့ သက်သေတစ်ခုလည်းဖြစ်ခဲ့ပါတယ်။ Jeffery Boney က ” Dr.Varon နဲ့ အတူ ဆရာဝန်တစ်ဦးဖြစ်တဲ့ Dr.Joseph Gathe နဲ့ သူရဲ့သူနာပြုတွေဖြစ်တဲ့ Jerusha Brown Harshman နဲ့ Diego တို့ဟာ အံ့ဩစရာကောင်းလောက်အောင် ထူးချွန်ကြတဲ့ ဆေးပညာရဲ့ဆရာကြီးတွေပါပဲ ” လို့ ချီးကျူးခဲ့ပါတယ်။

အဲ့ဒီအိုင်ဒီယာကိုတော့ Scripps Mercy ဆေးရုံမှ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါကုဆရာဝန် တစ်ဦးဖြစ်တဲ့ Robertino Rodriguez မှ စတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူရဲ့ PPE ဝတ်စုံရဲ့ရင်ဘတ်နေရာမှာ ပြုံးနေတဲ့သူရဲ့ဓာတ်ပုံကပ်ထားတာကို အွန်လိုင်းပေါ်မှာ မျှဝေခဲ့တာပဲဖြစ်ပါတယ်။

Instagram မှာတင်ခဲ့တဲ့ သူရဲ့ ပိုစ့် မှာတော့ သူအခန်းထဲဝင်လာတဲ့အခါ မျက်နှာတစ်ခုလုံးအုပ်ထားတာကြောင့် လူနာအနေနဲ့ ဘယ်သူဆိုတာခွဲခြားနိုင်အောင် ဒါလေးကအထောက်အကူပြုစေပါတယ်လို့ ရေးသားထားပါတယ်။ ထို့ပိုစ့်ဟာ အွန်လိုင်းမှာပျံ့နှံ့သွားကာ ယခုအချိန်မှာတော့ နယ်ပယ်အသီးသီးရှိ ဆေးရုံများနဲ့ ကျန်းမာရေးဝန်ထမ်းများစွာက ထိုနည်းလမ်းကိုကျင့်သုံးနေကြပြီဖြစ်ပါတယ်။