ဒဏ္ဍာရီလာ သတ္တဝါဆန်းကြီးတွေနဲ့ မှားယွင်းခဲ့ကြတဲ့ တိရိစ္ဆာန်လေးမျိုး

ဒဏ္ဍာရီလာ သတ္တဝါဆန်းကြီးတွေနဲ့ မှားယွင်းခဲ့ကြတဲ့ တိရိစ္ဆာန်လေးမျိုး

၁။ရှေးခေတ်ဒဏ္ဍာရီလာ သင်္ဘောတွေကိုဖျက်ဆီးတဲ့ ကရာကန် သတ္တဝါကြီး

Photo: Wikimedia Commons / Wikimedia Commons

ကရာကန်ဆိုတာ ဒဏ္ဍာရီလာ Nordic Iore ရဲ့ ပင်လယ်ပြင်မှာ ထွက်ပေါ်လာတတ်တဲ့ သတ္တဝါကြီးတွေဖြစ်ပြီး လက်တံအရှည်ကြီးတွေနဲ့ ကြီးမားတဲ့လှတဲ့ ကိုယ်လုံးကြီးက သင်္ဘောတွေကို တစ်စစီ ဖြစ်အောင် မှောက်ပစ်နိုင်တယ်လို့ စကန်ဒီနားဗီးရန်း သင်္ဘောသားတွေက ပြောကြပါတယ်။

တချို့ ပုံပြင်တွေထဲမှာတောင် ကရာကန် သတ္တဝါကြီးတွေအကြောင်း ဖော်ပြထားတာကို တွေ့ရမှာပါ ။ ၁၇၅၅ ခုနှစ်မှာတော့ အဲရစ် ပိုတိုပီဒန်ကတော့ ကရာကန်ကြီးတွေက ကြီးလွန်းလို့ ပင်လယ်ထဲကနေ ကြွတက်လာတဲ့ ကျွန်းကြီးလို့တောင် တင်စားထားပါတယ်။ ဒီကြောက်စရာ ပင်လယ်သတ္တဝါကြီးတွေကို သိပ္ပံနည်းအရ ဖော်ပြဖို့ ကားလ် လင်းနေးရပ်စ်က ကြိုးစားခဲ့ပြီး သူကိုယ်တိုင်ကတော့ ကရာကန်က Cephalopod အနွယ်ဝင်ဖြစ်တဲ့ ရေဘဝဲ ကင်းမွန်စတဲ့ အမျိုးအစားထဲမှာ ပါဝင်နေတယ်လို့ ယုံကြည်ထားပါတယ်။

ဒဏ္ဍာရီလာ ကရာကန်လို့ခေါ်တဲ့ ကြီးမားတဲ့ ကင်းမွန်ကြီးဟာ ၆၆ပေ အရှည်ထိ ကြီးထွားနိုင်ခြေရှိပြီး လက်တံတွေအများကြီးပါဝင်တဲ့အပြင် ကြီးမားတဲ့ မျက်လုံးတွေလဲ ရှိသလို တစ်ကောင်ထဲ အမဲလိုက်လေ့ရှိပါတယ်တဲ့ ။ သင်္ဘောသားတွေအတွက်တော့ ကရာကန်က အိမ်မက်ဆိုးကြီးတစ်ခုပေါ့လေ

၂။ ပင်လယ်ရေနဂါးနဲ့ မှားလေ့ရှိတဲ့ Oarfish

Photo: Wikimedia Commons / Wikimedia Commons

ပင်လယ်ရေနဂါးတွေက သမုဒ္ဒရာကြီးရဲ့ သမိုင်းကြောင်းမှာ နှစ်ပေါင်းသန်းချီပြီး ထင်ရှားလာခဲ့တဲ့ သတ္တဝါပါ ။ ရှေးဂရိခေတ်ကို ပြန်သွားရင်တောင် သမိုင်းဝင်သူရဲကောင်း ပါစီးရပ်စ်က ပင်လယ်ရေနဂါးကြီးကို ချေမှုန်းနိုင်ခဲ့တဲ့ ဇာတ်လမ်းရှိပါသေးတယ် ။ ရာစုနှစ်တွေ ကြာပြီးတဲ့နောက် မှာလည်း သင်္ဘောသားတွေက ကြောက်စရာ ရေနဂါး ပုံပြင်တွေကို ပြောနေကြတုန်းပါ ။

စာရေးဆရာ အိုးလတ်စ် မက်ဂ်နတ်စ်ကတော့ ဆွိဒင် ၁၆ ရာစုနှစ်သမိုင်းက ပင်လယ်ရေနဂါးတစ်ကောင်အကြောင်း ဖော်ပြခဲ့ပါတယ် ။ ပေ ၂၀၀ အရှည်ရှိတယ့် Soe Orm လို့ခေါ်တဲ့ အကောင်ကြီးပေါ့ ။ အဲဒီသတ္တဝါကြီးမှာ လည်ပင်းကနေ ရှည်ထွက်နေတဲ့ နှစ်ပေခန့် အမွှေးရှည်ကြီးရှိပြီး အညိုရောင် ချွန်ထက်နေတဲ့ အကြေးခွံတွေ တောက်ပနေတဲ့ မျက်လုံးတွေရှိပါတယ်။

တချို့ သိပ္ပံပညာရှင်တွေကတော့ ဒါတွေဟာ ပင်လယ်ရေသတ္တဝါတွေကိုပဲ အမြင်မှားပြီး အဓိပ္ပာယ်ကောက်လွဲခဲ့ကြတယ်လို့ဆိုပါတယ်။ ပင်လယ်ရေနဂါးနဲ့ မှားနိုင်ခြေအရှိဆုံး သတ္တဝါကတော့ Oarfish လို့ခေါ်တဲ့ ကမ္ဘာ့ အရိုးအရှည်ဆုံး ငါးပဲဖြစ်ပါတယ်။ သူတို့ဟာ ပေ ၅၀ ထိကြီးထွားနိုင်ပြီးတော့ ကြီးမားတဲ့ ခန္ဓာကိုယ်တွေ ရှိတတ်ကြပါတယ်။

၃။ ဦးချိုနဲ့ ကြံ့ခေါင်းခွံကို တစ်ချိန်က နဂါးဦးခေါင်းအဖြစ် ယုံကြည်ခဲ့ကြပါသေးတယ်

Photo: Wikimedia Commons / Wikimedia Commons

နဂါးဆိုတာကို အားလုံးလဲကြားဖူးကြမှာပါ ။ ဥရောပတိုက်သားတွေကတော့ နဂါးကို ပရမ်းပတာ ဖျက်ဆီးမှုတွေကို လုပ်တတ်တဲ့ မကောင်းဆိုးဝါးသတ္တဝါအဖြစ် မြင်ကြပါတယ်။ အလယ်ပိုင်းခေတ်မှာတော့ နဂါးတွေက တော်တော်လေး ခေတ်စားပြီး သူရဲကောင်းတွေကလည်း နဂါးတွေကို သုတ်သင်နှိမ်နင်းကြပါတယ်။

တချို့တွေမှာတော့ မြို့စတင်ဖြစ်တည်လာတဲ့ ဇာတ်ကြောင်းမှာတင် နဂါးပါဝင်နေပါသေးတယ်။ ၁၃၃၅ မှာတော့ ကြီးမားပြီး ထူးဆန်းတဲ့​ ခေါင်းခွံတစ်ခုကိုရှာတွေ့ခဲ့ကြပြီး ဒါဟာ ဒုက္ခပေးတတ်တဲ့ နဂါးခေါင်းခွံဖြစ်ကြောင်း မြန်မြန်ပဲ မှတ်ချက်ချခဲ့ကြပါတယ်။ ၁၈၄၀ မှာတော့ တိရိစ္ဆာန်လေ့လာသူ ဖရန့် အန်ဂါက ဒီဦးခေါင်းခွံဟာ အမွှေးထူတဲ့ ကြံ့ရဲ့ ခေါင်းခွံဖြစ်ကြောင်း သုံးသပ်ခဲ့ပါတယ်။

နဂါးတွေနဲ့မတူတာကတော့ ဒီအမွှေးထူကြံ့တွေက တကယ်ကိုရှိခဲ့တာပါ။ သူတို့က ကမ္ဘာကြီးပေါ်မှာ ရေခဲခေတ်တုန်းက တည်ရှိကြပြီး ခုတော့ မျိုးတုန်း ပျောက်ကွယ်သွားခဲ့ပါပြီ။ ဒါ့အပြင် တော်တော်များများကလဲ ဒိုင်နိုဆောအရိုးတွေကို နဂါးအရိုးနဲ့ မှားတတ်ကြပါသေးတယ်။ မီးမမှုတ်ထုတ်နိုင်တာကလွဲလို့ပေါ့ ….

၄။ ဦးချွန်ပါတဲ့ ဝေလငါး

Photo: Wikimedia Commons / Wikimedia Commons

တစ်ချိန်တုန်းက လူသားတွေက ယူနီကွန်းတွေဟာ ကြောက်စရာသတ္တဝါတွေမဟုတ်ဘူးလို့ ယုံကြည်ကြပြီး အမှန်တကယ်ရှိနေခဲ့တယ်လို့ သတ်မှတ်ထားကြပါတယ်။ ယူနီကွန်းအကြောင်းကို ရှေးခေတ်ရောမ စာရေးဆရာကြီးဖြစ်တဲ့ Pliny the Elder ရေးထားတာကတော့ ယူနီကွန်းဆိုတာ ရက်စက်ကြမ်းကြုတ်တဲ့ သတ္တဝါဖြစ်ပြီး အသက်ရှင်လျက် ဖမ်းမိဖို့ဆိုတာ မဖြစ်နိုင်ပါဘူး သူ့မှာ မြင်းခန္ဓာကိုယ် ဦးခေါင်းထိပ်မှာ အချွန်တစ်ခုနဲ့ ဆင်ခြေထောက် တောဝက်ရဲ့ အမြှီး ရှိပါတယ်။

တစ်ခုထဲ ချွန်ထွက်နေတဲ့ သုံးပေအရှည်ရှိတယ့် ဦးချွန်ကြီးက နဖူးအလယ်ကနေ ထွက်နေပါသေးတယ်တဲ့။ ယူနီကွန်းဆိုတာက ကြံ့ကို ခံစားသက်ဝင်ပြီး ပုံဖော်ထားတာလို့ပြောကြပေမယ့် အလယ်ခေတ်နဲ့ အလယ်ခေတ်အစောပိုင်းက စုဆောင်းရရှိထားခဲ့တဲ့ ဦးချိုတွေက ကြံ့ချိုတွေမဟုတ်ပါဘူး

ဒါဆိုရင် ဘာဖြစ်မလဲ ….
အလယ်ခေတ်မှာ နော့စ်ကုန်သည်တွေက နာဝဲလ် ဝေလငါးရဲ့ ဦးချွန်တွေကို ရောင်းဝယ်ဖောက်ကားခဲ့ကြပါတယ်။ သူတို့က အဲဒီဦးချွန်တွေကို ယူနီကွန်း ဦးချိုလို့ မှတ်ယူထားတဲ့ ဥရောပသားတွေစီ ရောင်းချခဲ့ပါတယ်။ တကယ်တော့ နာဝဲလ်ဝေလငါးရဲ့ ဦးချွန်က ချို မဟုတ်ဘဲ ဝေလငါးထီးရဲ့ ခေါင်းကနေ ကြီးထွားလာတဲ့ သွားကြီးတစ်ခုပါ ။ ၈ ပေပတ်ချာလည်လောက်ထိကို ရှည်ထွက်နိုင်ပါတယ်တဲ့။