
နေ့တိုင်းမြင်နေကြ အရာဝတ္ထုတွေရဲ့ အရိပ်တွေကို ကာတွန်းအဖြစ်ဖန်တီးခဲ့တဲ့ အနုပညာရှင်
ဘယ်လ်ဂျီယံ ပန်းချီ နဲ့ ရုပ်ရှင်ဖန်တီးသူ အနုပညာရှင် ဗင်းဆင့် ဘာလ် က နေ့စဉ် ကျွန်မတို့ ပတ်ဝန်းကျင်မှာမြင်တွေ့နေရတဲ့ အရာ၀တ္ထုတွေရဲ့ အရိပ်ကို ဟာသဆန်ဆန် ပန်းချီ ပုံကြမ်းလေးတွေအဖြစ် ဖန်တီးခဲ့ပါတယ်။ ဗင်းဆင့်ဟာ လက်ဖက်ရည်ခွက်လေးတွေ ဟင်းသီးဟင်းရွက် ပြတင်းပေါက် သစ်ရွက်တွေနဲ့ ဖုန်းအားသွင်းကြိုး ဘေးပတ်လည်က အရိပ်လေးတွေကို လက်တန်းရေးဆွဲခဲ့ပါတယ် ။
ဒါတွေအားလုံး အစပြုခဲ့တာကတော့ ဗင်းဆင့် ဇာတ်ညွှန်းအသစ်ရေးနေရင်း စာရွက်အပိုင်းအစတစ်ခုပေါ်က သူ့လက်ဖက်ရည်ခွက်ရဲ့ အရိပ်ကို သတိထားမိရာကနေ စတင်ခဲ့တာပါ။ သူဟာ အဲဒီအပေါ် မျဉ်းတစ်ချို့ ရေးခြစ်ခဲ့ပြီး ဆင်တစ်ကောင်အဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ နောက်မှာတော့ သူ့ရဲ့ ဖန်တီးမှုကို ဓာတ်ပုံရိုက်ယူထားပြီး အင်တာနက်ပေါ်မှာ မျှဝေခဲ့တာပါ။ ပုံက နာမည်ကြီးသွားပြီးတဲ့နောက်မှာတော့ အဲဒီထဲက နေ့တိုင်း ပုံတစ်ပုံစီ သူတင်ဖြစ်ခဲ့တာပါ။
သူ့ရဲ့ ဟာသမြောက်လှတဲ့ ပန်းချီဖန်တီးမှုက ဘာကြောင့်နာမည်ကြီးသွားရတာလဲ ဘာလို့ လူကြိုက်များရတာလဲဆိုတာကို သင်ကိုယ်တိုင် စူးစမ်းလေ့လာချင်တယ်ဆိုရင်တော့ အောက်က ပုံလေးတွေမှာ ဆက်လက် လေ့လာသွားလို့ရပါတယ်။
အားလုံးလည်း သူ့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို သဘောကျမယ်လို့ မျှော်လင့်ရင်း ဒီဆောင်းပါးလေးကို တင်ဆက်ပေးလိုက်ပါရစေ ….
#1

#2

#3

#4

#5

#6

#7

#8

#9

#10

#11

#12

#13

#14

#15

#16

#17

#18

#19

#20

#21

#22

#23

#24

#25
