ကောင်းကင်ပေါ်မှာကြယ်တွေ ဘာကြောင့်များတလက်လက်တောက်ပနေရတာလဲ?

ကောင်းကင်ပေါ်မှာကြယ်တွေ ဘာကြောင့်များတလက်လက်တောက်ပနေရတာလဲ?

မှောင်မိုက်ပြီး တိမ်ကင်းစင်တဲ့ ညတစ်ညမှာ ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပါ ….ကြယ်တွေ တလက်လက်တောက်ပနေတာကို မြင်ရမှာပါ။ဒါပေမယ့် ဒီလိုတလက်လက် တောက်ပနေတဲ့ အမြင်နောက်ကွယ်က သိပ္ပံပညာရပ်က ဘာဖြစ်မလဲ။ကြယ်တွေကို ခုလိုမျိုးတောက်ပနေအောင် ဘာက လုပ်နေတာလဲ။ဒီအချက်လေးတွေကို ခုဆောင်းပါးလေးမှာ လက်လှမ်းမှီသလောက် လေ့လာလိုက်ကြစို့နော်

credit photo

၁။ ကြယ်တွေက တကယ်တမ်း တလက်လက် မတောက်ပနေပါဘူး

ကြယ်တွေ ဘာလို့ တလက်လက်တောက်ပနေလဲဆိုတာကို အရိုးသားဆုံးဖြေကြည့်ရင်တော့သူတို့ဟာ တကယ်တမ်း မတောက်ပနေကြပါဘူးတဲ့ ။ ကျွန်မတို့မြင်နေရတဲ့ တောက်ပမှုက ကြယ်တွေနဲ့ ဘာမှမသက်ဆိုင်ပါဘူး။ ဒါတွေက ကမ္ဘာကြီးပေါ်ကနေ ကျွန်မတို့ ကြည့်နေတဲ့ ရှုထောင့်က အမြင်ပါ။ဘာလို့လဲဆိုရင် ကြယ်တွေက ဝေးလွန်းတာကြောင့် ညဘက်ကောင်းကင်ယံမှာ သေးငယ်တဲ့ အစက်အပြောက်လေးတွေအနေနဲ့ပဲ မြင်ရတာကြောင့်ပါ။

credit photo

ကျွန်မတို့ ကမ္ဘာဂြိုလ်ရဲ့ အနီးဆုံးကြယ်ကတော့ အားလုံးလဲသိထားကြတဲ့ မိုင်ပေါင်း ၉၃ မီလီယျံအဝေးမှာရှိတဲ့ ပရော်စီမာ ဆန်ကျူရီ ဖြစ်ပြီး အလင်းနှစ် လေးနှစ်ကျော် ဝေးပါတယ်။ကျွန်မတို့ မျက်ံလုံးထဲမှာတော့ ကမ္ဘာကြီးရဲ့ လေထုအလွှာကို ရင်ဆိုင်ရတဲ့ အဝေးကကြယ်တွေကလာတဲ့ ဒီအလင်းဟာ တလက်လက် ဖြစ်နေတဲ့ နောက်ကွယ်က သော့ချက်ပါ ။အလင်းဟာ လေထုအလွှာကိုရောက်တဲ့အချိန် သူဟာ ကျွန်မတို့ မျက်လုံးစီကိုမရောက်ခင် လေရဲ့ တုန်ခါနေတဲ့ အလွှာတွေကို ဖြတ်ရတာကြောင့် တလက်လက်နဲ့ ဖြစ်နေတာလို့ လေ့လာသူတစ်ယောက်က ပြောခဲ့ပါတယ်။တကယ်တမ်း အာကာသထဲမှာတော့ ကြယ်တွေက တလက်လက် တောက်ပမနေပါဘူးတဲ့။

credit photo

၂။ ဘာကြောင့် တချို့ကြယ်တွေက ပိုပြီး တလက်လက် တောက်ပနေရတာလဲ

ကြယ်တစ်လုံး ဘယ်လောက်တောက်ပလဲဆိုတာကို သက်ရောက်နေတဲ့ အချက်တွေအများကြီးပါ ။ အဲဒီထဲက တစ်ခုကတော့ ​ကျွန်မတို့ကြည့်တဲ့ ရှု့ထောင့်ကနေ ကြယ်ရဲ့ နေရာပြောင်းလဲမှုပါပဲ။ကြယ်တွေဟာ သူတို့ ကျွန်မတို့ မျက်လုံးစီကို မရောက်ခင် လေထုအလွှာကို ပိုပိုပြီး ဖြတ်သန်းရလေလေ ပိုပို တလက်လက်တောက်ပလေပါပဲ။ဒါကြောင့် မိုးကုပ်စက်ဝိုင်းနားက ကြယ်တွေက ကျွန်မတို့ မျက်လုံးစီကိုရောက်ဖို့ ဖြတ်သန်းရတဲ့ လေထုအလွှာများတာကြောင့် ပိုတောက်ပလေ့ရှိပါတယ်။

credit photo

ဒါ့အပြင် ရာသီဥတုကလည်း အရေးပါပါတယ် ။ စိုထိုင်းစများတဲ့ ညတွေဆို လေထုက ပိုထူတာကြောင့် ကြယ်တွေ ပိုတောက်ပတတ်ပါတယ် ။ဒီအကြောင်းအရာတွေက သိပ္ပံပညာရှင်တွေ နက္ခတ်ဗေဒပညာရှင်တွေကို ကမ္ဘာအကြီးဆုံး အကောင်းဆုံး တယ်လီစကုပ်တွေ ဘယ်နားထားရမလဲဆိုတာကို ဆုံးဖြတ်ပေးပါတယ် ။ ကြယ်နဲ့ တယ်လီစကုပ်ကြား လေထုအလွှာပါးပြီး မြင့်မား ခြောက်သွေ့တဲ့နေရာမှာ ထားဖို့ပေါ့။

ညအမှောင်ယံကောင်းကင်ကြီးကို မော့ကြည့်လိုက်မယ်ဆိုရင်တော့ သင့်အနေနဲ့ တချို့ကြယ်တွေက သူတို့ တလက်လက်တောက်ပနေတဲ့အချိန် အရောင်အသွေးမျိုးစုံ ပြောင်းနေတာကို သတိထားမိမှာပါ ။ ဆိုင်းရီးရပ်စ် လို့ခေါ်တဲ့ ကမ္ဘာကြီးရဲ့ ညကောင်းကင်ယံမှာ အတောက်ပဆုံး ကြယ်ကတော့ ဂန္တဝင်ဆန်တဲ့ ဥပမာ တစ်ခုပေါ့။

credit photo

ဒါကလည်း လေထုကို ဖြတ်သန်းတဲ့အချိန်မှာ အလင်းယိုင်သွားတာကြောင့် အရောင်ပြောင်းသွားတာပါတဲ့။တချို့ကြယ်တွေက တလက်လက် မတောက်ပဘူးဆိုတာကို သင်သတိထားမိဦးမှာပါ ။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ တကယ်တော့ ဂြိုလ်တွေ ဖြစ်နေလို့ပါ ။ ဂြိုလ်တွေကတော့ ညဘက် လေထုထဲမှာ တလက်လက်တောက်ပ ပေါ်လွင်ဖို့ ကြီးမားလွန်းနေတာကြောင့်ပဲ ဖြစ်ပါတယ်။

သို့ပေမယ့်လည်း သင် ဂြိုလ်တွေ ကိုကြည့်လိုက်မယ်ဆိုရင် ဒါမှမဟုတ် လကို တယ်လီစကုပ်ကနေ ကြည့်လိုက်ရင်တောင် သူတို့ကို တောက်ပနေတဲ့ပုံ မြင်နေရတုန်းပါ ။ဒါက ဘာကြောင့်များ ဖြစ်မလဲဆိုရင် ….အလင်းက သူ့မျက်လုံးစီကို သွားတဲ့ လမ်းတစ်လျှောက် လေထုထဲကနေ တိုးဝှေ့ ဝင်လာတာကြောင့်ပါ။ဒီလောက်ဆို ကြယ်လေးတွေအကြောင်း အကြမ်းဖျဉ်း နားလည်မယ်လို့ မျှော်လင့်ပါတယ်နော်နောက် ဆောင်းပါးလေးတွေမှာလည်း စိတ်ဝင်စားဖွယ် ဗဟုသုတဖြစ်ဖွယ်အကြောင်းအရာလေးတွေကို တင်ဆက်ဖို့ ကြိုးစားပေးသွားပါ့မယ်။