
Li Kuncheng ကတော့ နာမည်ကျော် ထိုင်ဝမ်တေးရေးဆရာတစ်ဦးဖြစ်ကာ အောင်မြင်မှုများစွာကိုလည်း ရရှိထားပါတယ်။ ဒါပေမယ့် သူ့ရဲ့ကျော်ကြားမှုထက် သူရဲ့ဇနီးလောင်း Li Jing En ကို ကြေညာခြင်းက ပိုပြီးတော့လူအများကြား ရေပန်းစားခဲ့ရပါတယ်။ အကြောင်းအရင်းကတော့ သူနဲ့ လက်ထပ်မယ့် မိန်းကလေး Li ဟာ သူ့ထက်ကို အသက် ၄၀ လောက်ငယ်နေတာပဲဖြစ်ပါတယ်။

ဒီထက်ပိုပြီး လူပြောများစေခဲ့တဲ့ အချက်ကတော့ သူမအသက် ၁၇ နှစ်အရွယ်မှာတင် သူမကိုစတင်ချိန်းတွေ့ခဲ့တာပါ။ Li Kuncheng ဟာ ဇနီးလောင်း Li Jing En ကို သူရဲ့သူငယ်ချင်းအိမ်မှာ စတွေ့ခဲ့တာဖြစ်ပြီး သူမဟာ သူငယ်ချင်းဖြစ်သူရဲ့သမီးလည်း ဖြစ်နေခဲ့ပါတယ်။

Li Kuncheng ကိုအင်တာဗျူးရာမှာတော့ သူရဲ့ဒဏ်ရာကြောင့် နားနေရတဲ့ အချိန်မှာ သူတို့နှစ်ဦး စတင်ရင်းနှီးခဲ့ကြတာဖြစ်ပြီး သိပ်မကြာမှီမှာပဲ သူတို့ဟာ ချစ်သူတွေဖြစ်သွားခဲ့ကြပါတယ်။ သူတို့လက်ထပ်မယ့်ကိစ္စကို ကြေငြာလိုက်တဲ့အခါ လူအများစုကတော့ သူတို့ရဲ့အချစ်ကိုဝေဖန်ခဲ့ကြပါတယ်။

အထူးသဖြင့် Li Jing En ရဲ့ဖခင်ဖြစ်သူက ကန့်ကွက်ခဲ့တာပေါ့။ သူမရဲ့အဖေဟာ သူတို့ရဲ့မင်္ဂလာပွဲပယ်ဖျက်နိုင်ဖို့ တရားဆွဲဆိုတာတွေအထိ ပြုလုပ်ခဲ့ပေမယ့် အမှုရှုံးနိမ့်ခဲ့ရပါတယ်။ Li Kuncheng ဟာလည်း မီဒီယာနဲ့ ပြည်သူလူထူအား သူတို့ရဲ့အချစ်ကို ဝေဖန်ခဲ့တဲ့ အတွက် အပြစ်တင်ခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေကို အမုန်းမပွားသင့်ဘူးလို့ သူကပြောဆိုခဲ့ပါတယ်။ ထိုအဖြစ်အပျက်ကြောင့် လူမှုကွန်စာမျက်နှာမှာ Li Jing En နဲ့ Li Kuncheng ဟာ တိတ်တိတ်ပုန်းလက်ထပ်ထားကြောင်း၊ သူမမှာလည်း ကိုယ်ဝန်ရှိနေကြောင်းစတဲ့ ဝေဖန်သံတွေ များလာခဲ့ပါတယ်။

Li Jing En ကတော့ သူမမှာကိုယ်ဝန်ရှိမနေကြောင်းနဲ့ မကြာခင်မှာလည်း Li Kuncheng နဲ့ လက်ထပ်သွားမှာဖြစ်ကြောင်းပြောကြားသွားခဲ့ပါတယ်။ သူမအသက် ၂၀ ပြည့်ပြီးတဲ့နောက်မှာတော့ Li Kuncheng နဲ့ သူမဟာ လက်ထပ်ခဲ့ကြပါတယ်။
References :koreaboo.com
*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***