
ယူကေ ဘရိုက်တန် မှာနေထိုင်တဲ့ အနုပညာရှင် Ptolemy Erlington ကတော့ စွန့်ပစ်ထားတဲ့ ပြန်လည်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကိုပဲ အသုံးပြုကာ အရမ်းကို လက်ရာမြောက်လှတဲ့ ရုပ်လုံးတွေကို ဖန်တီးခဲ့ပါတယ် ။
သူသုံးခဲ့တဲ့ စွန့်ပစ်ပစ္စည်းတွေက ဘာလို့ထင်ပါသလဲ ……
ဟုတ်ကဲ့ပါ သူဟာ ကားတာယာအဖုံး လို့ခေါ်လို့ရတဲ့ ကားအလွိုင်းတွေကို အသုံးပြုခဲ့တာပါ
ထပ်ပြီး သူပြောကြားခဲ့တာကတော့ ကားအလွိုင်းတွေကို အထူးသဖြင့် လမ်းဘေးမှာ တော်တော်များများ ရှာတွေ့ပါတယ်တဲ့ ။ ဒါကြောင့် ခြစ်ရာ ပွန်းရာတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့ သူတို့အရင်ဘ၀ရဲ့ အမာရွတ်တွေက သူတို့ကိုသုံးပြီး ဖန်တီးလိုက်တဲ့ သတ္တဝါလေးတွေရဲ့ သမိုင်းကြောင်းနဲ့ ထင်ရှားမှုတို့ကို ထပ်ပေါင်းထည့်ပေးလိုက်တာပါပဲ တဲ့
ဘယ်လိုများ ကားအလွိုင်းကိုသုံးပြီး တိရိစ္ဆာန်ရုပ်လုံးလေးတွေ ဖန်တီးထားမလဲဆိုတာ ပရိသတ်ကြီးလည်း အောက်မှာပါတဲ့ ပုံလေးတွေကို ကျွန်မတို့နဲ့အတူ ကြည့်လိုက်ကြစို့နော်
#1

#2

#3

#4

#5

#6

#7

#8

#9

#10

#11

#12

#13

#14

#15
