
ကမ္ဘာဂြိုလ်ကို ဂြိုလ်သိမ်ဂြိုလ်မွှားတွေ ဝင်တိုက်မိတာကြောင့် ဒိုင်နိုဆောတွေမျိုးတုန်း ပျောက်ကွယ်ရတာ အမှန်တကယ်ပဲလား …..
ကမ္ဘာကြီးရဲ့ ဆွဲငင်အား ကြောင့်ရော မဖြစ်နိုင်ဘူးလား ….
ဒိုင်နိုဆောတွေ မျိုးတုန်းရခြင်းဟာ ဂြိုလ်သိမ်ဂြိုလ်မွှားတွေ ဝင်တိုက်မိတာကြောင့်ဖြစ်တယ်ဆိုတဲ့ အဆိုကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားခဲ့ကြပါတယ် ။ ဒါပေမယ့် စကြ၀ဌာကြီး ကျယ်ပြန့်လာပြီးတော့ ဆွဲငင်အားလည်း ပါဝင်ပတ်သက်နေတဲ့ တခြားအမြင်ရှုထောင့်ကနေ ရှင်းပြလို့ ရနိုင်ဦးမလား ….

ဂရိက လိုအန်းနီးနား တက္ကသိုလ်မှ ပရော်ဖက်ဆာ ဖြစ်သူ လီန်ဒရို့စ် ပယ်ရီဗိုလာပေါလို့စ်ကတော့ ၂၀၂၁ ထုတ်ဝေထားတဲ့ စာတမ်းမှာ ခေတ်သစ် အာကာသပညာရပ်အတွက် အကြီးဆုံးပြဿနာထဲက တစ်ခုရဲ့ အဖြေကို အကြံပြုဆွေးနွေးထားပါတယ်
အခုတော့ သူက အဲဒီ ဖြေရှင်းချက်ဟာ ဒိုင်နိုဆောတွေ မျိုးတုန်းပျောက်ကွယ်ရတဲ့ အကြောင်းရင်းဖြစ် တွက်ယူနိုင်တယ်လို့ ထင်ပါတယ်တဲ့ ….
အားလုံး နားလည်အောင် ရှင်းပြပါရစေ

စကြ၀ဌာကြီးရဲ့ ပြဿနာလို့ ပယ်ရီဗိုလာပေါလို့စ် အမည်တပ်ထားတဲ့ အရာကတော့ စကြ၀ဌာကြီး ကျယ်ပြန့်လာမှု အမြန်နှုန်းနဲ့ ပတ်သက်နေပါတယ်တဲ့ ။ ဟက်ဘဲလ် ကိန်းသေနှုန်းလို့ ခေါ်တဲ့ နံပါတ်တစ်ခုနဲ့ ကျယ်ပြန့်နေတာပါ ။
ဟက်ဘဲလ် ကိန်းသေက လက်ရှိ ကျယ်ပြန့်နေတဲ့ နှုန်းကို တိုင်းတာ ပြီး တိုင်းတာ နည်းပုံစံ ကလည်း နှစ်မျိုးရှိနေပါတယ် ။
သိပ်မကြာသေးခင် နှစ်ပိုင်းကမှ ဒီနည်းလမ်းနှစ်ခုလုံးက တိတိကျကျ တိုးတက်လာပါတယ်။ သို့ပေမယ့်လည်း သူတို့က တချို့သော အကြောင်းရင်းတွေကြောင့် တစ်နည်းနဲ့ တစ်နည်း သဘောထားကွဲလွဲနေကြတုန်းပါ။

ကမ္ဘာကြီးကတော့ ကိစ္စတစ်ရပ်စီတိုင်းမှာ လုပ်ဆောင်ထားတဲ့ ရှုပ်ထွေးလှတဲ့ ခွဲခြမ်းစိတ်ဖြာမှုကနေ အာကာသဗေဒရဲ့ သီအိုရီအသစ်တွေထိ ဖြစ်နိုင်တဲ့ မှားယွင်းချက်တွေအတွက် ပြဿနာကို ဖြေရှင်းဖို့ အကြံပြုပေးထားတာမျိုး မရှိပါဘူး။
ပယ်ရီဗိုလာပေါလို့စ်ကတော့ ရှာဖွေတွေ့ရှိမှုတွေက ဆွဲငင်အား ပြောင်းလဲမှုအားဖြင့် တစ်ခုနဲ့ တစ်ခု ပတ်သက်ဆက်နွယ်နေတယ်လို့ ဆိုပါတယ် ။
ဒါတွေအားလုံးဖြစ်လာဖို့ဆိုရင်တော့ ဆွဲငင်အားက အရင်ထက် ဆယ်ဆ ပိုအားကောင်းလာဖို့ လိုပါတယ် ။ အဲဒီလို အပြောင်းအလဲက အရာ၀တ္ထုအားလုံးရဲ့ ဂုဏ်သတ္တိအပေါ် သက်ရောက်မှာပါ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၅၀ တုန်းက ပြောင်းလဲမှုကလည်း အချိန်ကိုက်ကို ဖြစ်သွားတာနေမှာပါ ။

ဒိုင်နိုဆောအကြောင်း ပြောရမယ်ဆိုရင်တော့ သင့်အနေနဲ့ ဆွဲငင်အားကို ကမ္ဘာမြေကြီးရဲ့ ပတ်လမ်းကြောင်းအပေါ် သက်ရောက်မှုတစ်ခုခု မရှိဘဲနဲ့တော့ ပြောင်းလဲလို့ ရနိုင်မှာမဟုတ်ပါဘူး ။
အားလုံးက ပိုပြီး ပူလာပါလိမ့်မယ် နေအဖွဲ့အစည်းရဲ့ အစွန်အဖျားနားက အော့တ် တိမ်တိုက်ထဲက အရာတွေက ကြယ်တာရာတွေအတွက် အဓိက ကယ်တင်ရှင်ကြီးပါ သူတို့သာ နေအဖွဲ့အစည်းထဲ ထည့်သွင်းခံလိုက်ရပြီဆိုရင် ဆွဲငင်အားကလည်း မြင့်တက်လာပါလိမ့်မယ်
ကြယ်တာရာတွေ ပိုဝင်လာလေလေ ဒိုင်နိုဆောတွေ မျိုးတုန်းရတဲ့ အဖြစ်အပျက်လိုမျိုး ရိုက်ခတ်မှု များလေလေ ဖြစ်မှာပါ။

ဆွဲငင်အားသာ မပြောင်းလဲခဲ့ဘူးဆိုရင်တော့ တွားသွား သတ္တဝါကြီးတွေက ကမ္ဘာကြီးပေါ်မှာ ခုထိ လျှောက်သွားနေတုန်း ဖြစ်မှာပါ
အခုတော့ ပယ်ရီဗိုလာပေါလို့စ် သီအိုရီကို မယုံကြည်ပါဘူး။
ကြည့်ရတာ ဒါကို လေ့လာဖို့ တယ်လီစကုပ်တွေ ညီမျှခြင်းတွေမပေါ်ခင်မှာ ရူပဗေဒသဘောတရားအရ တိုက်တိုက်ဆိုင်ဆိုင် ရုတ်တရက် ပြောင်းလဲသွားတဲ့ပုံပါပဲ။

ဆွဲငင်အား ပြောင်းလဲမှုကြောင့်ဆိုတာကို ယုံကြည်စေချင်တယ်ဆိုရင်တော့ ဒိုင်နိုဆောတွေကို ဘေးဖယ်လိုက်ပြီး ဘာလို့ အဲဒီလိုပြောင်းလဲမှုက မကြာမကြာ ဖြစ်လာရတာလဲ ဆိုတာ သေချာ ရှင်းပြဖို့လိုပါတယ် ။ ဒါမှမဟုတ် တစ်ခါထဲ ရုတ်တရက် ပြောင်းလဲမှု ဖြစ်ရမယ့်အစား ဆွဲငင်အားပမာဏက အမြဲတမ်း ပြောင်းလဲနိုင်တယ်ဆိုတဲ့ အချက်ကို အဖြေရှာပေးရမှာပါ။
မဟုတ်ရင်တော့ ဒီစိတ်ကူးအကြံတွေအားလုံးကို တိုက်ရိုက်စမ်းသပ်လို့ရမယ့် နည်းလမ်းတစ်ခု ရှာပေးရမှာပေါ့။
အဲဒီမတိုင်ခင်ထိတော့ ဒိုင်နိုဆော တွေ ဘာဖြစ်သွားလဲဆိုတာကို စဉ်းစားစရာ မလိုလောက်ပါဘူး။