ဝရံတာပေါ်ကိုတက်ဖို့ကြိုးစားနေတဲ့ကလေးငယ်လေးကိုကယ်တင်ခဲ့တဲ့ သူရဲကောင်းကြောင်လေး(ဗီဒီယို)

ကလေးငယ်လေးတွေဟာ သဘာ၀အရ စူးစမ်းလိုစိတ် ပြင်းထန်ပြီး သူတို့ရဲ့ကိုယ်ပိုင်နေရာလေးကနေ ချော်ထွက်သွားမယ်ဆိုရင်တော့ တော်တော်လေး ဒုက္ခရောက်တတ်ကြပါတယ်။ ဒါပေမယ့် ကိုလမ်ဘီယာ ဘူကာရာမန်ဂါက ကံကောင်းတဲ့ လသားကလေးလေး အတွက်ကတော့ သူ့ကို အမြဲတမ်း စောင့်ကြည့်ပြီး ထိန်းပေးတဲ့ အိမ်မွေးကြောင်လေးတစ်ကောင် ရှိနေတာပါပဲ။
မကြာသေးခင်ကမှ တစ်နှစ်သား ကလေးလေးဟာ သူ့ တိုက်ခန်းရဲ့ အပြင်ဖက် ၀ရံတာအစွန်ကနေပြီး အပြင်ဖက်ကို ချောင်းကြည့်ချင်ခဲ့ပါတယ်။

သူ့ရဲ့ဘေးနားမှာကတော့ အပြင်ဖက်ကို မျှော်ကြည့်ကာ ရပ်နေတဲ့ သူ့ကြောင်လေးပဲဖြစ်ပါတယ် ။ ဘာတွေဖြစ်နေလဲဆိုတာကို မမြင်ရတဲ့ ကလေးလေးဟာ တန်းကို ဆုပ်ကိုင်ပြီး သူ့ကိုသူ အစွန်းလေးမှာ တက်ပြီး ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့အထိန်းတော် ကြောင်လေးကတော့ ဒါဟာ ဘာဆက်ဖြစ်လာနိုင်လဲဆိုတာကို သူ့ထက် ကောင်းကောင်းကြီး ပိုသိနေပါတယ် ။

credit photo

ကလေးလေးရဲ့ အစ်ကိုတော်​ ကြောင်လေးဟာ သူဘာလုပ်နေလဲဆိုတာ သိလိုက်တာနဲ့တင် ကလေးရဲ့ တန်းကို ကိုင်ထားတဲ့ လက်ကလေးကို သူ့လက်လေးနဲ့ ငြင်သာစွာ ပုတ်ချလိုက်ပါတယ် ။ ဒါပေမယ့်လည်း ဒါဟာ အရမ်းစပ်စုချင်နေတဲ့ ကလေးငယ်လေးကို မတားစီးနိုင်ပါဘူး ။ ကလေးကတော့ ကြောင်လေးနဲ့ ဝေးရာကို ရွှေ့ပြီး ကြိုးစားပြန်ပါတယ် ။
ကြောင်လေးကလည်း လိုက်လာပြီး ကလေးရဲ့လက်ကို တန်းကနေ ပုတ်ချပြန်ပါတယ် ။ပြီးတော့ သူဟာ ကလေးလေး ဆက်မလုပ်နိုင်အောင် ၀ရံတာတန်းရှေ့မှာ သူ့ကိုယ်လုံးကြီးနဲ့ ပိတ်ပြီးကာလိုက်ပါတယ် ။

credit photo

ဒီအဖြစ်အပျက်တစ်ခုလုံးကို အနီးနားမှာကြည့်နေတဲ့သူက ကင်မရာနဲ့ ရိုက်ကူးထားခဲ့တာပါ ။ကံကောင်းတာကတော့ ၀ရံတာမှာကာထားတဲ့ လုံခြုံရေး ပိုက်ကွန်ကြောင့်မလို့ ကလေးအတွက် အသက်အန္တရာယ်မရှိပေမယ့်လို့ ရဲရင့်တဲ့ ကြောင်လေးကတော့ ဒီနှစ်ရဲ့ ” အကောင်းဆုံး ကလေးထိန်းဆု ” နဲ့ တကယ်ကို ထိုက်တန်ပါတယ် ။