နေမဝင်တဲ့ ကမ္ဘာကြီးပေါ်က နိုင်(၅)နိုင်ငံ

သဘာ၀တရားကြီးရဲ့ နောက်ကွယ်မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိပါသေးတယ်။ ဒါပေမယ့် ကျွန်မတို့ ပရိသတ်ကြီးကို အလှတရား လျှို့ဝှက်ချက်တွေထဲက တစ်ခုကို ပြောပြပေးသွားမှာပါ။ ဒါကို ကြားရတာ နည်းနည်း ကြောင်တောင်တောင်နိုင်ပေမယ့်လို့ အမှန်တရားတစ်ခုပါ။
ဘယ်နိုင်ငံက ည အချိန်လုံး၀မရှိဘဲ နေ့ဘက်ပဲ ရှိနေတာလဲ ?
နေမဝင်တဲ့ နိုင်ငံ ငါးနိုင်ငံကို ကမ္ဘာကြီးမှာ ရှာကြည့်လိုက်ရအောင်?
၁။ နော်ဝေ

credit image

နော်ဝေဟာ တောင်တွေနဲ့ ပတ်လည်ဝိုင်းထားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာတိတ်စက်ဝိုင်းထဲမှာ ပါဝင်ပါတယ်။ ဒီနိုင်ငံမှာ မေက နေ ဇူလိုင်လအတွင်း ၇၆ရက်ခန့် နေမဝင်ပါဘူး။
ဒါကို ညသန်းခေါင် နေ ရှိတဲ့ နယ်မြေ LAND OF MIDNIGHT SUN လို့လည်း ခေါ်ပါတယ်။ဒီအလင်းရောင်ကို အချိန်အကြာကြီး ခံစားကြည့်ချင်ရင်တော့ အဲဒီအချိန်မှာ ဒီနိုင်ငံကို အလည်အပတ်လာရောက်နိုင်ပါတယ်။

၂။ ဖင်လန်

credit image

ရေခဲတွေဖုံးလွှမ်းနေတဲ့ ဖင်လန်နိုင်ငံမှာဆိုရင် သင်ဟာ နေရောင်ကို ညသန်းခေါင်ထိ ရနိုင်မှာဖြစ်ပါတယ်။ ဒီနိုင်ငံက ရေကန်တွေ ကျွန်းတွေ ထောင်နဲ့ချီပြီး အလှဆင်ထားတဲ့နိုင်ငံဖြစ်ပြီး အရမ်းလဲ လှသလို ဆွဲဆောင်မှုလည်း ရှိပါတယ်။နွေရာသီမှာတော့ ၇၃ ရက်ခန့် မေ ၁၀ကနေ ဇူလိုင်လ အဆုံးထိ နေသာပါတယ် ဖင်လန်ကတော့ လမ်းလျှောက်လို့ တော်တော်လေး ကောင်းတဲ့နေရာပါ။

၃။ ကနေဒါ

credit image

ကမ္ဘာကြီးပေါ်က နှင်းတွေဖုံးလွှမ်းထားတဲ့ ဒုတိယအကြီးဆုံးနိုင်ငံဖြစ်တဲ့ကနေဒါမှာ ညအမှောင်ကို မြင်ရလေးမရှိဘူး။
နိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာတော့ နေက နွေရာသီတွေမှာ ရက် ၅၀ လောက် ဆက်တိုက် သာနေတတ်ပါတယ်။

၄။ အလက်စကာ

credit image

အလက်စကာမှာတော့ မေနဲ့ ဇူလိုင်လအတွင်းမှာ နေမဝင်ပါဘူး။အလက်စကာကို လှပတဲ့ ရေခဲစိုင်တွေကြောင့် လူသိများပါတယ်။ ဒါကို မေကနေ ဇူလိုင်မှာ ညဘက် လက်လက် လက်လက် ကျနေတဲ့ နှင်းတွေနဲ့ မြင်ရတာ ဘယ်လောက်တောင်ကြည်နူးဖို့ကောင်းမလဲ တွေးကြည့်လိုက်စမ်းပါ။

၅။ အိုက်စ်လန်း

credit image

ဗြိတိန်ပြီးရင်တော့ ဥရောပရဲ့ အကြီးဆုံးကျွန်းပါ။ ဒီမှာတော့ ညဘက်မှာပါ နေရောင်ကို ရရှိခံစားနိုင်မှာပါ။ဒီနေရာမှာ မေ ၁၀ဆိုရင် နေက မဝင်တော့ပါဘူး။အဲလိုနေရာမျိုးမှာ သင်လမ်းလျှောက်နေရတာက တော်တော်လေး အမှတ်တရဖြစ်မှာပါ။