နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေသုံးပြီး ဟာသပန်းချီပုံလေးတွေကို ဖန်တီးခဲ့တဲ့ အီတလီနိုင်ငံသား မာစီမို

မာစီမို ဖီနန်တီက အရသာရှိတဲ့ အစားအသောက်တွေကို အရမ်းနှစ်သက်ပါတယ်။ သူဟာ အီတလီလူမျိုးတစ်ယောက်ဖြစ်ပါတယ် ။ သင်တို့သိတဲ့အတိုင်း အီတလီလူမျိုးတွေက နာမည်ကြီး စားဖိုမှူးတွေပါ ။ သူအားလပ်တဲ့အချိန်မျိုးမှာ အရသာရှိတဲ့ ကိတ်တွေကို ဖုတ်လေ့ရှိပါတယ်တဲ့ ။
ကြည့်ရတာ ဒီလိုနဲ့ပဲ သူ့ရဲ့ ကိတ်မု့န်လုပ်တဲ့ပစ္စည်းတွေ တခြားအစားအသောက်ထုတ်ကုန်တွေနဲ့ ဟာသဆန်ဆန် အခြေအနေလေးတွေကို ပန်းချီဆွဲဖို့ စတင်လာတာ ဖြစ်ပါမယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ စိတ်ကူးက ထူးဆန်းနေမှန်းသိရမှာပါ။ ဒီနေ့မှာတော့ သူဟာ Instagram မှာ follower ပေါင်း ၂၅၀၀၀ ရှိပြီး မကြာသေးခင်ကမှ အီတလီ ဟင်းချက်နည်း မဂ္ဂဇင်း ရဲ့ ကာဗာနေရာကိုတောင် ရခဲ့ပါသေးတယ် ။
မာစီမိုကို ဂျီနိုအာမှာမွေးဖွားခဲ့ပြီး ဗိသုကာပညာရှင်ဖြစ်လာကာ ၁၉၉၅မှာ ယူကေသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်။ သူဟာ နာမည်ကျော်ပင်ကွင်းနှစ်ကောင် အချစ်ပုံပြင်ကာတွန်းကိုရေးသားသူလည်းဖြစ်ပါတယ် ။ သူ့စာအုပ်တွေကို ဘာသာပြန်ကာ ဘီဘီစီ ချန်နယ် ၄နဲ့ တခြားချန်နယ်တွေနဲ့ ပူးပေါင်းပြီး ကာတွန်းရုပ်ရှင်အဖြစ် ပြောင်းလဲ ထုတ်လွှင့်ပြသနေတယ်လို့လည်း သိရပါတယ် ။
ဒါဆိုရင် စာဖတ်သူပရိသတ်တို့လည်း အချက်အပြုတ်လည်းတော် ပန်းချီဆွဲတဲ့နေရာမှာလည်း ဆရာကြီးဖြစ်တဲ့ မာစီမိုတစ်ယောက် ဘယ်လိုများ ဟာသမြောက်လှတဲ့ လက်ရာလေးတွေကို ဖန်တီးထားမလဲဆိုတာ အောက်မှာပါတဲ့ ပုံလေးတွေကို ဆက်လက်ကြည့်ရှု ပေးသွားကြပါဦးနော်

#1

credit-massimo_fenati/Instagram

#2

credit-massimo_fenati/Instagram

#3

credit-massimo_fenati/Instagram

#4

credit-massimo_fenati/Instagram

#5

credit-massimo_fenati/Instagram

#6

credit-massimo_fenati/Instagram

#7

credit-massimo_fenati/Instagram

#8

credit-massimo_fenati/Instagram

#9

credit-massimo_fenati/Instagram

#10

credit-massimo_fenati/Instagram

#11

credit-massimo_fenati/Instagram

#12

credit-massimo_fenati/Instagram