51 Pegasi b ကြယ်ပတ်ဂြိုလ်အကြောင်း

51 Pegasi b အတိုကောက်အနေနဲ့ 51 ပက်ဂ်ဘီ (ခ) ဘယ်လာအိုဖရွန် နောက်ပိုင်းမှာ “ဒီမီရန်” လို့ သိထားကြတဲ့ ဂြိုလ်ဟာ ကမ္ဘာမြေကနေ အလင်းနှစ် ၅၀ ခန့် အကွာအဝေးရှိတဲ့ ပီဂါဆက်စ် ကြယ်တာရာ အစုအဝေးထဲမှ နေအဖွဲ့အစည်းပြင်ပ ဂြိုလ်တစ်လုံးဖြစ်ပါတယ်။ သူဟာ 51 Pegasi b- G အမျိုးအစားကြယ်ကို လှည့်ပတ်နေပြီး ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တဲ့ ကြယ်ပတ်ဂြိုလ်တစ်လုံးဖြစ်ပါတယ်။ G အမျိုးအစားကြယ်ဟာ နေနဲ့ ပုံစံတူပါတယ်။သူဟာ hot jupiter လို့ခေါ်တဲ့ ဂြိုလ်အမျိုးအစားအတွက် စံနမူနာပုံစံမျိုးဖြစ်ပါတယ်။ ၂၀၁၇ မှာတော့ ဂြိုလ်ရဲ့ လေထုအလွှာထဲမှာ ရေရဲ့ သဲလွန်စတွေကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အမည်ဖြစ်ပေါ်လာပုံ

credit photo

ဂြိုလ်ကို ၁၉၉၅ အောက်တိုဘာမှာ ရှာဖွေတွေ့ရှိခဲ့တဲ့ မစ်ချယ် မေယာနဲ့ ဒီဒီရာ ကွီးလို့ဇ် က 51 Pegasi b အဖြစ် မူလအစ သတ်မှတ်ခဲ့တာပါ ။ နောက်ပိုင်းမှာတော့ ဘယ်လာအိုဖရွန်လို့ နက္ခတဗေဒပညာရှင် ဂျော့ဖရေး မာစီက တရားမဝင် သတ်မှတ်ခဲ့ပါတယ်။
၂၀၁၄ ဇူလိုင်မှာတော့ အပြည်ပြည်ဆိုင်ရာ နက္ခဗေဒအဖွဲ့အစည်းက ကြယ်ပတ်ဂြိုလ်တွေနဲ့ သူတို့ရဲ့ လက်ခံကြယ်တွေကို သင့်တော်တဲ့အမည်ပေးဖို့ လုပ်ငန်းစဉ်တစ်ရပ်ကို ကြေငြာခဲ့ပါတယ်။ ၂၀၁၅မှာတော့ ဒီဂြိုလ်အတွက် အနိုင်ရခဲ့တဲ့ နာမည် ” ဒီမီရန်” အဖြစ်ကို ပြောင်းလဲကြေငြာခဲ့ပါတယ် ။ နာမည်ကို အဆိုပြုသူကတော့ ဂျီဆဲလ်ရှဖ် လုဇန် ဖြစ်ပါတယ် ။ ‘ ဒီမီယန် ‘ ဆိုတာ လက်တင်လို ‘ တစ်ဝက် ‘ လို့ အဓိပ္ပာယ်ရပြီး ဂြိုလ်ရဲ့ ထုထည်က ဂျူပီတာ ထုထည်ရဲ့ တစ်ဝက်အနည်းဆုံးရှိတယ်လို့ ရည်ညွှန်းတာပါ

ရှာဖွေတွေ့ရှိပုံ

credit photo

အထက်မှာဖော်ပြခဲ့သလိုပဲ ဒီကြယ်ပတ်ဂြိုလ်ကို တွေ့ရှိခဲ့တဲ့သူတွေက ပြင်သစ်မှာရှိတဲ့ de Haute- Provence တယ်လီစကုပ်ကို သုံးပြီး ELODIE ရောင်စဉ်တိုင်းဂရက်ဖ်နဲ့ အလျင်ဖြာထွက်မှု နည်းလမ်းကို သုံးခဲ့ကြပါတယ် ။
ဂြိုလ်ကို အာရုံခံစွမ်းရည် မြင့်မားတဲ့ တယ်လီစကုပ်ကို သုံးပြီး ရှာဖွေခဲ့ကြပါတယ် ။ ကြေငြာပြီး တစ်ပတ်အကြမှာပဲ ကယ်လီဖိုးနီးယားက လစ်ခ် နက္ခတ်မျှော်စင်ကို အသုံးပြုပြီး နောက်တစ်ဖွဲ့က ဂြိုလ်ကို အတည်ပြုခဲ့ကြပါတယ်။
ဒါဟာ နေနဲ့တူတဲ့ ကြယ်ကို ပတ်နေတဲ့ ကြယ်ပတ်ဂြိုလ်မျိုးကို ပထမဆုံးရှာဖွေတွေ့ရှိမှုပါပဲ။ ဒီအရာဟာ အလှည့်အပြောင်းအမှတ်တစ်ခုဖြစ်လာပြီး နက္ခတ်ပညာရှင်တွေကို ကြီးမားတဲ့ ဂြိုလ်တွေ ဂြိုလ်ပတ်လမ်းကြောင်းတိုလေးတွေမှာ ရှိနေနိုင်တာကို လက်ခံဖို့ တွန်းအားပေးလာပါတယ်။ ဒါကို သူတို့သဘောပေါက်သွားတာနဲ့ လတ်တလော ရနိုင်တဲ့ နည်းပညာကိုသုံးပြီး နောက် နေရဲ့ အနီးပတ်ဝန်းကျင်က ကြယ်ပတ်ဂြိုလ်တွေအများကြီကို ရှာဖွေတွေ့ရှိနိုင်မှာပါ။

ဖွဲ့စည်းတည်ဆောက်ပုံ လက္ခဏာများ

credit photo

ဒီဂြိုလ်ဟာ ကြယ်ကို လေးရက်ဝန်းကျင်နဲ့ ပတ်နိုင်တယ်ဆိုတာ ရှာတွေ့ခဲ့ပါတယ်။ သူဟာ နေနဲ့ မာကျူရီ ကြားကအကွာအဝေးထက်တောင် နီးပါသေးတယ် ပြီးတော့ ဂြိုလ်ပတ်လမ်းမှာ တစ်စက္ကန့်ကို ၁၃၆ ကီလိုမီတာ နှုန်းနဲ့ ရွေ့လျားနေပါတယ်။ ထုထည်ကတော့ ဂျူပီတာရဲ့ ထုထည် တစ်ဝက် အနည်းဆုံး ရှိပါတယ် ။
ဂြိုလ်ဟာ ခဲရောင် ရှိနေတယ်လို့ ယူဆရပြီး ဖန်လုံအိမ် သို့ ဒီရေ အတက်အကျ သက်ရောက်မှုတွေ မရှိပါဘူး ။ အပူချိန်ကလည်း ၁၂၆၅ K ( ခန့်မှန်းချေ ၁၀၀၀ ဒီဂရီ စင်တီဂရိတ် ၊ ၁၈၀၀ ဒီဂရီ ဖာရင်ဟိုက် ) ရှိပါတယ် ။
အစောပိုင်းရှာဖွေတွေ့ရှိမှုအရ 51 Pegasi b ဟာ အတွင်းမှာ သေးငယ်တဲ့ အညိုရောင်ဗဟိုတိုင် ဖြစ်ပေါ်နေပြီး လေးလံတဲ့ အရာတေွနဲ့ ဖွဲ့စည်းထားပါတယ်တဲ့ ။ ဒါပေမယ့် အခုတော့ ဒါကို ဓာတ်ငွေ့လုံးကြီးလို့ ယူဆပါတယ်။ သူဟာ လုံလောက်အောင်ကြီးမားပြီး လေထုအလွှာ ထူထပ်တာကြောင့် ကြယ်ရဲ့ ဆိုလာ လေတိုက်မှုနဲ့ အဝေးကိုပါမသွားတာပဲဖြစ်ပါတယ်။
သူဟာ ဂျူပီတာထက် ထုထည်နည်းပေမယ့် အချင်း ပိုကြီးပါတယ်။ ဂြိုလ်ဟာ သူ့ရဲ့ မိခင်ကြယ် ကို တစ်သမတ်တည်း လှည့်ပတ်နေပါတယ်။

တိုက်ရိုက် စမ်းသပ်ခြင်း

credit photo

ကြယ်ပတ်ဂြိုလ်ကနေ အလင်းပြန်လာတဲ့ မျက်စိနဲ့ မြင်ရတဲ့ ရောင်စဉ်ဖြာထွက်မှုနဲ့ ပထမဆုံးစမ်းသပ်ချက်ကို နိုင်ငံတကာ နက္ခတဗေဒ ပညာရှင်တွေက ပြုလုပ်ခဲ့ပါတယ်။ ပညာရှင်တွေက 51 Pegasi bက အလင်းရောင်ကို ချိုင်းလ်မှာရှိတဲ့ ဥရောပ တောင်ပိုင်း နက္ခတ်မျှော်စင်တွေထဲက လာစီလာ မျှော်စင်မှာ HARPS ကိရိယာကို သုံးပြီး လေ့လာခဲ့ပါတယ်။