Quarantine အမိန့်ကိုဆန့်ကျင်ကာ မင်္ဂလာပွဲကျင်းပခဲ့သော ဇနီးမောင်နှံ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရ

လက်ထပ်ပြီးကာစ ဇနီးမောင်နှံနှစ်ဦးဟာ ချမှတ်ထားတဲ့ quarantine ဥပဒေကိုချိုးဖောက်ကာ မင်္ဂလာပွဲကျင်းပခဲ့တာကြောင့် သူတို့ရဲ့မင်္ဂလာဦးညကတော့ ထောင်ထဲမှာပဲ ကုန်ဆုံးခဲ့ရပါတယ်။ ထိုစုံတွဲအပြင် မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့သော သင်းအုပ်ဆရာနဲ့ တက်ရောက်လာသော ဧည့်သည် ၅၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

Credit Photo

ထိုကဲ့သို့ အစုအပြုံလိုက်ဖမ်းခံရပြီးနောက် သတို့သားဖြစ်သူမှ သူ့ရဲ့ သတို့သမီးကို ဗင်ကားအတွင်းဝင်ဖို့ မင်္ဂလာဝတ်စုံကိုမကာ ကူညီပေးနေရတဲ့ ဗီဒီဖိုင်တစ်ခုဟာ တွစ်တာမှာ ရေပန်းစားခဲ့ပါတယ်။ ဒီမင်္ဂလာပွဲကိုတော့ တောင်အာဖရိကနိုင်ငံ KwaZulu-Natal အရပ်မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

Credit Photo

တောင်အာဖရိကရှိ ထိုနေရာကိုတော့ လူစုလူဝေးမပြုလုပ်ဖို့အမိန့်ထုတ်ထားတာဖြစ်ပြီး ထိုနေရာကို အာဏာပိုင်များက သေနတ်နှင့် နှာခေါင်းစည်းများဝတ်ဆင်ကာ ရှင်းလင်းဖယ်ရှားခဲ့ရပါသေးတယ်။ ထိုစုံတွဲနဲ့ တက်ရောက်လာတဲ့ ဧည့်သည်တွေကတော့ လာမယ့်ဧပြီလ ၁၃ရက် တနင်္လာနေ့မှာ တရားရုံး၌ အမှုရင်ဆိုင်ရမယ်လို့သိရပြီး ထိုလူများရဲ့ နာမည်တွေကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

Credit Photo

ထိုနေရာကတော့ ကိုရိုနာဗိုင်းရပ် အသစ်ကူးဆက်မှုတွေကို လျော့ချနိုင်ဖို့ လူစုလူဝေးမလုပ်ကြဖို့ အမိန့်ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ တောင်ဖရိကနိုင်ငံဟာ အခြားအာဖရိကတိုက်ရှိ နိုင်ငံများနဲ့ယှဉ်ပါက ရောဂါကူးစက်နှုန်းဟာ အမြင့်ဆုံးဖြစ်နေပြီး၊ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ၁၈၄၅ယောက်နဲ့ သေဆုံးသူ ၁၈ယောက်အထိရှိနေတာလည်းဖြစ်ပါတယ်။

Credit Photo

ထိုသို့ကူးစက်သူမြင့်မားလာတာဟာ အစိုးရအနေနဲ့ ရောဂါကူးစက်မှုကို လျော့ချနိုင်ဖို့အတွက် အစုအပြုံလိုက် စမ်းသပ်ဖို့ကြိုးစားရကနေ ယခုလိုမျိုး ကူးစက်ခံရသူတွေ မြင့်တက်လာခဲ့တာလို့လည်းသိရပါတယ်။အာဏာပိုင်တွေဟာ အစားအစာဝယ်ယူခြင်း၊ ကျန်းမာရေးကိစ္စများနှင့် မရှိမဖြစ်လုပ်ငန်းများမှလွှဲ၍ မည်သူမှ အိမ်အပြင်မထွက်ကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

Credit Photo

Quarantine ပြုလုပ်နေတဲ့ ရက်အနည်းမှာတော့ ထုတ်ပြန်ထားတဲ့ အမိန့်ကိုမနာခံတာကြောင့် လူပေါင်း ၁၇၀၀၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့ရပါသေးတယ်။ တောင်အာဖရိကရဲ့ ဆက်သွယ်ရေးဝန်ကြီးဖြစ်သူ Stella Ndabeni-Abrahams မှ ယခင်အရာရှိ တစ်ဦးနဲ့အတူ စည်းကမ်းချိုးဖောက်ကာ နေ့လည်စာစားခဲ့သောကြောင့် အလုပ်ကနေ အထူးခွင့်နဲ့ နှစ်လတိတိ နားခိုင်းခဲ့ပါတယ်။ ထိုမင်္ဂလာဆောင် ကိုဖမ်းဆီးလိုက်တာဟာ Quarantineစည်းကမ်း ကိုမည်သည့် လုပ်ရပ်မျိုးနဲ့မှ ချိုးဖောက်လို့မရဘူးဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။

Video ကြည့်ရန်

References :www.unilad.co.uk

*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***