ကောင်းကင်ယံကကြယ်တွေရဲ့ မွေးဖွားခြင်းနှင့် သေဆုံးခြင်းဖြစ်စဉ်

ကြယ်တွေ ဘယ်လိုမွေးဖွားလာကြလဲ

credit photo

နက္ခတဗေဒပညာရှင်တွေ ယုံကြည်ထားတာက မော်လီကျူလာ တိမ်တိုက်တွေ ထူထပ်သိပ်သည်းတဲ့ ဓာတ်ငွေ့တိမ်တိုက်တွေ ……
အထူးသဖြင့် ဂလက်စီရဲ့ စပရိန်ပုံစံလက်တံတွေထဲမှာ တည်ရှိနေတဲ့ အရာတွေက ကြယ်တွေ မွေးဖွားရာနေရာဖြစ်ကြပါတယ်တဲ့
ဒီတိမ်စိုင်တွေထဲမှ သိပ်သည်းလွန်းတဲ့ နေရာတွေ ပြိူကျလာကာ ‘ပရိုတိုကြယ်’ ဆိုပြီး ဖြစ်ပေါ်လာပါတယ်။ အစပိုင်းမှာတော့ ဒီပြိုဆင်းလာတဲ့ကြယ်တွေရဲ့ ဆွဲငင်အားက သူ့ရဲ့ စွမ်းအင်အရင်းအမြစ်ဖြစ်ပါတယ်။ ပင်မဗဟိုချက်မှာ ဟိုက်ဒရိုဂျင်ကနေ ဟီလီယမ် အဖြစ် လောင်ကျွမ်းပြီး သိပ်သည်းလာကာ ‘ main sequence star ‘ထဲက ကြယ်တစ်ပွင့် ဖြစ်လာပါတယ်

MAIN SEQUENCE STARS

credit photo

Main sequence stars ဆိုတာကတော့ အလယ်ဗဟိုမှာ ဟိုက်ဒရိုဂျင် အက်တမ်ပါဝင်ပြီး ဟီလီယမ်အဖြစ်ပြောင်းလဲနိုင်ပြီး အပြင်နဲ့ အတွင်း ဖိအား နဲ့ ဆွဲအားကိုတည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ နေလိုဖွဲ့စည်းပုံနဲ့ ကြယ်တွေကို ဆိုလိုတာပါ။ ဒီဖွဲ့စည်းပုံနဲ့ ကြယ်ရဲ့ သက်တမ်း တောက်ပမှုတစ်ယူနစ်မှာ ကြယ်ကနေ ထွက်တဲ့ စုစုပေါင်း စွမ်းအင်ဖြာထွင်မှုတွေက သူ့ရဲ့ ထုထည်ပေါ်မူတည်ပါတယ်။ နေထက်ဆယ်ဆလောက်ကြီးမားတဲ့ ကြယ်တွေက နေထက် ပိုတောက်ပပြီး ပိုပြီး အပြာရောင် ရင့်ရင့် ရှိတတ်ပါတယ်
ဥပမာ – ဆိုင်းရီးရပ်စ် နဲ့ အိုရီရွန်ဟာ နေထက်ပိုကြီးပြီး ပိုပြာပါတယ်
နေထက်ပိုသေးတယ့် ပရော်စီမာ ဆန်ကျူရီကတော့ တောက်ပမှူနည်းပြီး အနီဘက်ပိုသွားပါတယ်
ကြယ်တစ်လုံးဟာ သူ့ရဲ့ အလယ်ဗဟိုက ဟိုက်ဒရိုဂျင်ကုန်တာနဲ့ နီလာ ကြီးလာ တောက်ပလာပါတယ်။ အနီရောင်ကြယ်ကြီး ဖြစ်လာတာပေါ့.ဒီလို သက်တမ်းနဲ့ထုထည်ပတ်သက်မှုဟာ ပညာရှင်တွေကို စကြဝဌာကြီးရဲ့ အနည်းဆုံးသက်တမ်းကို ခန့်မှန်းလို့ရစေပါတယ်။

သာမန်ကြယ်တစ်လုံး သေဆုံးခြင်း

credit photo

ထုထည်နည်းတဲ့ နေလို ကြယ်မျိုး အလယ်ဗဟိုက ဟိုက်ဒရိုဂျင် ကုန်ဆုံးသွားပြီး ဆွဲငင်အားကိုဆန့်ကျင်ဖို့ အလယ်ဗဟို ကိုထောက်ပံ့ပေးမယ့် အပူစွမ်းအင်အရင်းအမြစ်မရှိဘူးဆိုပါတော့ …… ဗဟိုချက်ပတ်လည်က အခွံမှာ ဟိုက်ဒရိုဂျင်က ဆက်လက်လောင်ကျွမ်းနေပြီး အနီရောင်ကြယ်ကြီး ဖြစ်လာတယ်။ နေသာ ခုလိုဖြစ်လာရင် သူ့ရဲ့ လေထုက ကမ္ဘာကြီးကို လွှမ်းခြုံလာပြီး လောင်ကျွမ်းပြာကျကုန်မှာပါ
​အနီရောင်ကြယ်ကြီး ဖြစ်လာချိန်မှာတော့ သူ့ရဲ့ အလယ်ဗဟိုက ဆွဲငသ်အားသက်ရောက်မှုကြောင့် ဟီလီယမ်ကနေ ကာဗွန်အဖြစ် စတင်လောင်ကျွမ်းနိုင်တဲ့ သိပ်သည်း ဆ မရောက်မချင်း ကြွေကျလာမှာပါ ဒီအဆင့်မှာ နေဟာ ဂျူပီတာ ဘက်ကို ကပ်လာပြီး သူ့ရဲ့ အဝန်းအဝိုင်းထဲက ထုထည်အားလုံးဆုံးရှုံးသွားမယ်။ ထွက်လာတဲ့ ဓာတ်ငွေ့ထဲက နျူဗျူလာထဲမှာ နစ်မြုပ်နေတဲ့ ပူလောင်နေတဲ့ ကာဗွန်အလယ်ချက်ကို ချန်ထားခဲ့တယ်။ တဖြည်းဖြည်းနဲ့ ကာဗွန်ဗဟိုက အေးလာပြီး တစ်ချိန်က တောက်ပခဲ့တဲ့ကြယ်ကနေ မှေးမှိန်သေးငယ်တဲ့ ကြယ်ဖြူလေးတစ်လုံးဖြစ်လာတယ်။

ကြီးမားတဲ့ကြယ်တွေရဲ့ သေဆုံးခြင်း

credit photo

ကြီးမားတဲ့ကြယ်တွေဟာ ပိုပြီးတောက်ပသလို ပိုပျက်ဆီးလွယ်ပါတယ်။ နေထက်ဆယ်ဆကြီးတဲ့ ကြယ်ရဲ့ အလယ်ဗဟိုမှာ ဟီလီယမ်ကုန်ဆုံးချိန် နျူကလီးယားလောင်ကျွမ်းမှု ဆက်လက်ဖြစ်ပေါ်နေပါတယ်။ အဲဒီလိုကနေ အပူချိန်မြင့်တက်လာလိုက်တာ နောက်ဆုံး အိုင်းရွန်းပါ လောင်ကျွမ်းနိုင်တဲ့ထိရောက်လာပါတယ်။ အိုင်းရွန်းလောင်ကျွမ်းမှုကနေ ဘာစွမ်းအင်မှမရနိုင်တာကြောင့် ဆွဲငင်အားကို ဟန်ချက်ညီအောင်ထိန်းဖို့ အပူအရင်းအမြစ်မရှိတော့ပါဘူး။အိုင်းရွန်းကတော့ နျူကလီးယားသိပ်သည်းဆထိကို မရောက်မချင်းပေါ့။ နောက်ဆုံး အိုင်းရွန်းမှာ သိပ်သည်းဆ မြင့်တဲ့ အလယ်ဗဟိုရှိလာတဲ့အခါ ပြိုဆင်းလာတဲ့ အရာတွေက နောက်ထဲ မကျဆင်းတော့ပဲ အလယ်ဗဟိုချက်ကို ပြန်တက်သွားပါတယ်။ ဒီလိုဖြစ်စဥိကနေ ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပေါ်လာပါတယ်။
အဲဒီကနေမှ ကာဗွန် အောက်စီဂျင် စီလီကွန် နဲ့ တခြားလေးလံတဲ့အရာတွေက ကြယ်တွေကြားထဲကိုဝင်လာပြီး ဒီလို လေးလံပြီး ဓာတ်ငွေ့တွေနဲ့ ပြည့်နေတဲ့ အရာက အနာဂတ် ကြယ်နဲ့ ဂြိုလ်တွေမှာပြန်ပါဝင်လာပါတယ်။
စူပါနိုဗာလို့ခေါ်တဲ့ ပေါက်ကွဲမှုဖြစ်စဉ်မရှိရင်တော့ ဒီကြယ်ကြီးတွေရဲ့သေဆုံးမှူမှာ ကာဗွန် အောက်စီဂျင် တခြား အရာတွေလည်း ရှိလာနိုင်မှာမဟုတ်ပါဘူး။

နျူထရွန်ကြယ်ရဲ့ပူပြင်းနေတဲ့ ဗဟိုချက် အေးမြလာချိန်မှာတော့ နျူထရွန်ကြယ်ဖြစ်လာပါတယ်။ သူ့ကိုတော့ အားကောင်းတဲ့ ရေဒီယို လှိုင်းတွေ တဖြတ်ဖြတ် ထုတ်လွှင့်နေတဲ့ ကြယ်မှုန် အဖြစ် ထောက်လှမ်းရနိုင်ပါတယ်။ သူ့ရဲ့ ဘိုးဘေးကြယ် ထုထည်ကြီးမားလာရင် သူကနေတစ်ဆင့် ဖြစ်ပေါ်လာတဲ့ နျူထရွန်ကြယ် ဗဟိုကလည်း လေးလာပြီး ဆွဲင်အားကို မတွန်းကန်နိုင်တာကြောင့် ကြွေကျပြီး အာကာသ တွင်းနက်ကြီး ( black hole) ဖြစ်လာပါတယ်။