
ရိုမန်နီးယားက ကလပ်ဂျ် နာပိုကာ မှာ မြို့သူမြို့သားတွေက ဘတ်စ်ကားလက်မှတ်အတွက် ထိုင်ထ အခါ ၂၀ လုပ်ပြီး ပေးချေနိုင်ပါတယ်တဲ့ ။ ဒီစိန်ခေါ်မှုကိုတော့ မမ်မိုရန် ဒူမူလိုင် ဆက်ဒ် ကားဂိတ်မှာ ထားရှိထားတာပါ။ ထိုင်ထကို ပြီးအောင်လုပ်နိုင်တဲ့ ခရီးသည်တွေဟာ ခုနှစ်ရက်အတွင်း အသုံးပြုနိုင်တဲ့ မြို့တင်း အသွားအလာအတွက် တစ်ကြောင်းစာ ကားလက်မှတ် အလကားရရှိမှာပါ ။

၂ပတ်တာ ကြာမြင့်မယ့် ကျန်းမာရေးလှုပ်ရှားမှုကို ရိုမန်နီးယားက အကြီးဆုံး အားကစားပေါင်းစုံ ပွဲတော်က စီစဉ်တာပဲ ဖြစ်ပါတယ်။ မြို့မှာနေထိုင်တဲ့ မြို့သူမြို့သားတွေကြားမှာ ကိုယ်လက်လှုပ်ရှားမှု ကျန်းမာတဲ့ နေထိုင်မှုပုံစံကို ကျင့်သုံးတတ်လာအောင်ပါ။သက်ကြီးရွယ်အိုတွေနဲ့ မသန်စွမ်းသူတွေကတော့ ကားလက်မှတ်ကို အလကားရရှိမှာပါ ။

ဗီဒီယိုကင်မရာတပ်ဆင်ထားတဲ့ ရုံငယ်လေးကို မမ်မိုရန် ဒူမူလိုင် ဆက်ဒ် ဘတ်စ်ကားဂိတ်ရှေ့မှာ တပ်ဆင်ထားပါတယ်။ ခရီးသည်တွေက ကျန်းမာရေးလက်မှတ်လို့ခေါ်တဲ့ ကားလက်မှတ်ကို အလကားရဖို့ နှစ်မိနစ်အတွင်း ထိုင်ထ အခါ ၂၀ လုပ်ရပါတယ် ။

ကမ်ပိန်းအတွင်းမှာ လက်မှတ်ပေါင်း ၁၄၅၀၀ သုံးစွဲခဲ့ပြီး ကနဦးခန့်မှန်းချေထက် ပိုတယ်လို့ဆိုပါတယ်။ ပရိုမိုးရှင်းအဆုံးမှာတော့ ရိုမန်းနီးရန်း ပြည်သူတွေက ထိုင်ထ စုစုပေါင်း တစ်မီလီယျံကျော် လုပ်ခဲ့တဲ့ ဒုတိယ အကြီးဆုံးမြို့တော် ဖြစ်လာခဲ့ပါတယ်။

ခရီးစဉ်တစ်ကြောင်းစာအတွက် ပုံမှန်ကုန်ကျငွေကတော့ ရွန် ၂.၅ ( ၀.၅ ဒေါ်လာ ) ဖြစ်ပါတယ်တဲ့ ။