
ကမ္ဘာနဲ့တူတဲ့ ဂြိုလ်နှစ်လုံးဟာ ကျွန်မတို့နဲ့ အလင်းနှစ် ၃၃ နှစ် အကွာအဝေးမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ထိုတွေ့ရှိခဲ့တဲံ နေအဖွဲ့အစည်းစနစ်ဟာ ကမ္ဘာကြီးရဲ့ အနီးဆုံးထဲက တစ်ခုဖြစ်ပြီး နာဆာရဲ့ ကြယ်ပတ်ဂြိုလ် တိုင်းတာရေး ဂြိုလ်တု (TESS) ကနေပြီးတော့ ၂၀၂၁ အောက်တိုဘာမှာ တွေ့ရှိခဲ့တာပါ။ ဒါကိုအတည်ပြုဖို့အတွက် သိပ္ပံပညာရှင်တွက လပေါင်းများစွာ အချိန်ယူခဲ့ရပါတယ် ။

ထိုစနစ်ထဲမှာ သူ့ရဲ့ ကြယ် HD 260655 ရဲ့ အလင်း အတိုးအလျော့ကို သူ့ရဲ့ ပတ်လမ်းမှာ ဖြတ်သန်းနေကြတဲ့ ကြယ်ပတ်ဂြိုလ်တွေက ပြုလုပ်ပေးတာပါ။ သိပ္ပံပညာရှင်တွေက နောက်ဆုံးမှာတော့ ဇွန်လ၁၆ရက်နေ့မှာ ကယ်လီဖိုးနီးယား ပါဆာဒီနာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ အမေရိကန် နက္ခတဗေဒ အစည်းအရုံး ရဲ့ အစည်းအဝေးမှာ ကြေငြာချက်ထုတ်နိုင်ခဲ့ပါတယ်။

“အိမ်နီးနားချင်းဖြစ်တဲ့ နေအဖွဲ့အစည်းစနစ်မှာ အနည်းဆုံး ကျွန်မတို့ ကမ္ဘာဂြိုလ်ရဲ့ အရွယ်ရှိတဲ့ ဂြိုလ်နှစ်လုံးပါဝင်ပါတယ် ဒါပေမယ့် ဘယ်တစ်ခုကမှ သက်ရှိတွေကို လက်ခံနိုင်မယ့် ပုံမပေါ်ပါဘူးလို့” ထုတ်ပြန်ခဲ့တဲ့ထဲမှာ ပြောကြားထားပါတယ်။ တွက်ချက်မှုတွေအရတော့ ဂြိုလ်နှစ်လုံးဟာ သူတို့ကြယ်တွေကို မျက်နှာပြင်ပေါ်မှာ ရေကို အရည်အဖြစ်ထိန်းထားနိုင်လောက်တယ့် အကွာအဝေးကနေ လှည့်ပတ်နေတယ်လို့ ဆိုပါတယ်။
တကယ်တော့ ဒီဂြိုလ်နှစ်လုံးထဲက တစ်လုံးဖြစ်တဲ့ HD 260655b က ကမ္ဘာထက် ၁.၂ ဆပိုကြီးပြီး သူ့ ရဲ့ ကြယ်ကို ပတ်ဖို့အတွက် ၂.၈ရက်ပဲ အချိန်ကြာပါတယ် ။ တခြားတစ်ခုဖြစ်တဲ့ HD 260655 c ကတော့ ကမ္ဘာထက်ကို ၁.၅ဆ ကြီးပြီး တစ်ပတ်ပြည့်အောင်ပတ်ဖို့ ၅.၇ရက်ကြာပါတယ်။

ဂြိုလ်တွေရဲ့ မိခင်ကြယ်ဟာ M အမျိုးအစား သေးငယ်တဲ့ ကြယ်လေးဖြစ်ပြီး အရွယ်အစားနဲ့ အလင်းက နေရဲ့ ဆယ်ပုံတစ်ပုံပဲရှိပါတယ် ။ ဂြိုလ်တွေရဲ့ မျက်နှာပြင်ပေါ်က အပူချိန်တွေက ၈၁၈ ဒီဂရီ ဖာရင်ဟိုက် (၄၃၇ ဒီဂရီဆဲလ်စီးရပ်) နဲ့ ၅၄၈ ဒီဂရီဖာရင်ဟိုက် အသီးသီးရှိကြပါတယ်။ဒီဂြိုလ်ပေါ်မှာ ရေတွေ ကာဗွန်ကို အခြေခံတဲ့ သက်ရှိတွေ ရှိနိုင်မလား။လူသားတွေ အခြေချနေထိုင်လို့ရတဲ့နေရာဖြစ်နိုင်မလား ဆိုတာတော့ လေ့လာနေကြတုန်းပါပဲသိပ္ပံပညာရှင်တွေကတော့ နောက်ထပ် ကြယ်ပတ်ဂြိုလ်တွေ တွေ့ရှိဖို့ကို မျှော်လင့်နေကြတုန်းပါ။