
ပရိသတ်ကြီးတို့အနေနဲ့ ဆိုရှယ်မီဒီယာပေါ်က သတင်းတွေကို ကြည့်ပြီးတဲ့အချိန်မှာ ကျွန်ုပ်တို့ကြားထဲက လက်တွေ့ကျတဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ဆင်ခြင်ဉာဏ်တွေကို လွယ်လွယ်လေးနဲ့ မေ့လျော့ သွားတတ်ကြပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ ပရိသတ်အားလုံး ဗဟုသုတရစေနိုင်မယ့် ဂလိုက်ဒါကို တီထွင်ခဲ့တဲ့ Wright ညီနောင်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက် ၁၀ချက်ကို တင်ဆက်ပေးလိုက်ပါတယ်
အားလုံးပဲ ဗဟုသုတတွေ တိုးပွားလာနိုင်ကြပါစေနော်
(၁)
Wilbur Wright ကို ၁၈၆၇ အင်ဒီရားနား မီလ်ဗီလီမှာ မွေးဖွားခဲ့ပါတယ် ပြီးတော့ Orville ကို ၁၈၇၁ အိုဟိုင်းရိုး ဒေတန်မှာ မွေးဖွားခဲ့တာပါတယ် ။ သူတို့ဟာ ခရစ်ယာန်ဂိုဏ်းအုပ်ဖြစ်တဲ့ Milton Wright နဲ့ Susan Catherine Koerner Wright ရဲ့ သားသမီး ခုနှစ်ယောက်ထဲက နှစ်ယောက်ဖြစ်ပါတယ်တဲ့။

(၂)
Wilbur ရော Orville ရော နှစ်ယောက်လုံးဟာ အထက်တန်းကျောင်း သို့ ကောလိပ်ကို တစ်ယောက်မှ မတက်ရောက်ဖူးပါဘူးတဲ့။ သူတို့ညီမငယ်လေး Katharine သာ ကောလိပ်ကို ပြီးဆုံးအောင် တက်နိုင်ခဲ့တဲ့ မိသားစုထဲက တစ်ဦးတည်းသောသူပါ။ သူမဟာ သူ့အစ်ကိုနှစ်ယောက်ရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ပါရမီဖြည့်ပေးခဲ့ပါတယ်
(၃)
Wright ညီအစ်ကိုနှစ်ယောက်လုံးဟာ အိမ်ထောင်လည်း မပြုသလို ကလေးလည်းမရှိပါဘူး

(၄)
ညီအစ်ကို နှစ်ယောက်လုံးဟာ ပျံသန်းဖို့အတွက် မွေးဖွားလာကြတာတော့မဟုတ်ပါဘူး။ သူတို့ဟာ ပုံနှိပ်လုပ်ငန်းနဲ့ စက်ဘီးဆိုင်လေးဖွင့်ရင်းကနေ ပျံသန်းဖို့အတွက် အယူအဆ သဘောထားတွေကို အရမ်း စိတ်ဝင်စားလာခဲ့ကြတာပါ
(၅)
၁၉၀၃ ဒီဇင်ဘာ ၁၇ မှာ ညီအစ်ကိုတွေဟာ လေယာဉ်မှူးတစ်ယောက်ပါပြီး ထိန်းချုပ်နိုင်တဲ့ ပထမဆုံးလေယာဉ်ပျံကို စမ်းသပ်အောင်မြင်ခဲ့ပါတယ်။ လေယာဉ်ပျံလို့ လူတွေ သိထားကြတဲ့ Wright flyer ပေါ့။ပျံသန်းမှုက Orvilleနဲ့အတူ မြောက် ကယ်ရိုလိုင်းနား နယ်စွန်မှာ အမြင့်ပေ ၁၀ပေခန့် အကွာအဝေး ပေ ၁၂၀ အချိန် ၁၂ စက္ကန့်ကြာမြင့်ခဲ့ပါတယ်။အဲဒီအမှတ်ရစရာ နေ့လေ့မှာ သူတို့ညီအစ်ကို နှစ်ဦးဟာ စုစုပေါင်း လေးကြိမ် ပျံသန်းခဲ့ပါတယ်။

(၆)
အောင်မြင်မှု ရပြီးနောက်ပိုင်းမှာလည်း ညီအစ်ကိုနှစ်ဦးဟာ ဒေတန်နားမှာ သိုသိုသိပ်သိပ်နဲ့ ထပ်ပြီး ကြိုးစားအားထုတ်ခဲ့ပါတယ်။ အသိအမှတ်ပြုမှုတွေ ကျော်ကြားမှုတွေ ရောက်လာပေမယ့်လည်း သက်ဆိုင်ရာမူပိုင်ခွင့်တွေအတွက် တရားဥပဒေစစ်ပွဲတွေ ကျော်ဖြတ်ခဲ့ရပါသေးတယ် ။ ဒါကြောင့်ပဲ ဒီနေ့ထိ သူတို့ရဲ့ ပထမဆုံး တီထွင်မှုက လုံး၀ ပျောက်ဆုံးမသွားသေးတာပါ
(၇)
ညီအစ်ကိုနှစ်ယောက်ဟာ သူတို့ရဲ့ ပျံသန်းမှုအတွေ့အကြုံ ရယ် စီးပွားရေးအတွေ့အကြုံရယ်ကို ပူးပေါင်းပြီး သက်တမ်းသိပ်မကြာလိုက်တဲ့ လေယာဉ်ပျံ ထုတ်လုပ်ရေးနဲ့ သင်တန်းကျောင်းကို ၁၀၉၀ မှာ Wright ကုမ္ပဏီနာမည်နဲ့ ဖွင့်လှစ်ခဲ့ပါတယ်

(၈)
Wilbur ကတော့ ၁၉၁၂ အသက်၄၅ နှစ်မှာ တိုက်ဖိုက်ရောဂါနဲ့ သေဆုံးခဲ့ပြီး Orville ကတော့ နှလုံးရောဂါနဲ့ ၁၉၄၈ အသက် ၇၆ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ် ။ သူတို့နှစ်ဦးစလုံးကို ဒေတန်က ၀ုဒ်လန်း သုသာန်မှာ မြှုပ်နှံခဲ့ပါတယ်
(၉)
၁၉၄၈ မတိုင်ခင်ထိ Wright ရဲ့ လေယာဉ်ကို စမစ်ဆိုနီးရန်း အဖွဲ့ရဲ့ အမျိုးသား လေကြောင်းနဲ့ အာကာသ ပြတိုက်မှာ ပြသထားချင်းမရှိပါဘူး ။ ဒီပြဿနာကတော့ Orville သေဆုံးပြီးနောက်ပိုင်းမှာတော့ ပြေလည်သွားခဲ့ပါတယ်။

(၁၀)
အများပြည်သူ သုတေသန တက္ကသိုလ်ဖြစ်တဲ့ Wright ပြည်နယ်တက္ကသိုလ်ကိုတော့ ညီအစ်ကို နှစ်ဦးသေဆုံးပြီးနောက်ပိုင်း အမည်ပေးခဲ့တာဖြစ်ပါတယ်။
ကဲ ဒီလောက်ဆို ဒီနေ့အတွက် စာဖတ်သူပရိသတ်ကြီးတို့ ဗဟုသုတအဖြစ် သိမှတ်စရာ လေးတွေ ရလောက်ပြီလို့ မျှော်လင့်ပါတယ်