
ကလေးအမေစိတ်ပူအောင် သမီးလေးရဲ့ဓာတ်ပုံတွေကို Photoshop နဲ့ပြုပြင်ပြီး ပေးပို့ခဲ့တဲ့အမျိုးသား
ဘယ်လ်ဂျီယမ်နိုင်ငံက Kenny Deuss ဆိုတဲ့အမျိုးသားဟာ ဓာတ်ပုံရိုက်ခြင်း၊ ဓာတ်ပုံတွေကို Photoshop နဲ့ပြုပြင်ခြင်းတွေမှာ ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Kenny မှာတော့ သူ့ရဲ့အတူနေချစ်သူနဲ့အတူ သမီးငယ်လေးနှစ်ယောက်ရှိပါတယ်။ ကလေးအမေဖြစ်သူက အဝေးတစ်နေရာရောက်နေချိန်မှာ Kenny ကို သမီးလေးတွေ “အဆင်ပြေရဲ့လား” ဆိုပြီး မေးလေ့ရှိပါတယ်။ ဒါပေမဲ့ Kenny ကတော့ ကလေးအမေစိတ်ပူအောင် သမီးလေးတွေရဲ့ဓာတ်ပုံတွေကို Photoshop နဲ့ပြုပြင်ပြီး သမီးလေးအန္တရာယ်ရှိနေတဲ့ပုံစံအနေအထားနဲ့ ဓာတ်ပုံတွေကို ကလေးအမေဖြစ်သူထံ ပေးပို့ခဲ့တာပဲဖြစ်ပါတယ်။ အောက်ဘက်မှာတော့ Kenny ပြုပြင်ထားတဲ့ သမီးလေးရဲ့ဓာတ်ပုံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။