အာကာသထဲမှာ အမှိုက်တွေ ဘယ်လောက်တောင် ရှိနေပြီလဲ

အာကာသကြီးကို ကြည့်ရတာ ဟင်းလင်းပြင်ကြီးတစ်ခုနဲ့ တူပါတယ်။ ပြီးတော့လည်း စကြ၀ဌာကြီးရဲ့ ထုထည်က သင့်ကိုသေစေနိုင်လောက်တဲ့ လေဟာနယ်တစ်ခုပါ။ ဒါပေမယ့်လည်း လူသားမျိုးနွယ်က နောက်ဆုံးနယ်မြေသစ်ကနေ အမှတ်တရတွေ ယူလာရုံတင်မက ခြေရာတွေပါ ချန်ရစ်ထားခဲ့ပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ လူသားတွေက အမှိုက်တွေလည်း တပုံကြီး ချန်ထားရစ်ခဲ့ပါတယ်။

credit photo

ကမ္ဘာကြီးရဲ့ ဂြိုလ်ပတ်လမ်းထဲမှာ ယူအက်စ် အာကာသစောင့်ကြည့်ရေး အဖွဲ့အစည်းရဲ့ ခြေရာကောက်ချက်များအရ ၁၀ cm ထက်ကြီးမားပြီး အလုပ်မလုပ်တော့တဲ့ ဂြိုလ်တုတေွ ရော့ကတ် အပိုင်းအစတွေဖြစ်တဲ့ အာကာသ အမှိုက်တွေ ၁၄၀၀၀ ထက်မနည်း ရှိနေပါတယ်တဲ့။အဲဒီထက် သေးငယ်တဲ့ အမှိုက်အတိုအစတွေလည်း မီလီယျံနဲ့ချီပြီး ရှိမယ်လို့ ခန့်မှန်းထားပါသေးတယ်
ကမ္ဘာ့ဂြိုလ်ပတ်လမ်းကြောင်းထဲက အရာ၀တ္ထုတွေရဲ့ မြင့်မားတဲ့ အရှိန်နှုန်းကြောင့် အင်မတန်သေးငယ်တဲ့ အာကာသထဲက အကျိုးအပဲ့ လေးကတောင် ပျက်ဆီးထိခိုက်မှုကို ဖြစ်စေနိုင်ပါတယ်။ အာကာသယာဉ်တွေရဲ့ ပြတင်းပေါက်တွေကို ဒီလို ထိခိုက်မှုတွေကြောင့်ပဲ မကြာခဏ ပြင်ဆင်ကြရပါတယ်
ဂြိုလ်တုတွေတောင်မှ ဒီလို ထိတွေ့မှုတွေကြောင့် ပျက်ဆီးတတ်ကြပါသေးတယ်။၂၀၀၉ ခုနှစ်မှာတော့ ရုရှားဂြိုလ်တုဟာ မိုတိုရိုလာ အီရီဒီယမ် ၃၃ နဲ့တိုက်မိပြီး ဂြိုလ်တုနှစ်ခုလုံး ပျက်ဆီးခဲ့ပါတယ် ။ ၂၀၁၃ ခုနှစ်မှာတော့ ရုရှား လေစာ ဂြိုလ်တု BLITS ဟာ မမျှော်လင့်ထားတဲ့ လမ်းကြောင်းပြောင်းလဲမှုကြောင့် မစ်ရှစ်ကို စွန့်ခွာခဲ့ ရပါတယ်။

credit photo

တရားခံက ဘယ်သူဖြစ်နိုင်မလဲ ………………………
၂၀၀၇ ခုနှစ်မှာ တရုတ် ဂြိုလ်တုဖျက်ဆီးမှု စမ်းသပ်ချက်ကနေ ဖျက်ဆီးထားခဲ့တဲ့ တရုတ် ဂြိုလ်တုရဲ့ ပျက်ဆီးသွားတဲ့ အပိုင်းအစတစ်ခုကြောင့်ပါပဲ။
ဒါဆိုရင် အာကာသထဲကြီးထဲက အမှိုက်တွေ အပျက်အဆီးအစအနတွေကို ဘယ်လို ရှင်းလင်းသွားကြမလဲ။
အာကာသအေဂျင်စီတွေနဲ့ ကုမ္ပဏီတွေကတော့ သူတို့ရဲ့ မစ်ရှင် ပြီးဆုံးတာနဲ့ ဂြိုလ်ပတ်လမ်းကြောင်းကနေ ထွက်ခွာမယ့် ဂြိုလ်တုမျိုးကို ထုတ်လွှတ်ဖို့ ခြေလှမ်း စနေပါပြီ

credit photo

အာကာသထဲက အပျက်အဆီး အစအနတွေကို ပိုက်ကွန်ဒါမှမဟုတ် တစ်ခုခုဖြင့် ထိုးယူ သိမ်းဆည်းဖို့ နည်းပညာစမ်းသပ်ချက်တွေလည်း ပြုလုပ်ထားပြီးပါပြီ။
ဂြိုလ်တုပေါင်း ၄၄၀၉ ခုရှိတဲ့ space X ရဲ့ STARLINK ပြီးတော့ အမေဇုန်ရဲ့ ပရောဂျက် ကူပီယာ တို့လို ဂြိုလ်ပတ်လမ်းကြောင်းမှာ ဂြိုလ်တုအရေအတွက်အများကြီးရှိနေကြတဲ့ အုပ်စုတွေမှာ အာကာသ အပျက်အဆီး လျော့ချရေး အစီအစဉ်တွေ ထည့်သွင်းဖို့ သက်ဆိုင်ရာဆီက ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြပါတယ်။