လစာမြန်မာငွေသိန်း (၄၀) ကျော်ရရှိနေသော လေယာဉ်အင်ဂျင်နီယာတစ်ယောက် လုပ်ငန်းရပ်နားထားသောကြောင့် အဲကွန်းပြင်တဲ့အလုပ်ကိုလုပ်ကိုင်

ယခုလက်ရှိကမ္ဘာ့စီးပွားရေးအခြေအနေအရ လူများစွာဟာ မိသားစုကိုဆက်လက်ထောက်ပံ့နိုင်ရန်အတွက် အခြားငွေရှာနိုင်မယ့်နည်းလမ်းများကိုရှာဖွေနေကြရပါတယ်။ အကြွေးဝယ်ကဒ်တွေနဲ့ အခြားပေးဆောင်ရမယ့် Bill စာရွက်တွေကလည်း ရပ်တန့်နေမှာမဟုတ်ဘဲ ဒါတွေအတွက် ကျွန်တော်တို့ တာဝန်ယူကြရမှာပါ။ ယခင် ကလေယာဉ်အင်ဂျင်နီယာအလုပ်ကတော့ သက်တောင့်သက်တာနဲ့ လုပ်ကိုင်ရသလို ရရှိတဲ့ လစာကလည်း မိသားစုကိုထောက်ပံ့နိုင်တာထက်ကို ပိုလျှံနေပါသေးတယ်။

Credit Photo

ကံမကောင်းအကြောင်းမလှစွာဘဲ ထိုင်းနိုင်ငံ မှထိုလေယာဉ်အင်ဂျင်နီယာတစ်ဦးဟာ မိမိရဲ့လေကြောင်းကုမ္ပဏီသည် ကိုရိုနာ ကြောင့်လုပ်ငန်းရပ်နားခဲ့ရတာမို့ အခြားနည်းလမ်းတစ်ခုနဲ့ ဝင်ငွေရှာဖွေဖို့ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ Folkky Chutiphong လို့ခေါ်တဲ့ ထိုအမျိုးသားကတော့ သူရဲ့အဖြစ်အပျက်ကို ဖေ့ဘွတ်မှာမျှဝေခဲ့ပြီး ဖတ်ရှုရတဲ့ လူအများရဲ့ နှလုံးသားကိုထိမိစေခဲ့ကာ သူက အကျပ်အတည်းကာလမှာတောင် မျှော်လင့်ချက်ရှိနေသေးကြောင်း ပြောကြားခဲ့ပါတယ်။

Credit Photo

သူဟာ လေယာဉ် ကုမ္ပဏီမှာအလုပ်လုပ်စဉ်က တစ်လကို ဘတ် ၁သိန်းနီးပါး(ကျပ် ၄၃ သိန်းကျော်) လောက်လစာရရှိခဲ့ပါတယ်။ ဒါပေမယ့် ယခုစီးပွားရေးကျဆင်းလာမှုတွေကြောင့် သူရဲ့ ကုမ္ပဏီမှ သူ့ကိုယခုအချိန်မှာ လုပ်ငန်းကို ခဏရပ်နားထားရမှာဖြစ်ကြောင်း စာပို့လာခဲ့ပါတယ်။ သူရဲ့ဝင်ငွေက ရပ်တန့်သွားခဲ့သော်လည်း အိမ်တွင်းကုန်ကျစရိတ်များမှာရပ်တန့်မနေခဲ့တာကြောင့် သူ့အနေနဲ့ စိတ်ဖိစီးမှုများကြုံတွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

Credit Photo

Mr Chutiphong သည် ဝင်ငွေရှာဖွေဖို့နည်းလမ်းသစ်ကို စဉ်းစားခဲ့ပြီးနောက် သူငယ်ချင်းနဲ့ တိုင်ပင်ကား လေအေးပေးစက် သန့်ရှင်းရေးကုမ္ပဏီထောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ယခုအချိန် ထိုင်းငံရဲ့ ရာသီဥတုမှာလည်း ပူပြင်းလှတာမို့ သူ့အနေနဲ့ အလုပ်တွေပိုတွင်ကျယ်စွာလုပ်ကိုင်နိုင်ဖို့အခွင့်အလမ်းများရလာခဲ့ပါတယ်။ Mr Chutiphong နဲ့ သူ့သူငယ်ချင်းဟာ ကုမ္ပဏီထောင်ပြီး ၁ပတ်ကျော်ကြာပြီးနောက်မှာတော့ တစ်နေ့ကို အဲကွန်းခြောက်လုံးထိကို သန့်ရှင်းပေးရကြောင်းသိရပါတယ်။

Credit Photo

သူတို့ရဲ့ Aircon တစ်လုံးသန့်ရှင်းခ ကတော့ ၃၅၀ဘတ်(၁၅၀၀၀ ကျပ်ခန့်) ကျသင့်မှာဖြစ်ပြီး သုံးလုံးကျော်မှသာ တစ်လုံးကို ဘတ် ၃၀၀(၁၂၉၀၀ ကျပ်ခန့်) ပဲယူကြောင်းသိရပါတယ်။ ထိုဈေးနှုန်းထားအရ သူတို့နှစ်ဦးရဲ့ တစ်ရက်ဝင်ငွေကတော့ ခန့်မှန်းခြေအားဖြင့် ၂၁၀၀ဘတ်(၉၀၃၀၀ ကျပ်ခန့်)ရရှိတာဖြစ်ပြီး တစ်ပတ်ကို ၆ရက် အလုပ်လုပ်ကြကြောင်းသိရပါတယ်။

Credit Photo

သူတို့ဟာ တစ်လကို စုစုပေါင်း ၅၀၄၀၀ဘတ်(ကျပ် ၂၁ သိန်းခန့်) ခန့်ရရှိကြကာ ပစ္စည်းတန်ဖိုးဖယ်လိုက်ပါက ၂၀၀၀၀ဘတ်(၈၆၀၀၀၀ ကျပ်) ခန့်မြတ်ကြောင်းသိရပါတယ်။ Mr Chutiphong ကတော့ အခက်အခဲတွေကြုံတွေ့နေရင်တောင်မှ မိသားစုကို ထောက်ပံနိုင်ဖို့ ဆက်လက်လုပ်ကိုင်သွားမယ်လို့လည်း သိရပါတယ်။

References :worldofbuzz.com

*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***