
နက္ခတဗေဒပညာရှင်တွေက FRB Fast Radio Burst ရဲ့ပုံစံအသစ်တစ်မျိုး၏ ဒုတိယနမူနာပုံစံကို ရှာဖွေဖို့ရန် ကမ္ဘာ့အကြီးဆုံး ရေဒီယို တယ်လီစကုပ်နှစ်ခုကို အသုံးပြုခဲ့ပါတယ်.
FRB ဆိုတာဟာ အရမ်းကို လျှို့ဝှက်ဆန်းကြယ်ပြီး တစ်ရက်ကို အကြိမ်ပေါင်းထောင်ချီ အာကာသအတွင်းထဲမျာ ဖြတ်သန်းနိုင်တဲ့ ရေဒီယိုလှိုင်းတွေရဲ့ အင်မတန်စွမ်းအားကြီးမားတဲ့ ပေါက်ကွဲမှုများဖြစ်ပါတယ်။
FRB အသစ်ဖြစ်တဲ့ FRB 190520 ဟာ များစွာသော အာကာသထဲက အရာ၀တ္ထုတွေဟာ ရှင်းပြရခက်တဲ့ အချက်ပြမှုတွေရဲ့ အရင်းအမြစ်ဖြစ်နိုင်တယ်ဆိုတဲ့ အကြောင်းရဲ့ ခိုင်မာတဲ့ သက်သေတစ်ခုဖြစ်ပါတယ်။

ပစ္စည်းအသစ်ဟာ FRB ကို ထပ်ခါထပ်ခါ ထုတ်လုပ်နေရုံတင်မဟုတ်ဘဲ ပေါက်ကွဲမှုကြားထဲက အားနည်းတဲ့ လှိုင်းဖြာထွက်မှုတွေရဲ့ ခိုင်မာတဲ့ အရင်းအမြစ်ကို ထုတ်လွှင့်နေတယ်လို့လည်း ဒုတိယအကြိမ် ထောက်လှမ်းမိခဲ့ပါတယ် ။
နက္ခတဗေဒပညာရှင်တွေဟာ ရုတ်တရက် တောက်ပလာတဲ့ အရင်းအမြစ်တွေကို အချိန်အကြာကြီး ပဟေဌိဖြစ်နေခဲ့တာပါ ။ ဒါပေမယ့် သူတို့ဟာ အလင်းနှစ်ဘီလီယျံနဲ့ချီပြီးဝေးတဲ့နေရာကနေ ဒါမှမဟုတ် မီလီယျံနဲ့ချီတဲ့ ဂလက်ဆီတွေကနေ အများဆုံးထွက်ပေါ်လာပြီး မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားတတ်ကြတယ် ။ တစ်ခါတစ်လေမှ တစ်ကြိမ်လောက် တွေ့ရတတ်တာမလို့ သူတို့ရဲ့ အရင်းအမြစ်ကို အတည်ပြုဖို့က အရမ်းကို စိန်ခေါ်မှုတစ်ရပ်ဖြစ်ခဲ့ပါတယ် ။

၂၀၂၀ မှာတော့ ကျွန်ုပ်တို့ ကိုယ်ပိုင် ဂလက်ဆီထဲမှာပဲ FRB ကို ပထမဆုံးရှာဖွေတွေ့ရှိမှုဟာ သိပ္ပံပညာရှင်တွေကို သူ့ရဲ့ မူလစတည်ရာကနေ မက်ဂနက်တာ ဆီသို့ ခြေရာခံနိုင်ခဲ့ပါတယ်။
မက်ဂနက်တာဆိုတာကတော့ အင်မတန် အားကောင်းတဲ့ လျှပ်စစ်သံလိုက်စက်ကွင်းတွေရှိတဲ့ နျူထရွန်ကြယ်တစ်လုံးပါ ။ သူ့ရဲ့ သံလိုက်စက်ကွင်းတွေဟာ ကမ္ဘာကြီးပေါ်ကထက် ထရီလီယျံနဲ့ချီပြီး အားကောင်းလွန်းပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေကတော့ FRB အားလုံးဟာ မက်ဂနက်တာ ဆီကနေ ထွက်ပေါ်လာတာလား ဆိုတာတော့ မသေချာသေးပါဘူး ။
FRB (ရေဒီယိုလှိုင်း ကွဲထွက်မှု ) ထပ်ခါထပ်ခါဖြစ်ပေါ်နေတဲ့ အထဲမှာမှ ပထမဆုံးနဲ့ အနိုးကြားဆုံးကတော့ FRB 121102 ပါ ။ အလင်းနှစ် ၃ဘီလီယျံကျော်လောက်ဝေးတဲ့ သေးငယ်တဲ့ ဂြိုလ်တစ်ခုမှာ အမည်မသိအရင်းအမြစ်တစ်ခုကနေ ရေဒီယိုလှိုင်းတွေက သိမ်းသည်းတဲ့နေရာမှ ၁၅၇ရက်ကို တစ်လှည့်နှုန်းနဲ့ ကွဲထွက်လာပါတယ်။ ရက်ပေါင်း ၉၀အတွင်း စွမ်းအားအပြည့်နှင့် တစ်လှည့်စီဖြစ်ပေါ်နေပြီး ၆၇ ရက်မြောက်နေ့မှာတော့ အားနည်းလာပါတယ် ။ ဒီအမျိုးအစားဟာ အရမ်းအားကောင်းပြိး လက်ရှိထိတော့ တစ်ခုထဲသာ ရှိတယ်လို့ ပြောထားကြပါတယ် ။

သုတေသနပညာရှင်တွေဟာ တရုတ်ရဲ FAST တယ်လီစကုပ်ကိုသုံးပြီး ရေဒီယိုလှိုင်းကွဲထွက်မှုအသစ်ဖြစ်တဲ့ FRB190520 ကို ထပ်ပြီးရှာဖွေတွေ့ရှိခဲ့ပါတယ်။ အတည်ပြုထားတာကတော့ အဝေးက အလင်းနှစ် ၃ဘီလီယျံမှာရှိတဲ့ ဂလက်ဆီအသေးလေးတစ်ခုရဲ့ မောင်နှမဖြစ်တဲ့နေရာကနေ ရေဒီလှိုင်းကွဲထွက်မှုတွေကို မကြာခဏ ထုတ်လွှင့်နေတာဖြစ်ပါတယ်တဲ့။ ဒီ အသစ်တွေ့ရှိတဲ့ FRB ရဲ့ အရင်းအမြစ်က သေးငယ်သိပ်သည်းပြီး ကြီးမားတဲ့တောက်ပမှုတွေကြားထဲမှာ အားနည်းတဲ့ ရေဒီယို ထုတ်လွှင့်မှုတွေ ထုတ်လွှတ်တတ်ပါတယ်။

နက္ခတ်ဗေဒပညာရှင်တွေကတော့ ဒီ နှစ်ခုမဟုတ် နှစ်ခုထပ်ပိုတဲ့ လုံး၀ကွဲပြားခြားနားတဲ့ ဖြစ်စဉ်တွေက ဒီတောက်ပလွန်းတဲ့ အာကာသ စွမ်းအင် ရောက်ခြည်တွေကို ထုတ်လုပ်ပေးနေတာမျိုး သို့မဟုတ် ပေါက်ကွဲမှုတွေကို သူတို့ရဲ့ အာကာသဆင့်ကဲပြောင်းလဲမှုအဆင့်ဆင့်မှာရှိတဲ့ အရာ၀တ္ထုတွေက လုပ်တာ ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်
ဒါပေမယ့်လည်း ဒုတိယတွေ့ရှိတဲ့ FRB 190520 အရင်းအမြစ်ရဲ့နေရာကတော့ ထူးထူးဆန်းဆန်း မကိုက်ညီတာကို တွေ့ရပါတယ်။ ရေဒီယိုလှိုင်းတွေက အလင်းနှစ် ၈ -၉.၅ ဘီလီယျံအလင်းနှစ်ဝေးတဲ့ တစ်နေရာရာကနေ ပြန့်ကျဲပြီး ရောက်လာတယ်လို့ထင်ရပါတယ်တဲ့။
သို့သော်လည်း ယနေ့ထိတော့ အရေးကြီးတဲ့ မေးခွန်းတွေက ကျန်ရှိနေတုန်းပါပဲ။
ရေဒီယိုလှိုင်း ကွဲထွက်မှုကလည်း လျင်မြန်စွာ ရွေ့လျားနေတဲ့အတွက် လတိုင်းကို ရှာဖွေမှုအသစ်အသစ်တွေ ပေါ်ပေါက်လာဦးမှာပါ ။
ပရိသတ်ကြီးတို့လည်း မတော်တဆများ ကောင်းကင်ကို မော့ကြည့်လို့ အလင်းလှိုင်းတွေ မြင်မိလိုက်ရင် ဒီ ဆောင်းပါးလေးကို အမှတ်ရမယ်လို့မျှော်လင့်မိပါတယ်