
ကမ္ဘာဂြိုလ်ရဲ့ သက်ရှိတွေ ရှေးအကျဆုံး မျိုးရိုးဗီဇပစ္စည်းဖြစ်တဲ့ ဒီအန်အေရဲ့ anglog RNAကို မော်လီကျူလာ ဆင့်ကဲဖြစ်စဉ် လေ့လာရေး ဖောင်ဒေးရှင်းမှ သုတေသနပညာရှင်တွေက ဘာဆော့လ်တစ် လာဗာ လို့ခေါ်တဲ့ ဖန်ပြားပေါ်မှာ ဆက်တိုက် ဖြစ်ပွားလာတယ်လို့ ကြေငြာခဲ့ပါတယ်
သုတေသနပညာရှင်တွေက ဒီလိုဖန်မျိုးဟာ ဟိုးရှေးခေတ် ၄.၃၅ ဘီလီယျံနှစ်က ကမ္ဘာမြေမှာ ခေတ်စားခဲ့ပါတယ်တဲ့ ။ ဒီနေ့တော့ အဲဒီရှေးခေတ် ဘာဆော့လ်တစ် ဖန်အကြွင်းအကျန်တွေကို မားစ်ဂြိုလ်ပေါ်မှာ ရှာဖွေတွေ့ရှိနိုင်တုန်းပါပဲ

သို့သော်လည်း ဒါဟာ ကမ္ဘာကြီးပေါ်က သက်ရှိတွေ စတင်ဖြစ်ပေါ်လာမှုကို ဒီဓာတုဗေဒပညာရဲ့ ရှုပ်ထွေးမှုကြောင့် လုံးလုံး ရှင်းပြနိုင်ခြင်းမရှိသေးပါဘူး
ဒါပေမယ့်လည်း တစ်ဖက်မှာတော့ တူညီတဲ့ ချဉ်းကပ်မှုနဲ့အတူ အယ်လစ်စာ ဘီအွန်ဒီ ဦးဆောင်တဲ့ သုတေသနအဖွဲ့က နျူကလီရိုဆိုဒ် ထရိုင်ဖော့စဖိတ်ဟာ ဘာဆော့လ်တစ် ဖန်ကို ဖြတ်ပြီး စစ်ထုတ်ခံရပြီးတဲ့နောက် သူတို့ဟာ အရှည် ၁၀၀ကနေ ၂၀၀ နျူကလီရိုတိုဒ် ရှိတဲ့ RNA မော်လီကျူးတွေဖြစ်လာကြပါတယ်
အဲဒီအချိန်တုန်းက ကမ္ဘာကြီးရဲ့ နေရာအနှံ့မှာ ဘာဆော့လ်တစ် ဖန်တွေရှိနေနိုင်ပါတယ်လို့လည်း ပညာရှင်တစ်ဦးက ဆိုထားပါတယ်

လဖြစ်ပေါ်လာပြီး နှစ်ပေါင်း မီလီယျံချီပြီး ကြာပြီးတဲ့နောက် သက်တမ်းငယ်တဲ့ ဂြိုလ်ပေါ်မှာ မီးတောင်ပေါက်ကွဲမှုဖြစ်စဉ်နဲ့ အတူ သက်ရောက်လာတဲ့ ဖြစ်စဉ်တွေက ပုံဆောင်ခဲ ဘာဆော့လ်တစ် ဖန်ရဲ့ အရင်းအမြစ်ဖြစ်တဲ့ ဘာဆော့လ်တစ် လာဗာကို ဖြစ်လာစေပါတယ်။ သက်ရောက်မှုကြောင့် ရေငွေ့ပျံမှုတွေဖြစ်ပေါ်လာပြီး ခြောက်သွေ့တဲ့နယ်မြေတွေပေါ်ထွက်လာပြီးတော့ RNA ဖြစ်ပေါ်လာနိုင်ဖို့အတွက် ထောက်ပံ့ပေးပါတယ်
ဒီဖြစ်စဉ်တွေကြောင့် နျူကလီရိုဆိုဒ် ထရိုင်ဖော့စဖိတ်ကို နျူကလီရိုတိုဒ် ပြောင်းပေးနိုင်တဲ့ နီကယ်လ်လည်း ပေါ်ထွက်လာပါတယ်
ဒီ ထရိုင်ဖော့စဖိတ် ဖြစ်ပေါ်ခြင်းကို ဘိုရိတ် (BORATE) ကထိန်းချုပ်ထားပါတယ်
ဘိုရိတ်တေွက RNA က R ဖြစ်တဲ့ ရိုင်းဘို့စ် RIBOSE ဖြစ်လာဖို့ တာဝန်ယူပါတယ်။ ရှေးခေတ် ကမ္ဘာ့လေထုထဲမှာဆိုရင်တော့ ဒီလို ရိုးရှင်းတဲ့ ကာဘိုဟိုက်ဒရိတ် မဖြစ်နိုင်ဘူးလို့ ဆိုပေမယ့် မီးတောင်ကထွက်လာတဲ့ ဆာလဖာ ဒိုင်အောက်ဆိုဒ် က အော်ဂဲနစ်ပစ္စည်းတွေကို တည်ငြိမ်အောင်ထိန်းပေးပြီး မျက်နှာပြင်ပေါ်ကို ရွာချပေးပါတယ်

ဒါကြောင့် ဒီဖြစ်စဉ်က သေးငယ်တဲ့ အော်ဂဲနစ်မော်လီကျူးကနေပြီး RNA ဖန်တီးတဲ့ လမ်းကြောင်းကို ပြီးပြည့်စုံသွားစေပါတယ် ။
ရလဒ်အနေနဲ့ကတော့ ကျွန်တော်တို့ ဘူမိဗေဒမော်ဒယ်တစ်ခုအနေနဲ့ ဒါဝီနီရမ် ဆင့်ကဲဖြစ်စဉ်ကို ထောက်ပံ့ပေးနိုင်တဲ့ RNA မော်လီကျူးကို ရခဲ့ပါတယ်
ဒီကြေငြာချက်က တူညီတဲ့ ဓာတ်သတ္ထုတွေ ဖန်တွေ သက်ရောက်မှုတွေ ရှေးခေတ်အချိန်က တွေ့ရှိခဲ့တဲ့ မားစ်ဂြိုလ်နဲ့လည်း ဆက်စပ်မှုရှိနေပါတယ်။
သုတေသန ပညာရှင်တွေ အတွက်ကတော့ မှတ်သားဖွယ်ရာပါ ဘာလို့လဲဆိုတော့ မကြာသေးခင်က မစ်ရှင်မှာ အားလုံးသော လိုအပ်တဲ့ကျောက်တုံးတွေကို ဘိုရိတ်အပါအဝင် ဂြိုလ်ပေါ်မှာ ရှာဖွေတွေ့ရှိခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်

ဒါ့အပြင် ကမ္ဘာကြီးပေါ်မှာ သက်ရှိတွေသာ ဒီလိုနည်းနဲ့ ပေါ်ထွက်လာတယ်ဆိုရင် တူညီတဲ့ ပစ္စည်းတွေ အခြေအနေတွေရှိနေတဲ့ မားစ်ဂြိုလ်မှာရော သက်ရှိတွေ ရှိနေနိုင်မလား
ကျွန်ုပ်တို့ နေအဖွဲ့အစည်းထဲက တခြားဂြိုလ်တွေမှာရော ရှိနေနိုင်မလားဆိုတာ မေးခွန်းထုတ်စရာပါပဲ
ဒီဆောင်းပါးလေးကိုတော့ ဒီလောက်နဲ့ပဲ အဆုံးသတ်ပါရစေ
နောက်ထပ်လာမယ့်ဆောင်းပါးတွေမှာလည်း စိတ်ဝင်စားဖွယ် ဗဟုသုတဖြစ်ဖွယ်ရာ ဆောင်းပါးတွေကို တင်ဆက်ပေးသွားဦးမှာဖို့ စောင့်မျှော် ဖတ်ရှုပေးကြပါဦးနော်