အီဂျစ်ရဲ့ ရှေးအကျဆုံး ပိရမစ်ဟောင်းနားက ရှေးဟောင်း ခေါင်းတလားနဲ့ ကြေးရုပ်တုတွေကို သုတေသနပညာရှင်များရှာဖွေတွေ့ရှိ

ကြေးရုပ်တုတွေနဲ့ ရှေးခေတ် ကျောက်တလားအခေါင်းတွေကို အီဂျစ်မှာရှိတဲ့ နာမည်ကြီး ဆာကွာရာ နက်ခရိုပိုလစ်မှာ သုတေနသနပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ် ။
၂၀၂၀ မှာတော့ သစ်သားခေါင်းတလား တစ်ရာကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၂၀၂၂ မှာတော့ ရှေးခေတ် အီဂျစ် နာမည်ကြီးပုဂ္ဂိုလ်များဖြစ်တဲ့ အနူးဘစ် အိုဆိုင်းရပ်စ် အိုင်းဆစ် ဟာသာနဲ့ ဘက်စတက်တို့ရဲ့ ကြေးရုပ်တုပေါင်း ၁၅၀ ကျော်နဲ့အတူ ပူဇော်ပွဲဆိုင်ရာ ပစ္စည်းတွေကိုပါ တူးဖော်ရရှိခဲ့ပါတယ် ။ သူတို့ထဲက တစ်ခုကတော့ စစ်ထရမ်လို့ခေါ်ပြီး နတ်ဘုရား ဟာသာကို ပူဇော်တဲ့ ဘာသာရေးပွဲတော်တွေမှာ အသုံးပြုတာပဲဖြစ်ပါတယ်။

credit photo

သူတို့တွေဟာ အိုင်းဆစ်နဲ့ နက်ဖ်သတ်စ် လေနတ်ဘုရားတို့ရဲ့ သစ်သားရုပ်တုတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ကျောက်သံပတ္တမြားတွေ ကြေးမှန်တွေကိုလည်းတွေ့ခဲ့ပြီး ဘီစီ ၁၅၀၀ ဝန်းကျင်ခန့်ကလို့ ခန့်မှန်းထားကြပါတယ်။ ထပ်ပြီးတော့ ခေါင်းတလားတွေ ကို အီဂျစ်ခေတ်နှောင်းပိုင်း ၅၂၅-၃၃၂ ဘီစီခန့်က မြှုပ်နှံထားခဲ့တဲ့ ဂူတွေထဲမှာ တွေ့ခဲ့ရပါတယ် ။ ကြည့်ရတာ ခေါင်းတလားတွေက သင်္ချိုင်းဖောက်သူတွေ လက်ထဲကနေ ကာကွယ်နိုင်ခဲ့ပုံပါပဲ
အားလုံး ခြေရာလက်ရာမပျက်ရှိနေပါသေးတယ်။

credit photo

ထပ်ပြီးတော့ အဲဒီခေါင်းတလားထဲမှာမှ ပါပါးရပ်စ် လက်ရေးမူကိုတွေ့ခဲ့ပါတယ်။ ဒီလက်ရေးမူဟာ သေခြင်းတရားစာအုပ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး သေဆုံးသူကို မြေအောက်ကမ္ဘာကို လမ်းပြမေးနိုင်တယ့် မှော်ဂါထာတွေပါဝင်တဲ့ရှေးခေတ် အီဂျစ် သဂြိုလ်စာအုပ်ဖြစ်ပါတယ် ။ သူ့ကိုတော့ တာဟရီက အီဂျစ်ပြတိုက်ကို ထိန်းသိမ်းဖို့ လွှဲပြောင်းပေးလိုက်ပါပြီ

credit photo

ရှေးခေတ်အီဂျစ်မှာတော့ အဲဒီစာအုပ်မှာ သေသူကို လမ်းညွှန်နိုင်ဖို့နဲ့ ဂူသင်္ချိုင်းကို ကာကွယ်ဖို့ ဂါထာတွေ ယန္တရားပုံစံတွေကိုစုစည်းထားတဲ့စာအုပ်ဖြစ်ပြီး ၂၄၀၀ ဘီစီမှာတော့ ပိရမစ်စာလို့ခေါ်ခဲ့ပါတယ်
ဆာကွာရာက အီဂျစ်ရဲ့ အရေးကြီးဆုံး​ရှေးကျတဲ့ နေရာတစ်ခုထဲက တစ်ခုဖြစ်ပါတယ် ။ ဒီ ရှေးကျတဲ့ နက်ခရိုပိုလစ်က အီဂျစ်ရဲ့ အရေးပါဆုံးတစ်ခုဖြစ်လာရခြင်း အကြောင်းရင်းတွေ အများကြီးရှိပါတယ်။
ဥပမာ – ဆာကွာရာမှာ အီဂျစ်သုတေသနပညာရှင်တွေက မင်းဆက်သုံးဆက်မြောက် ဘုရင် djoser လက်ထပ်မှာ အီဂျစ်ပြည်သူတွေက ပထမဆုံးပိရစမ် လှေကားထစ် ပိရမစ်ကို ရွှံ့ခဲတွေသစ်သားတွေအစားကြီးမားတဲ့ကျောက်တုံးကြီးတွေကို သုံးပြီး ပထမဆုံးတည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်

credit photo

အဲဒီကနေ မလှမ်းမကမ်းက ကြီးမားတဲ့ အလုံပိတ်အခန်းကြီး သို့မဟုတ် ဂျီဆာ အယ်လ်မူဒီရာ အီဂျစ်ရဲ့ အကြီးမားဆုံး ကျောက်တုံးပုံစံတစ်ခုဖြစ်တဲ့စီမှာ ကျောက်စီခေါင်းတလားတွေ ကြေးရုပ်တုတွေကို ရှာဖွေတွေ့ရှိခဲ့တာပါ ။ ဒီလိုdjoser ရဲ့ လှေကားထစ်ပိရမစ်နဲ့ ဆာကွာရာက တိမ်မြုပ်သွားတဲ့ ပိရမစ်တို့ဟာ djoser မတိုင်ခင် တည်ဆောက်ခဲ့တဲ့ အဆန်းပြားဆုံး တည်ဆောက်မှုတွေဖြစ်ပါတယ်

credit photo

တိရိစ္ဆာန်မာမီ ရုပ်ပေါင်း ရှစ်သန်းကျော်ကို ဆာကွာရာမှာ သုတေသနပညာရှင်တွေ တွေ့ခဲ့တာဆိုပြီး ဖော်ပြရကြိုးနပ်ပါတယ်။ဒီလိုရှာဖွေတွေ့ရှိမှုကြောင့်ပဲ ဆာကွာရာရဲ့အရေးပါပုံကို အာရုံစိုက်မိပြီး ဒီမြေမျက်နှာပြင်အောက်မှာ ဖုံးကွယ်ထားတာတွေက ဆာကွာရာမှာတင်မဟုတ်ဘဲ အီဂျစ်ရဲ့ နေရာအနံ့မှာ ရှိနေတာကို ပြောပြလိုက်သလိုပါပဲ