လူနည်းစုသာ သိရှိတယ့် အထင်ကရနေရာတွေနောက်ကွယ်က လျှို့ဝှက်ချက်များ (၈)ပုံ

အနုပညာဖန်တီးမှုတိုင်းမှာ ရည်ရွယ်ချက်ဆိုတာ ရှိပါတယ်။ ကမ္ဘာကျော် အထင်ကရ နေရာတွေရဲ့ နောက်ကွယ်က ထက်မြတ်လှတဲ့ ဗိသုကာပညာရှင်တွေ နဲ့ အနုပညာရှင်တွေဟာ ပြောင်မြောက်လှတဲ့ အနုပညာလက်ရာတွေကို သူတို့ကိုယ်တိုင် ဖန်တီးခဲ့ကြတာပါ ။
သူတို့ဟာ အီစတာ ဥတွေကို ဖန်တီးပြီး သူတို့ကို မြင်သာတဲ့နေရာမှာ ဖွက်ထားကြသလိုပါပဲ
ကျွန်ုပ်တို့ကို သူတို့ဆောက်လုပ်ထားတဲ့ ရည်ရွယ်ချက်တွေ ဖြည်းဖြည်းချင်း သိရှိလာဖို့ ခန့်မှန်းထားခဲ့တဲ့ပုံပါပဲ
အခု ဆောင်းပါးလေးမှာဆိုရင် ကျွန်ုပ်တို့ရဲ့ သိချင်စိတ်ကနေ ဖော်ထုတ်လိုက်တဲ့ လျှို့ဝှက်ချက်တစ်ချို့ကို တင်ဆက်ပေးလိုက်ပါတယ်

(၁)စဖင့်ထဲက လှျို့ဝှက်အခန်းများ

© pixabay.com

ကျွန်ုပ်တို့ သိထားတဲ့ စဖင့် ဆိုတာကတော့ သဲကန္တာရအလယ်ကရုပ်တုကြီးပါ ။ဒါပမေယ့် သူ့ထဲမှာ လှိုဏ်ခေါင်းတွေ အခန်းတွေပါဝင်ပြီး အဆောက်အဦး အောက်ခြေထိ ဆင်းသွားနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်များက ပြောကြားခဲ့ပါတယ်

(၂)ချာရင်း လမ်းဖြတ်အောက်က တိမ်မြုပ်နေတဲ့လမ်း

© Travers Lewis/Shutterstock.com, © steve_w/Little Compton Street/Flickr, © CC BY 2.0

ချာရင်း လမ်းဖြတ်က အခုလို အရင်တုန်းကမဟုတ်ခဲ့ပါဘူး။ သူ့ကို ကုပ်တန် လမ်းဟောင်းလို့ လူသိများကြတဲ့ လမ်းပေါ်ကနေ တည်ဆောက်ထားတာပါတဲ့

(၃)မီးတိုင်အောက်က ရဲအိမ်အသေးလေး

© andersphoto/Shutterstock.com, © Dmytro Shapoval/Shutterstock.com

လန်ဒန်ရဲ့ လူအရှုပ်ဆုံးဖြစ်တဲ့ ထရက်ဖယ်လ်ဂါ ရင်ပြင်မှာရှိနေပါတယ်။ လူတွေကို စောင့်ကြည့်ဖို့နဲ့ ကာကွယ်ဖို့ ဗိသုကာ ပညာရှင်တွေထဲက တစ်ယောက်က အဖြေရှာပြီး တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်

(၄)ဝဲလ်ဒေါ့ဖ် အက်စ်တိုရီးယား အောက်က ထူးဆန်းတဲ့ ရထားအမှတ် ၆၁

© Tupungato/Shutterstock.com, © Felix Lipov/Shutterstock.com

ဟိုတယ်မှာတစ်ညတာနေရတဲ့အချိန် ရထားရဲ့ ဆူညံသံတွေကိုကြားတာ အထူးအဆန်းမဟုတ်ပါဘူး
ဒါပေမယ့် နယူးယော့ခ်မြို့ က ဝဲလ်ဒေါ့ဖ် အက်စ်တိုရီးယားမှာတော့ အောက်ခြေမှာ မန်ဟန်တန်ရဲ့ ရှေးခေတ် ရေနွေးငွေ့သုံး မီးရထားဟောင်းကြီးတွေ ရှိနေပါတယ်။

(၅)လီယိုနာဒို ဒါဗင်ချီရုပ်တုရဲ့ လျှို့ဝှက်ချက်

© nitpicker/Shutterstock.com, © Statue of Leonardo da Vinci in front of Italian airport, Item No. 911-3442/Photo Collection Anefo/Dutch National Archives/Wikimedia Commons, © CC0 1.0

လီယိုနာဒို ဒါဗင်ချီလို ကြီးမားတဲ့ ရုပ်တုကြီးရဲ့ နောက်ကွယ်က ရုပ်တုပညာရှင်ဟာ အီစတာဥတွေကိုသူ့ရဲ့ အနုပညာလက်ရာတွေထဲမှာ ဝှက်ထားရတာကို သဘောကျပါတယ်။ အက်စန် ပီကို့ဗ်က သူ့ရဲ့ လက်ရာကို အချောသတ်တဲ့အချိန်မှာ အလယ်မှာ ဆေးကွက်ပုံစံနဲ့ လျှို့ဝှက် အစိတ်အပိုင်းတစ်ခုကို ထားခဲ့ပါတယ်

(၆) ရိုမန် ပွဲကြည့်စင်ရဲ့ မြေအောက်လှိုဏ်ခေါင်းများ

© Georgy Kuryatov/Shutterstock.com, © Anamaria Mejia/Shutterstock.com

ပွဲကြည့်စင်တွေဟာ ချမ်းသာတဲ့ ရောမသမိုင်းထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့် သမိုင်းပညာရှင်နဲ့ ရှေးဟောင်းသုတေသနပညာရှင်တေါက ဒီပွဲကြည့်စင်တွေရဲ့ မျက်နှာပြင်ကို ခြစ်ထုတ်လိုက်တဲ့အခါမှာတော့ ရှုပ်ထွေးလှတဲ့ မြေအောက် လှိုဏ်ခေါင်းတွေကို တွေ့ခဲ့ရတာပဲဖြစ်ပါတယ်

(၇)နိုင်ရာဂရာ ရေတံခွန်မှာတည်ရှိနေတဲ့ မကောင်းဆိုးဝါးဝိဉာဉ်ရှိနေတဲ့ အယ်ရီလှိုဏ်ခေါင်း

© Steve Heap/Shutterstock.com, © Curtis Anderson/Flickr, © CC BY 2.0

ဒဏ္ဍာရီတွေအဆိုအရတော့ ဒီရေတံခွန်ထဲကို ဝင်တဲ့သူတွေနောက်မှာ ကံဆိုးမှုက ကပ်ပါလာတတ်ပါတယ်တဲ့

(၈)ဒစ်စနေးလန်းက ကလပ် ၃၃

© Allison Fraser/Shutterstock.com, © Patrick Pelletier/”Trophy Room” at Club 33 at Disneyland/Wikimedia Commons, © CC BY-SA 3.0

ဒစ်စနေးလန်းက ပျော်စရာ ကစားစရာတွေထက်အများကြီးပိုပါတယ်။ ဒီကလပ်ကတော့ အရမ်းကို သီးသန့်ဖြစ်ပြီး အဖွဲ့ဝင်အဖြစ်လျှောက်ထားတဲ့ စောင့်နေတဲ့စာရင်းကလည်း အများကြီးပါတဲ့။