ဇွန်လ ၆ ရက်နေ့မှာ ကမ္ဘာကြီးနားကနေ ကပ်ပြီးဖြတ်သွားမယ့် ဂြိုလ်သိမ်ဂြိုလ်မွှားကြီး

ဝေလငါးပြာအရွယ်အစားထက် သုံးဆကြီးမားလှတဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုဟာ ကမ္ဘာကြီးနားက ဇွန်လ ၆ရက်နေ့ တနင်္လာနေ့မှာ တစ်နာရီကို မိုင် ၁၆၀၀၀ နှုန်းဖြင့် ဖြတ်သန်းသွားလိမ့်မယ်လို့ နာဆာသတင်းထုတ်ပြန်ချက်အရ သိရပါတယ်
၂၀၂၁ GT2 လို့အမည်ရတဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုကို ကျွန်ုပ်တို့ဂြိုလ်ကနေ ၂.၂ မီလီယျံမိုင် သို့မဟုတ် အကြမ်းဖျင်းအားဖြင့် ကမ္ဘာနဲ့ လကြားက အကွာအဝေးရဲ့ ပျမ်းမျှ ဆယ်ဆအကွာအဝေးအနေအထားမှ ဘေးကင်းစွာ လွဲချော်သွားဖို့ ခန့်မှန်းထားခဲ့ပါတယ်

credit photo

နက္ခတဗေဒပညာရှင်တွေ ပြီးခဲ့တဲ့ နှစ်ထဲက အာကာသကျောက်တုံးကို ဦးစွာ ထောက်လှမ်းမိခဲ့တာဖြစ်ပြီး သူ့ရဲ့ အရွယ်အစားဟာ ၁၂၁ပေကနေ ၂၇၂ပေထိကျယ်မယ်လို့ ခန့်မှန်းထားခဲ့ပါတယ်။ တော်တော်လေး အရွယ်အစားကြီးမားလှပါတယ်။ ဝေလငါးပြာတစ်ကောင်ရဲ့ သုံးဆလောက်ကိုရှိတာပါ။ ကမ္ဘာကြီးအတွက် ဒါဟာ ဆိုးကျိုးဖြစ်ဖို့ အလားအလာရှိတယ်လို့ ယူဆနိုင်လောက်ပါတယ်
၂၀၂၁ GT2 အက်တန်အမျိုးအစား ဂြိုလ်သိမ်ဂြိုလ်မွှားဖြစ်ပြီး နေကို ကမ္ဘာထက်ပိုပြီး နီးကပ်စွာ လှည့်ပတ်ပါတယ် ။ ဒီအဖြစ်အပျက်မှာဆိုရင် ၃၄၂ရက်နေရင် တစ်ကြိမ်ပေါ့ …
သူ့ရဲ့ ဂြိုလ်ပတ်လမ်းကြောင်းက ကမ္ဘာပတ်လမ်းကြောင်းကို ဖြတ်သန်းနေပါတယ်

credit photo

ဇွန်လ ၆ရက်နေ့ နီးကပ်မှုအပြီးမှာတော့ နောက်တစ်ကြိမ်ပြန်လည် နီးကပ်မှု ဖြစ်စဉ်ဟာ ၂၀၃၄ ဇန်နဝါရီ ၂၆မှာ ပြန်လည် ဖြစ်ပေါ်နိုင်ပြီး ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုလ်နားကနေ ၉ မီလီယျံ မိုင်အတွင်းက ဖြတ်သန်းသွားမှာပါ
နာဆာကနေ အခုလို အရာများကို ထောင်သောင်းချီပြီး စောင့်ကြည့်နေကာ သူတို့တစ်ခုချင်းစီရဲ့ ယခုလက်ရှိ ကနေ နောက် အနာဂတ် နှစ်ပေါင်းရာချီထိ လမ်းကြောင်းတွေကို ခန့်မှန်းထားပါတယ် ။ ဒီအချိန်မှာတော့ နက္ခတဗေဒပညာရှင်တွေက ကမ္ဘာနဲ့အနီးမှာရှိနေတဲ့ ဘယ်အရာကိုမှ ကမ္ဘာကြီးအတွက် ခြိမ်းခြောက်မှုအဖြစ် မသတ်မှတ်ထားသေးပါဘူး
သို့သော်လည်း သိပ္ပံပညာရှင်တွေက ကမ္ဘာရဲ့အနီးနားက ဂြိုလ်သိမ်ဂြိုလ်မွှားတွေ လမ်းကြောင်းရုတ်တရက် ပြောင်းလဲမှု နောက်ကွယ်က ဖြစ်လာမယ့် မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေအတွက်တော့ အဆင်သင့်ဖြစ်နေချင်ပါတယ်

credit photo

ဥပမာ ကမ္ဘာရဲ့အနီးက ဂြိုလ်သိမ်ဂြိုလ်မွှားအချင်းချင်း တိုက်မိကာ အပျက်အစီးအစအနတွေ နေအဖွဲ့အစည်းစနစ်ထဲ ရောက်လာတာမျိုးပေါ့
နာဆာက လောလောဆယ်မှာတော့ ကြီးမားတဲ့ ဂြိုလ်သိမ်ဂြိုလ်မွှားတစ်ခုကို သူ့လမ်းကြောင်းကနေ ရော့ကတ်နဲ့ ပစ်ခွင်းပြီး ဖယ်ရှားနိုင်လားဆိုတာ စမ်းသပ်နေဆဲပါ။ နိုဝင်ဘာ ၂၀၂၁ မှာတော့ နာဆာက DART လို့ခေါ်တဲ့ ဂြိုလ်သိမ်ဂြိုလ်မွှား လမ်းကြောင်းလွှဲတဲ့ အာကသယာဉ်ကို ကြေငြာခဲ့ပါတယ်။ ၂၀၂၂ ဆောင်းဦးမှာ ၅၃၀ အကျယ်ရှိတဲ့ ဒိုင်မောဖို့စ် ​ဂြိုလ်သိမ်ဂြိုလ်မွှားဆီကို လွှင့်တင်မှာပါ။ တိုက်မိမှုကြောင့် ဂြိုလ်သိမ်ဂြိုလ်မွှား အပျက်အဆီးမရှိနိုင်ပေမယ့် သူ့ရဲ့ ဂြိုလ်ပတ်လမ်းကြောင်းကိုတော့ အနည်းငယ် ပြောင်းလဲနိုင်မယ်လို့တော့ ဆိုထားပါတယ်
ဒီဆောင်းပါးလေးကိုတော့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်
နောက်လာမယ့် ဆောင်းပါးလေးတွေကိုလည်း ဒီထက်စိတ်ဝင်စားစရာအကြောင်းအရာလေးတွေနဲ့ ဆက်လက်တင်ဆက်ပေးသွားပါဦးမယ်နော်