
ကျွန်တော်တို့အနေနဲ့ လင်မယားတွေရဲ့ အိမ်ထောင်ရေးပြဿနာတွေကြောင့် တစ်ပတ် တစ်လ စကားမပြောဘဲ နေကြတာကိုကြားဖူးကြမယ်ထင်ပါတယ်။ ဒါပေမယ့် ဒီဂျပန်လင်မယား စုံတွဲကတော့ ထူးဆန်းစွာပဲ ယောက်ျားဖြစ်သူမှ မိန်းမကို နှစ်၂၀ အကြာ စကားမပြောဘဲ နေခဲ့ပါတယ်။အိမ်ထောင်သက်တမ်းတစ်လျောက်မှာတော့ အသေးအဖွဲကိစ္စတွေနဲ့ လင်မယားအချင်းချင်းစကားများတာကတော့ ရှောင်လွှဲလို့မရတဲ့အရာပါ။

သင့်အနေနဲ့ လည်း ထိုသိုစကားများပါက မိမိရဲ့အိမ်ထောင်ဘက်ကို အတူတူနေနေပါလျက်နဲ့ မခေါ်မပြောဘဲတစ်သက်လုံးနေသွားနိုင်မှာလား? ထိုဂျပန်အမျိုးသားခင်ပွန်းသည်ကတော့ အလွန်ခေါင်းမာသူဖြစ်ပေမယ့် သူ့ဇနီးရဲ့ စိတ်ရှည်သည်းခံပေးမှုများစွာတော့ရထားပါသေးတယ်။ Otou Yumi နဲ့ဇနီးဖြစ်သူ Katayama တို့ကတော့လွန်ခဲ့တဲ့ ၂၅နှစ်ကတည်းကလက်ထပ်ခဲ့ကြတာဖြစ်ပြီး သားသမီး သုံးယောက် မွေးဖွားခဲ့ကြပါတယ်။

အပြင်ပန်းကြည့်ရင်တော့သူတို့ရဲ့မိသားစုဟာပုံမှန်မိသားစုတစ်ခုလို့ထင်ရပေမယ့် သူတို့ရဲ့ သားသမီးတွေလောက်တော့ ဒီကိစ္စကိုဘယ်သူမှမသိကြပါဘူး။ သူတို့ရဲ့ သားအငယ်ဆုံးဖြစ်တဲ့ အသက်၁၈နှစ်အရွယ် Yoshiki ကတော့ သူ့မိဘကြားမှာဖြစ်နေတဲ့ ပြဿနာလေးတွေ ပြန်လည်အဆင်ပြေလာစေဖို့အတွက် ဂျပန်နိုင်ငံက TV show အစီစဉ်တစ်ခုကိုစာရေးသားပေးပို့ခဲ့ပါတယ်။ Yoshiki ရဲ့ စာအရ သူ့ရဲ့ အမေကတော့ ပုံမှန်အတိုင်းစကားတွေပြောပေမယ့် အဖေဖြစ်သူဘက်ကတော့ခေါင်းညိမ့်ခေါင်းခါခြင်းသာ ပြုလုပ်ခဲ့ပါတယ်။

ဒါပေမယ့် သူရဲ့အမနှစ်ယောက် ကတော့ အဖေနဲ့ အမေစကားပြောတဲ့ အချိန်ကို မှတ်မိစအရွယ်မှ ယခုထိတိုင် မြင်တွေ့ရခြင်းမရှိခဲ့ဘူးလို့လည်းသိရပြီး သူတို့ကိုတော့ ပုံမှန်အတိုင်းထိန်းသိမ်းစောင့်ရှောက်နေခဲ့ပါတယ်။ ထို TV show ရဲ့ ထုတ်လုပ်သူဟာ သူတို့ရဲ့ မိဘတွေကို လူရှင်းတဲ့ ပန်းခြံတစ်ခုမှာချိန်းတွေ့ပေးခဲ့ကြပြီး အသံဖမ်းစက်တွေကို လျှိ့ဝှက်စွာတပ်ဆင်ကာ သားသမီးတွေကတော့ မလှမ်းမကမ်းနေရာကနေစောင့်ကြည့်ကာနားထောင်နေခဲ့ကြပါတယ်။

ထိုအခါမှာတော့ သူတို့မထင်မှတ်ထားလောက်အောင် ဖခင်ဖြစ်သူမှစကားအနည်းငယ် စတင်ပြောကြားလာခဲ့ပါတယ်။ ဖခင်ဖြစ်သူက မိခင်ဖြစ်သူကို ” ငါတို့နှစ်ယောက် စကားမပြောဖြစ်ခဲ့ကြတာ အချိန်တွေ တော်တော်ကြာခဲ့ပြီနော် မင်းကခက်ခဲတဲ့အချိန်တွေကို ကြံ့ကြံ့ခံပြီး ကလေးတွေကို စောင့်ရှောက်ခဲ့တယ် ငါမင်းကို အရာအားလုံးအတွက် ကျေးဇူးတင်တယ် ခုကနေစပြီးတော့ ငါတို့အရင်လို စကားပြန်ပြောကြဖို့ မျော်လင့်ပါတယ် ” ဟု စကားစပြောခဲ့ပါတယ်။

မိခင်ဖြစ်သူကလည်း ” ကျွန်မလည်း ရှင်အခုလို စကားပြန်ပြောတဲ့အတွက် ကျေးဇူးတင်ပါတယ် နောက်လည်း အရင်လို စကားပြန်ပြောကြဖို့ မျော်လင့်ပါတယ်” လို့ ပြန်ပြောခဲ့ပါတယ်။ သူတို့ရဲ့ဖခင်ကတော့ ဇနီးသည်အပေါ် အချို့ကိစ္စတွေကြောင့် သဝန်တိုနေခဲ့တာပါ။ ဇနီးသည်ဟာ အလုပ်တွေများနေခဲ့ပြီး ကလေးတွေအပေါ်ဘဲဂရုစိုက်နေကာ သူ့ကိုပစ်ထားတာကြောင့် သဝန်တိုကာစိတ်ဆိုးနေခဲ့တာပါ။ ယခုချိန်မှာတော့ သူတို့ဇနီးမောင်နှံအနေနဲ့ တစ်ယောက်ကိုတစ်ယောက် နားလည်စွာနဲ့ အချိန်ပေးကာချစ်ချစ်ခင်ခင်နေသွားဖို့ ကတိတွေပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
Video ကြည့်ရန်
References :Elitereader.com
*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသော အကြောင်းအရာများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှအကြောင်းအရာများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***