ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ ကြက်သွန်နီရဲ့အကျိုးကျေးဇူများ

ဟင်းသီးဟင်းရွက်တိုင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရှိပါတယ်။ တချို့တွေကတော့ အရမ်းကို ထူးခြားတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဥပမာ – ကြက်သွန်နီပေါ့
ကြက်သွန်နီကို အများစုက နှလုံး အရိုးနဲ့ အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုတယ်လို့ သိကြမှာပါ ။ ဒါပေမယ့် လူတွေတော်တော်များများ အံ့ဩနိုင်မယ့် အကျိုးကျေးဇူးတွေ အများကြီးရှိပါသေးတယ်။ သို့သော်လည်း သင်ဟာ ကြက်သွန်နီနဲ့ ဓာတ်မတည့်တဲ့သူဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ အချက်တွေကို အသုံးမချခင်မှာ ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။
ကျွန်မတို့ရဲ့ ဒီတစ်ခေါက် အလေးပေးရေးသားမှာကတော့ ကြက်သွန်နီကိုနေ့တိုင်းစားချင်းအားဖြင့် ခံစားရမယ့် အကျိုးကျေးဇူး ၅မျိုး အကြောင်းပဲ ဖြစ်ပါတယ်။

(၁) မျိုးအောင် နိုင်စွမ်းကို မြှင့်တင်ပေးခြင်း

credit photo

အရင်တုန်းကဆို အမျိုးသား မျိုးမအောင်မှု ပြဿနာကို စမ်းသပ်ချက်တွေ ခွဲစိတ်မှုတွေ အများကြီးနဲ့ ကုသတတ်ကြပါတယ်။ ဒါပေမယ့် အခုဆိုရင်တော့ ရိုးရိုးရှင်းရှင်းပဲ ကြက်သွန်နီဖျော်ရည်ကို သောက်သုံးနိုင်ပါတယ်။ ကြက်သွန်နီမှာပါဝင်တဲ့ antioxidant အမျိုးအစားများစွာကို မျိုးအောင်နိုင်စွမ်း တိုးမြှင့်ဖို့အတွက် သဘာ၀နည်းလမ်းတစ်ခုအနေနဲ့ အသုံးပြုခြင်း ဖြစ်ပါတယ်။

(၂)နှာခေါင်းအတွင်းလမ်းကြောင်းကို အထောက်အကူပေးခြင်း

credit photo

နှာခေါင်းသွေးလျှံတာကို ရပ်ဖို့နဲ့ လျှော့ချပေးဖို့ အကောင်းဆုံးနည်းကတော့ ကြက်သွန်ကို သုံးဖို့ပါပဲ ။ ကြက်သွန်နီကိုတစ်ခြမ်းလှီးလိုက်ပြီး သင့်နှာခေါင်းအောက် တည့်တည့်မှာ ထားပြီး ရှူသွင်းလိုက်ပါ
ကြက်သွန်နီမှာ ပါဝင်တဲ့ ဗီတာမင်စီနဲ့ bioflavonoid လို့ခေါ်တဲ့ ဓာတ်တွေက ကျွန်ုပ်တို့ နှာခေါင်းကို ထိခိုက်မှုလျော့နည်းစေပြီး နှာခေါင်းသွေးလျှံတာကိုလည်း ထိန်းပေးနိုင်ပါတယ်။ နောက်တစ်ခုအနေနဲ့ နှာခေါင်းပိတ်တဲ့ အချိန်မှာလည်း ကြက်သွန်နီကို အသုံးပြုနိုင်ပါသေးတယ်

(၃) စိတ်ကျရောဂါကို ကာကွယ်ပေးပြီး စိတ်ကို လန်းဆန်းစေခြင်း

credit photo

ကြက်သွန်နီမှာ ဗီတာမင် B9 လို့ခေါ်တယ့် ဖောလိတ်ဆိုတဲ့ ဓာတ်ပါဝင်ပြီး အဲဒါဟာ စိတ်ကျရောဂါကို ကာကွယ်ပေးရုံမက သင့်ရဲ့ စိတ်ကိုလည်း လန်းဆန်းစေပါတယ်

(၄)ကြက်သွန်နီကို အစိမ်းဝါးစားခြင်းဖြင့် သွားတွေမပျက်ဆီအောင် ကာကွယ်ပေးနိုင်ခြင်း

credit photo

ကြက်သွန်နီဟာ ခန္ဓာကိုယ်တွင်း ရောဂါတွေကို ကာကွယ်ပေးရုံသာမက ခံတွင်းကျန်းမာရေးကိုလည်း များစွာ အထောက်အပံ့ပေးပါတယ် ။ ကြက်သွန်နီကို အစိမ်းလိုက် ဝါးစားခြင်းဖြင့် သွားတွေကို ကြံ့ခိုင်စေပြီး ခံတွင်းထဲက ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်

(၅)အအေးမိတုပ်ကွေးကို ကာကွယ်ပေးခြင်း

credit photo

ကျန်းမာရေးပညာရှင် လုခ် ကိုတင်ဟိုရဲ့ ပြောကြားချက်အရ ကြက်သွန်နီဟာ အအေးမိ ချောင်းဆိုး လည်ချောင်းနာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်တဲ့
– ကြက်သွန်နီကို အပိုင်းပိုင်း လှီးဖြတ်ပါ
– သောက်ရေထဲမှာ ၆-၈နာရီကြာ စိမ်ထားပေးပါ
– ထိုရေကို တစ်နေ့ ၃ကြိမ် စားပွဲတင်ဇွန်း ၃-၄ ဇွန်းထိ သောက်ပေးပါ
အပိုထပ်ဆောင်းအနေနဲ့ကတော့ ကြက်သွန်နီဟာ နားကိုက်ရောဂါကို သက်သာစေပါတယ်တဲ့
နားကိုက်တဲ့အချိန်မှာ ကြက်သွန်နီကို ရေနဲ့ နူးတဲ့ထိပြုတ်ပြီး အဝတ်ထဲထည့်ကာ နားပေါ် အုံထားပေးပါ
သိသိသာသာ သက်သာလာတာကို မြင်ရမှာပါ
အခုလောက်ဆို ပရိသတ်ကြီးလည်း ကြက်သွန်နီရဲ့ အသုံးတည့်ပုံလေးတွေကို ဗဟုသုတအဖြစ် မှတ်သားဖြစ်လောက်မယ်လို့ မျှော်လင့်ပါတယ်
အားလုံးပဲ ဘေးဘယာကင်းကွာပြီး ကျန်းမာကြပါစေနော်