ဂြိုလ်သားတွေရဲ့ အိမ်လို့ ယူဆနေကြတဲ့ ဒွိစုံ(ကြယ်နှစ်လုံးတွဲ) ကြယ်စနစ် အကြောင်း

နေအရွယ်အစားရဲ့ တစ်ဝက်လောက်နီးနီးရှိတဲ့ ကြယ်တွေက ဒွိစုံ (ကြယ်နှစ်လုံးတွဲ) တွေပါ ။
ကိုပင်ဟေဂင် တက္ကသိုလ်ရဲ့ သုတေသနအရ ဒွိစုံကြယ်တွေရဲ့ ဘေးပတ်လည်က ဂြိုလ်ပတ်လမ်းစနစ်တွေဟာ တစ်လုံးထဲသော ကြယ်တွေနဲ့ အရမ်းကို ကွာခြားကြပါတယ်။ ဒါဟာ ကမ္ဘာဂြိုလ်ပြင်ဘက် သက်ရှိပုံစံတွေကို ရှာဖွေဖို့အတွက် ပစ်မှတ်အသစ်တွေကို ညွှန်ပြပေးနေပါတယ်။
” ရလဒ်ကတော့ စိတ်လှုပ်ရှားစရာပါပဲ။ လာမယ့်နှစ်တွေမှာ အရမ်းကို အစွမ်းထက်တဲ့ ပစ္စည်းတွေနဲ့ များစွာသော အသစ်အသစ်တွေကို ကမ္ဘာဂြိုလ်ပြင်ပက သက်ရှိတွေကို ရှာဖွေဖို့တပ်ဆင်ထားခဲ့ပါတယ်။ ဒါဟာ ဂြိုလ်တွေဟာ မတူညီတဲ့ ကြယ်တွေကြားမှာ ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကို နားလည်နိုင်မယ့် ထင်ရှားမှုကို တိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။ ” လို့ ပရော်ဖက်ဆာ ဂျက်စ် ကရစ်စတန် ဂျော်ဂန်ဆန် – ဒီပရောဂျက်ကို ဦးဆောင်နေတဲ့ ပုဂ္ဂိုလ်ဖြစ်သူက ပြောခဲ့ပါတယ်။

credit-wccftech

ပေါက်ကွဲမှုတွေက ဂြိုလ်ပတ်လမ်းစနစ်ကို ပုံဖော်ပေးခြင်း
ကမ္ဘာမြေကြီးကနေ အလင်းနှစ် တစ်ထောင်ခန့်မှာရှိတဲ့ ALMA တယ်လီစကုပ်နဲ့ ကြည့်ရင်မြင်ရတဲ့ သက်တမ်းနုတဲ့ ချိုင်းလ်ရဲ့ ဒွိစုံကြယ်လေးကို ရှာဖွေတွေ့ရှိချက် အသစ်အနေနဲ့ ရှာဖွေတွေ့ရှိခဲ့ပါတယ် ။ ဒွိစုံ ကြယ်စနစ် Ngc 1333-IRAS2A ကို ဂတ်စ်နဲ့ ဖုန်မှုန့်တွေပါနေတဲ့ ချပ်ပြားဝိုင်းတစ်ခု ဝန်းရံထားပါတယ်။
ဒီရှာဖွေတွေ့ရှိမှုဟာ ကျွန်တော်တို့ကို ကြယ်တွေဆီ အကျယ်ချဲ့ ကြည့်နိုင်ဖို့ လမ်းကြောင်းပေးခဲ့ပြီး အဲဒီချပ်ပြားဝိုင်းဆီ ဖုန်မှုန်နဲ့ ဂတ်စ်တွေ ဘယ်လိုရွေ့လျားလာလဲဆိုတာကို လေ့လာနိုင်ခွင့်ပေးခဲ့ပါတယ် လို့ တာဝန်ရှိသူတွေက ရှင်းပြခဲ့ပါတယ်
သတိထားမိတာကတော့ ဒီရွေ့လျားမှုတွေဟာ တသမတ်ထဲမဟုတ်ပါဘူး

credit-University of Hawaiʻi System

တချို့အချက်တွေမှာ အချိန်တိုဖြစ်တဲ့ ဆယ်နှစ်ကနေ နှစ်တစ်ရာ နဲ့ နှစ်ပေါင်း တစ်ထောင် နှိုင်းယှဉ်ချက်အရ ရွေ့လျားမှုတွေက အရမ်ကို ပြင်းထန်လာပါတယ် ။ဒွိစုံကြယ်တွေကလည်း ဆယ်ဆကနေ အဆတစ်ရာထိ သူ့နဂိုအခြေအနေကို ပြန်မရောင်ခင်ထိ အရမ်းကို တောက်ပလာပါတယ်။
ကြယ်နှစ်လုံးဟာ တစ်လုံးနဲ့တစ်လုံးလှည့်ပတ်နေပြီး သူတို့ရဲ့ ပူးပေါင်းဆွဲအားကြောင့် ဂတ်စစ်တွေ ဖုန်မှုန့် တွေဟာ ချပ်ဝိုင်းကြီးဖြစ်လာပြီး ကြယ်စီကို များစွာသော ပစ္စည်းတွေ စုပုံကျလာစေပါတယ်
ကျလာတဲ့ ပစ္စည်းတွေက ထင်ရှားတဲ့ အပူကို ဖြစ်လာစေပြီး အဲဒီအပူရှိန်က ကြယ်ကို ပုံမှန်ထက်ပိုပြီး တောက်ပလာအောင် လုပ်ပေးတာပါ ။
ဒီပေါက်ကွဲမှုကြောင့် ဖုန်မှုန့်တွေ ဂတ်စ်တွေ ပြန့်ကျဲသွားပြီး ချပ်ပြားဝိုင်း ပြန်လည်တည်ဆောက်နေစဉ်အတွင်းမှာ ပေါက်ကွဲမှုဟာ နောက်ပိုင်းဂြိုလ်ပတ်လမ်းစနစ် တည်ဆောက်ပုံကို လွှမ်းမိုးထားတုန်းပါ ။

credit-republicworld.com

သက်ရှိတွေအတွက် တည်ဆောက်မှုတွေကို သယ်ယူပေးတဲ့ ကြယ်တံခွန်များ
ရှာဖွေတွေ့ရှိထားတယ့် ကြယ်တာရာစနစ်တွေက ဂြိုလ်တစ်လုံးဖြစ်လာဖို့သက်တမ်း ငယ်လွန်းပါသေးတယ်။
ဂြိုလ်တင်မက ကြယ်တံခွန်တွေကိုပါ ပစ်မှတ်ထား လေ့လာကြမှာပါ
ကြယ်တံခွန်တွေက သက်ရှိတွေ ပေါ်ထွက်လာဖို့ ဖြစ်နိုင်ချေတွေကို ဖန်တီးတဲ့နေရာမှာ အဓိကသော့ချက်ဖြစ်နိုင်ပါတယ်။ သူတို့မှာ ဂြိုလ်တစ်ခု မဖြစ်ထွန်းတော့တဲ့ခေတ်မှာ ကြယ်တံခွန်အတွင်း သိမ်းထားတဲ့ အော်ဂဲနစ်မောလီကျူးတွေကို ထိန်းသိမ်းထားတယ်လို့ ကောင်းကောင်း စိတ်ကူးယဉ်ကြည့်လို့ရနိုင်ပါတယ်
နောက်ပိုင်းမှာတော့ ကြယ်တံခွန်တွေက အဲဒီမော်လီကျူးတွေကို ဂြိုလ်မျက်နှာပြင်အဖြစ် ပြောင်းလဲလိမ့်မယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။
အပူကြောင့် ဖြစ်လာတဲ့ ပေါက်ကွဲမှုတွေက ဖုန်မှုန့်တွေနဲ့ ဘေးပတ်လည်က ရေခဲတွေကို အငွေ့ပျံစေပါတယ်။ အဲဒါက ဓာတုဗေဒဖွဲ့စည်းပုံကို ပြောင်းလဲစေပြီး ဂြိုလ်တွေ ဖြစ်လာခဲ့တယ်

credit photo

ချိုင်းလ်မှာ ရှာဖွေတွေ့ရှိထားတဲ့ ဒွိစုံ ကြယ်နှစ်လုံးကတော့ တစ်လုံးနဲ့ တစ်လုံးကြား ၂၀၀ AUs ကွာဝေးပါတယ်
တစ် AU ဟာ ကမ္ဘာနဲ့ နေကြားက အကွာအဝေးနဲ့ ညီမျှပါတယ်
နှိုင်းယှဉ်ပြောရရင်တော့ နေအဖွဲ့အစည်းစနစ်မှာ အဝေးဆုံးဂြိုလ်ဖြစ်တဲ့ နပ်ပကျွန်း ဂြိုလ်က နေကနေ ၃၀ AUs ဝေးပါတယ်။
ပရိသတ်ကြီးတို့လည်း အခုဆောင်းပါးလေးကို ဖတ်ရှု့ပြီး ဒီလောက်ဆိုရင် ညဘက်မှာ လင်းလက်နေတဲ့ ကြယ်လေးတွေရဲ့ သဘာဝကို တီးမိခေါက်မိ ရှိကြမယ်လို့မျှော်လင့်ပါတယ်