သင့်ကို အတွေးအခေါ်သစ်တစ်ခုခု ပေးနိုင်မယ့် သမိုင်းဝင် ဓာတ်ပုံများ

သမိုင်းကြောင်းတစ်လျှောက်မှာ စာအုပ်ထဲ မှတ်တမ်းမထင်ထားတဲ့ ထင်ရှားကျော်ကြားခဲ့တဲ့ အချိန်တွေရှိပါတယ်။ သို့သော်လည်း လူသိနည်းတယ့် သမိုင်းကြောင်းတစ်ချို့ကိုတော့ ဓာတ်ပုံမှတ်တမ်းအနေနဲ့ပဲ မှတ်တမ်းတင်ခဲ့ကြပါတယ် ။
(၁) ၁၉၁၂ အိုလမ်ပစ် ပြေးခုန်ပစ်အားကစားသမား ဂျင်မ် သော်ပီ
ပြိုင်ပွဲမနက် ဖိနပ်ပျောက်သွားလို့ အမှိုက်ပုံးထဲက ဘယ်ညာမတူတဲ့ဖိနပ်ကို ကောက်ဝတ်ပြီး ပြိုင်ပွဲဝင်ခဲ့တဲ့သူပါ။ အဲဒီနေ့မှာပဲ အမေရိကန်အတွက် အိုလမ်ပစ် ရွှေတံဆိပ်ဆုနှစ်ခု ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်

Image source: historydefined

(၂) အော့ဇ်ဝှချ် စခန်းကနေ တစ်ရက်ထဲ အတူတူအသက်ရှင်လွတ်မြောက်လာခဲ့တဲ့ ဂျူးလူမျိုး အမျိုးသားများ ၇၃နှစ်ကြာပြီးနောက် ပြန်လည် ဆုံတွေ့ကြပုံ

Image source: historydefined

(၃) ပန်းတိုင်ရောက်ပြီအထင်နဲ့ မတ်တပ်ရပ်နေတဲ့ ကန်ညာ အပြေးသမား အဘယ်လ် မူတိုင်ကို နောက်ကစပိန်လူမျိုး အိုင်ဗန် ဖာနန်ဒက်က ဆက်ပြေးဖို့ အော်ပြီး အနိုင်ရဖို့အတွက် တွန်းပို့နေပုံ

Image source: historydefined

(၄) ဒုတိယကမ္ဘာစစ် အတွင်း ပိုလန်တော်လှန်ရေး အဖွဲ့ဝင်များ

Image source: historydefined

(၅) ၁၉၈၃ The set of Conan The Destroyer မှ အာနိုး၊ ဝစ်ချိန်ဘာလင်းနဲ့ အန်ဒရီ

Image source: historydefined

(၆) ၂၀၀၇ ခုနှစ်မှာတွေ့ရှိခဲ့တဲ့ နှစ်ပေါင်း ၅၀၀ခန့် တောင်ထိပ်မှာ ခဲတောင့်ပြီးပုံမပျက်ဘဲရှိနေတဲ့ ၁၅နှစ်အရွယ် မိန်းကလေး

Image source: historydefined

(၇) နစ်မြုပ်တော့မယ့် ဘတ်စ်ကားက လူတွေကို ကယ်ဆယ်ခဲ့တဲ့ အနားယူလိုက်ပြီဖြစ်တဲ့ အာမန်နီရမ် ရေကူးသမား ရှာဗက်ရှ် ကာရာပီတန်

Image source: historydefined

(၈) ၁၉၉၆ ခုနှစ် ၈နှစ်အရွယ် ဂေါ်ရီလာအမရဲ့ လှောင်အိမ်ထဲ ပြုတ်ကျခဲ့ပြီး ဒဏ်ရာရရှိနေခဲ့တဲ့ သုံးနှစ်အရွယ်ကလေးကို တိရိစ္ဆာန်ရုံအစောင့်တွေရှိတဲ့ အပေါက်ဆီ ပို့ပြီးကယ်ဆယ်ပေးခဲ့ပုံ

Image source: historydefined

(၉) ၁၉၉၆ ခုနှစ် အိန္ဒိယနိုင်ငံ ကိုလ်ကာတာနားက အမှိုက်ပုံမှာ စွန့်ပစ်ခံထားရတယ့် ကလေးငယ်ကို ခွေးများက နှစ်ရက်နီးပါး ကယ်ဆယ်စောင့်ရှောက်ထားပုံ

Image source: historydefined

(၁၀) ၁၉၆၉ အပိုလို ၁၁ အာကာသယာဉ်ရဲ့ ကွန်ပြူတာစနစ်ကို ပရိုဂရမ်ရေးဆွဲခဲ့ပြီး သူရေးခဲ့တဲ့ ကုဒ်ဘေးမှာ ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့တဲ့ လူသားတွေကို လကမ္ဘာဆီ ခေါ်ဆောင်ပေးခဲ့သူ မာဂရက် ဟာလ်မီတန်

Image source: historydefined

(၁၁) ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲအတွင်း အကြိမ်များစွာ ဒဏ်ရာရရှိခဲ့သူ ဆိုလ်ဗီနီယန်း ဖိုက်တာ အယ်လ်ဘီနာ မာလီ ဟော့ဗာ

Image source: historydefined

(၁၂) ၁၉၄၅ ဧပရယ်လ ဗိုလ်ကြီး ဘင်ဂျမင် ကလဲရန့် ရိုက်ကူးထားတဲ့ ဂျူးလူမျိုးများ လွတ်မြောက်လာပုံ

Image source: historydefined

(၁၃) ၁၉၉၉ မီတရိုဗီကာ စစ်ပွဲအတွင်း ပျောက်ဆုံးနေသော သားနှစ်ယောက်ကို ရှာဖွေနေတဲ့ ဖခင်

Image source: historydefined

(၁၄) ဝိုင်းပြထားတဲ့ အမျိုးသမီးကတော့ လူစီ ဟစ် နီကိုးလ်ပါ

Image source: historydefined

သူဟာမွေးကထဲက ကျွန်ပြုခံခဲ့ရပြီး ပြည်တွင်းစစ်ဖြစ်တဲ့အချိန်မှာ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ပါတယ် ။ သူဟာ ၂၃ အင်ဒီယာနား တပ်ရင်းကို ဝင်ရောက်ခဲ့ပြီး စစ်ပွဲတစ်လျှောက် သူ့တပ်ခွဲနဲ့ သူနာပြုအဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့ပါတယ်

(၁၅) စုံတွဲတစ်တွဲရဲ့ တွေ့ဆုံပြီး ၄၈နာရီကြာပုံနဲ့ နှစ်၅၀ကြာပြီးတဲ့နောက်ထိ ပျော်ရွှင်စွာ လက်တွဲခဲ့တဲ့ပုံ

Image source: historydefined

(၁၆) ၁၉၆၆ ဘော့စတွန်မာရသွန်မှာ ဝင်ပြေးခဲ့တဲ့ ပထမဆုံးအမျိုးသမီး ဘော်ဘီဂစ်

Image source: historydefined

(၁၇) ရေထဲကနေ ပေါ်ထွက်လာတဲ့ ရေနတ်သမီး

Image source: historydefined

(၁၈) ၁၉၀၀ ပြည့်နှစ်မှာရိုက်ကူထားခဲ့တဲ့ ဘယ်လ်ဂျီယန် ကျောက်မီးသွေးတွင်းလုပ်သားများ အလုပ်ပြီးတဲ့နောက် ဓာတ်လှေကားနဲ့ စုပြုံပြီးတက်လာကြပုံ

Image source: historydefined

(၁၉) ၁၉၇၀ ကယ်လီဖိုးနီးယားပြည်နယ်က လှိုင်းစီးချင်းရဲ့ ရူပဗေဒသဘောတရားကို သင်ပြနေတဲ့ ဆရာ

Image source: historydefined

(၂၀) သခင် အယ်လ်ဘတ် မားရဲ့ တောင်းဆိုမှုကြောင့် တရားဝင် ပထမကမ္ဘာစစ်အတွင်းမှာ တပ်ကြပ်ကြီး ဂျက်ကီဆိုပြီး ဖြစ်လာခဲ့တဲ့ ဘာဘွန်းမျောက်

Image source: historydefined