
ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာခြင်းဟာ ယာဉ်မောင်းရော လိုက်ပါစီးနင်းသူနှစ်ဦးလုံးအပြင် လမ်းပေါ်ရှိ တခြားသွားလာသူများကိုပါ သေစေနိုင်လောက်တဲ့အထိ အကျိုးဆက်တွေ ဖြစ်လာစေနိုင်ပါတယ်။ ဆိုင်ကယ်နောက်ကလိုက်စီးနေစဉ်အတွင်း အမှုမဲ့ အမှတ်မဲ့နေတာမျိုးတွေ အရက်သေစာ သောက်သုံးတာတွေက လုပ်ဆောင်သင့်တဲ့ အပြုအမူမျိုး မဟုတ်ပါဘူးနော်။
ဆိုရှယ်လ် မီဒီယာပေါ်မှာ လူငယ်နှစ်ဦး အရက်သောက်ရင်း ဆိုင်ကယ်မောင်းတဲ့ဗီဒီယိုဖိုင်ဟာ အင်တာနက်ပေါ်မှာ အရမ်းကို ရေပန်းစားသွားခဲ့ပါတယ်။
ဗီဒီယိုထဲမှာတော့ လူငယ်လေးနှစ်ယောက်ဟာ ဆိုင်ကယ်စီးနေပြီး တစ်ဖက်ကလည်း အရက်ခွက်ကို ကိုင်ကာ သောက်နေကြတာဖြစ်ပါတယ်။ ဒါက အလွန်အန္တရာယ်များပြီး ဥပဒေနဲ့ ငြိစွန်းတဲ့ လုပ်ရပ်ပါ ။
အိန္ဒိယနိုင်ငံမှာဆိုရင် နှစ်စဉ်နှစ်တိုင်း ယာဉ်တိုက်မှုများကြောင့် လူရာနဲ့ချီပြီး အသက်ဆုံးရှုံးကြရပါတယ်။ အရက်သောက်ပြီးမောင်းခြင်းဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ဖြစ်ပြီး သင်ရော တခြားသူတွေကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် အိန္ဒိယနိုင်ငံရဲ့လမ်းတွေဟာ ကမ္ဘာ့အန္တရာယ်အများဆုံးလမ်းအဖြစ် ကျော်ကြားပါတယ်။
ဗီဒီယိုဖိုင်ကို youtube မှာတော့ ‘ရယ်စရာကောင်းလှတဲ့ ယာဉ်တိုက်မှု သောက်ရင်း ဆိုင်ကယ်မောင်းသူနဲ့ နောက်ကလိုက်သူ ‘ ဆိုပြီး ခေါင်းစဉ်တပ်ကာ မျှဝေခဲ့ပါတယ်
ဒါပေမယ့်လည်း ဒါဟာ လုံး၀ကို ရယ်စရာ မကောင်းပါဘူး ပြီးတော့ ဒီလို လက်လွတ်စပယ် အန္တရာယ်များတဲ့ လုပ်ရပ်ကို ရှုံ့ချသင့်ပါတယ်။
ဆိုင်ကယ်မောင်းသူရော နောက်ကလိုက်စီးသူပါ ဦးထုပ် ဆောင်းထားခြင်းမရှိဘဲ အရက်ကို ပလတ်စတစ်ခွက်နဲ့ တစ်ယောက်တစ်လှည့် သောက်နေကြတာပါ။ ဒီလို သောက်ရင်းမောင်းနေရာကနေ ဆိုင်ကယ်မောင်းသူဟာ ဟန်ချက်ပျက်သွားပြီး စတန့်ပုံစံလုပ်ဖို့ကြိုးစားခဲ့ပေမယ့် နောက်ကလိုက်စီးသူကတော့ လမ်းပေါ်ကို ဒိုင်ဗင်ထိုးကျသွားပါတော့တယ်။
ကြည့်ရတာတော့ ဒဏ်ရာ ကြီးကြီးမားမားရပုံမပေါ်ပေမယ့် အချိန်တိုင်းတော့ ဒီလို ကံမကောင်းနိုင်လောက်ပါဘူး
ဒါကြောင့် ဒီဆောင်းပါးလေးကို ဖတ်ပြီး စာဖတ်သူတို့လည်း လမ်းစည်းကမ်း ယာဉ်စည်းကမ်းကို သေချာလိုက်နာပြီး ယာဉ်မောင်းနေစဉ် အရက်မသောက်သင့်သလို ဆိုင်ကယ်စီးရင်လည်း ဆိုင်ကယ်စီးဦးထုပ် သေချာဆောင်းဖို့ စတဲ့ အချက်တွေကို သတိထားနိုင်ရန် တင်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်