
သမီးလေးနဲ့အတူ ဟာသဆန်ဆန် ဓာတ်ပုံလေးတွေရိုက်ကူးတတ်တဲ့ဖေဖေ
ဖေဖေတို့နဲ့ သမီးလေးတွေရဲ့ကြားထဲမှာ ထူးခြားတဲ့ ဆက်နွယ်မှုလေးရှိတတ်ကြပါတယ်။ သူတို့နှစ်ဦးကြားက ဆက်ဆံရေးဟာ အဖေနဲ့သမီးအပြင် အကောင်းဆုံးသူငယ်ချင်းတွေလည်း ဖြစ်ကြပါတယ်။ အဖေတစ်ယောက်ဟာ သမီးလေးအပေါ် စိတ်ပါလက်ပါ စောင့်ရှောက်ပေးတဲ့ မြင်ကွင်းလေးတွေဟာ အင်မတန်မှကို နွေးထွေးပြီး ချစ်ဖို့ကောင်းလှပါတယ်။ သူတို့ရဲ့ မင်းသမီးလေးတွေကို အင်မတန်မှ နူးနူးညံ့ညံ့ ငြင်ငြင်သာသာ စိတ်ရှည်ရှည်နဲ့ ဆက်ဆံလေ့ရှိကြပါတယ်။
ဒီလိုမျိုးပဲ သမီးလေးအပေါ်ကို အရမ်းချစ်တတ်တဲ့ ဖေဖေ တစ်ယောက်ကတော့ သူနဲ့ သူ့သမီးလေးတို့ရဲ့ ထူးခြားတဲ့ အချိန်လေးတွေကို မှတ်တမ်းတင်ကာ အင်စတာဂရမ်မှာ မျှဝေခဲ့ပါတယ်။ ဒီဖေဖေကတော့ စိတ်ကူးစိတ်သန်းကောင်းလှပြီး သူ့ရဲ့ပုံလေးတွေကို ဟာသဆန်ဆန် ချစ်စရာကောင်းလှတဲ့ ပုံလေးတွေအဖြစ် ပြောင်းလဲပစ်ခဲ့ပုံကို ကြည့်ရှုခံစားလိုက်ကြရအောင်နော်။