တိရိစ္ဆာန်ရုံထဲက ခြင်္သေ့ကို သွားပြီး စနောက်မိရာမှ လက်ပါဆုံးရှုံးသွားရတဲ့ အမျိုးသား

တိရိစ္ဆာန်ရုံထဲက ခြင်္သေ့ကို သွားပြီး စနောက်မိရာမှ လက်ပါဆုံးရှုံးသွားရတဲ့ အမျိုးသား

အသိတရားရှိတဲ့ လူသားများအနေနဲ့ သားရဲတိရိစ္ဆာန်များကို နှောင့်ယှက်တတ်တဲ့အပြုအမူမျိုးအား ရှောင်ရှားသင့်ပါတယ်။ သို့သော်လည်း လုပ်သင့် မလုပ်သင့်ကို မစဉ်းစားတဲ့အပြင် သူတို့ရဲ့လုပ်ရပ်တွေကြောင့် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်ကို မစဉ်းစားဘဲ လက်ရဲဇာတ်ရဲရှိလှတဲ့ လူမျိုးတွေ ကမ္ဘာပေါ်မှာရှိပါတယ်။

Twitter

အန္တရာယ်ပြုတတ်တဲ့ သားရဲတိရိစ္ဆာန်တွေကို ပိတ်လှောင်ထားတဲ့ တိရိစ္ဆာန်ရုံကို သင်ရောက်ရှိတဲ့အခါမျိုးမှာ တိရိစ္ဆာန်တွေကြောင့် သင်တို့ ဒဏ်ရာရတာမျိုး ရှားဆယ်ဆိုပေမယ့်လည်း သူတို့ကို အနှောင့်အယှက် သွားပေးမယ်ဆိုရင်တော့ အဲဒီလုပ်ရပ်ဟာ သင့်ကိုယ်သင်အန္တရာယ်ထဲ ဆွဲခေါ်ရာရောက်နိုင်ပါတယ်။ ဒါကလည်း တိရိစ္ဆာန်ရဲ့အပြစ်မဟုတ်ဘဲ သင့်အပြစ်သာ ဖြစ်ပါတယ်နော်

ဆိုရှယ်မီဒီယာပေါ်မှာခေတ်စားနေတဲ့ ဗီဒီယိုထဲမှာတော့ ဂျမေကာနိုင်ငံမှအမျိုးသားတစ်ဦးဟာ လှောင်အိမ်ထဲက ခြင်္သေ့ကို ဆက်တိုက်စနောက်နေပြီး နောက်ဆုံးမှာတော့ စိတ်တိုလာတဲ့ တောဘုရင်ခြင်္သေ့ဟာ အဲဒီလူရဲ့လက်ကို ကိုက်ဆွဲပစ်လိုက်ပါတော့တယ်။
သန်မာလှတဲ့မေးရိုးကြားက ကိုက်ခံထားရတဲ့လက်ကို ကြိုးစားဆွဲထုတ်ပေမယ့်လည်း နောက်ဆုံးမှာတော့ အရိုးသာကျန်တော့တဲ့လက်ကိုသာ ဆွဲထုတ်နိုင်ခဲ့ပါတယ်

Twitter

ဒါကြောင့် တောရိုင်းတိရိစ္ဆာန်တွေဟာ စနောက်စရာမဟုတ်ဘဲ တိရိစ္ဆာန်ရုံတွေကို သွားလည်တဲ့အခါမှာ ချမှတ်ထားတဲ့ စည်းကမ်းအတိုင်း လိုက်နာပြီး လည်ပတ်ခြင်းကသာ ဘေးကင်းနိုင်မယ်ဆိုတဲ့အချက်ကို သိရှိနားလည်ဖို့ ဒီဆောင်းပါးလေးကို သာဓကအနေနဲ့တင်ဆက်ပေးလိုက်ပါတယ်