
မင်္ဂလာပွဲမှာ နောက်ကျမှလာခဲ့တဲ့ သတို့သားလောင်းကိုထားခဲ့ကာ နောက်အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့တဲ့သတို့သမီး
အိန္ဒိယနိုင်ငံ ရာဂျစ်စတန်ရဲ့ ချူရူပြည်နယ်က မင်္ဂလာပွဲတစ်ခုမှာ သတို့သမီးဟာ ဘာရတ်ပွဲကို နောက်ကျမှ မူးရူးပြီးရောက်လာခဲ့တဲ့ သတို့သားလောင်းကို ငြင်းပယ်ပြီး တခြားအမျိုးသားတစ်ဦးကို လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဘာရတ်ပွဲဆိုတာကတော့ သတို့သမီးကို နေအိမ်ကနေ မင်္ဂလာပွဲကျင်းပမယ့်နေရာသို့ သတို့သားဘက်မှ သွားရောက်ခေါ်ဆောင်ရတဲ့ အိန္ဒိယရိုးရာ ဓလေ့တစ်ခုပါ။
ဘာရတ်ပွဲကို ညကိုးနာရီမှာ သတို့သမီးနေအိမ်ကနေ စတင်ပြီးထွက်ဖို့ ပြင်ဆင်ထားခဲ့ပေမယ့်လည်း အပျော်လွန်နေတဲ့ သတိုးသားလောင်းလေးကတော့ သူငယ်ချင်းတွေနဲ့ သောက်စားပြီး ဒီဂျေနဲ့ ကခုန်နေကာ သတို့သမီးကို ခေါ်မယ့် အချိန် နောက်ကျသွားခဲ့ပါတယ်။
သတို့သမီးဘက်က သတို့သားအလာကို စောင့်နေတုန်းမှာပဲ သတို့သမီးလေးဟာ ဘာရတ်ပွဲအတွက် လာခေါ်တဲ့ လူတွေကို ပြန်လွှတ်ပြီး တခြားတစ်ယောက်နဲ့ လက်ထပ်ပေးဖို့ သတို့သမီးမိသားစုကပါ ဆုံးဖြတ်ခဲ့ပါတယ်။
သတို့သားနဲ့အမျိုးတွေ ပွဲကျင်းပမယ့်နေရာကို ရောက်ရှိလာချိန်မှာတော့ တခြားတစ်ယောက်ကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်တဲ့သတို့သမီးကို မြင်လိုက်ရပြီး အရမ်းကို အံ့ဩသင့်သွားခဲ့ကြပါတယ်။ နောက်ရက်မှာတော့ သတို့သားဘက်က သတို့သမီးဘက်ကို ရက်ဂါ ရဲစခန်းမှာ တိုင်ချက်ဖွင့်ခဲ့ပါတယ်။
သို့ပေမယ့်လည်း သတို့သမီးမိသားစုဘက်မှ မင်္ဂလာပွဲ ထုံးတမ်းနဲ့ ပတ်သက်ပြီး ပေါ့ပေါ့တန်တန် အပြုအမူတွေဟာ နောက်လာမယ့် အနာဂတ်မှာလည်း ဆက်ဖြစ်မှာ သူတို့ ကြောက်ရွံ့မိတယ်ဆိုပြီး ပြန်လည် ချေပ ခဲ့ကြပါတယ်။ ရဲတွေနဲ့ ညှိနှိုင်းပြီးတဲ့နောက်မှာတော့ နှစ်ဖက်စလုံးက မိသားစုပြဿနာတွေကို ခဝါချပြီး မင်္ဂလာပွဲကို ပြန်လည်ရုတ်သိမ်းဖို့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
ကဲ … အပျော်ကနေ အပျက်ဖြစ်တတ်တယ်ဆိုတဲ့ သဘောတရားလေးကို ဒီဆောင်းပါးလေးမှာ ပရိသတ်အားလုံးပဲ တွေ့မြင်ကြရမှာမလို့ ကိုယ်လုပ်တဲ့အရာတိုင်းကို သတိလေးကပ်ရင်း တစ်နေ့တာကို အခက်အခဲမရှိ ကျော်ဖြတ်နိုင်ကြပါစေနော်။