
သင့်ရဲ့ အနုပညာဖန်တီးမှုလက်ရာက အရမ်းကို ထူးခြားနေပြီဆိုရင်တော့ အင်မတန်လျင်မြန်စွာနဲ့ပဲ လူကြားထဲမှာ ရေပန်းစားလာမှာပါ။ အခန့်မသင့်ရင် ဒစ်စနေးကနေ ဖုန်းတောင် ဆက်ခေါ်ဦးမှာပါနော်။ ကာနက် နာတာဇင်ရဲ့ သစ်ရွက်လေးတွေကို ပုံဖော်ထားတဲ့ လက်ရာဟာဆိုရင် အရမ်းကို သေသပ်ပြီး အသေးစိတ်ကျလွန်းတာကြောင့် သူ့ကို Disney ကနေတောင် ဖုန်းဆက်ပြီး ပူးပေါင်းဖို့ ဖိတ်ခေါ်ခံရသူပါ။ သူ့လက်ရာကို အသိအမှတ်ပြုတယ့် အဆင့်တစ်ခုထိရောက်လာဖို့ ဘယ်လောက်တောင် အချိန်ပေးခဲ့ရမလဲဆိုတာ ကြည့်လိုက်ရအောင်နော်
(၁) ၂၀၁၃မှာ သူ့ရဲ့ ဝါသနာတစ်ခုဖြစ်တဲ့ ပုံဆွဲခြင်းကို စတင်ခဲ့ပါတယ်
သူဟာ အရာအားလုံးကို ကိုယ်တိုင်လေ့လာသင်ယူခဲ့ရပြီး နေ့မနား ညမနား သူ့ရဲ့ လက်ရာတွေ ပြီးပြည့်စုံလာဖို့ ကြိုးစားခဲ့ရပါတယ်။ တစ်ညကို သုံး-လေးနာရီသာ အိပ်ချိန်ရှိပြီး သစ်ရွက်တစ်ရွက်ကို အပြီါ်သတ်ဖို့ ခြောက်နာရီလောက် အချိန်ယူခဲ့ရပါတယ်တဲ့။ သူဟာ ရောနှောနေတဲ့ အနုပညာတော်တော်များများကို စိတ်ဝင်စားပေမယ့် သစ်ရွက်ပန်းချီကတော့ သူစိတ်ဝင်စားဆုံး အရာပါပဲ။


(၂) ဩဂုတ်လကနေ အောက်တိုဘာထိကို သစ်ရွက်တွေ စုဆောင်းပါတယ်
‘ ကျွန်တော်ဟာ ရောင်စုံသစ်ရွက်တွေကို ပန်းခြံတွေမှာ စုဆောင်းဖြစ်တယ် ။ ကြွေကျနေတဲ့ သစ်ရွက်လေးတွေက အလှဆုံးပါပဲ ။ တစ်ခါတစ်လေလား နိုင်ငံခြားက သူငယ်ချင်းတွေကို ထူးဆန်းတဲ့ ပုံသဏ္ဍာန်နဲ့ သစ်ရွက်လေးတွေ ယူလာပေးဖို့ မှာလေ့ရှိတယ် ‘ လို့ပြောကြားခဲ့ပါတယ် ။ သဟာ စာရွက်ပေါ်မှာလဲ တူညီတဲ့ဒီဇိုင်းကို ဆွဲပြီး သစ်ရွက်မှာ ကော်နဲ့ ကပ်ရပါတယ် ဘာကြောင့်လဲဆိုရင် သစ်ရွက်ဟာ လေတိုက်ရင် ကျိုးလွယ်တာကြောင့်ဖြစ်ပြီး နောက်တစ်ခု ပြန်လုပ်ဖို့ကလဲ အချိန်အရမ်းသုံးရတဲ့အတွက် ဖြစ်ပါတယ်




(၃) သူဟာ Disney နဲ့ Maleficient 2 နဲ့ Frozen 2 မှာ အလုပ်တွဲလုပ်ခဲ့ပါတယ်
သူရဲ့ လက်ရာဟာ အင်တာနက်ပေါ်ရေပန်းစားသွားတာကြောင့် လူသိများတဲ့ ကုမ္ပဏီတစ်ခုက ပူပေါင်းဆောင်ရွက်ဖို့ ဆက်သွယ်ခဲ့ပါတယ်။ ‘ဒီလို ကြီးမားတဲ့ ကုမ္ပဏီက ကျွန်တော့်အနုပညာအတွက်ဆက်သွယ်လာတာ မယုံနိုင်စရာပါပဲ ။ တစ်ခါပဲရတဲအခွင့်အရေးဖြစ်ပေမယ့်လည်း ကျွန်တော် ဒီလိုကုမ္ပဏီမျိုးနဲ့ အလုပ်တွဲလုပ်ရတာ အရမ်းဂုဏ်ယူပြီး ယုံကြည်မှုလည်း တိုးလာစေပါတယ် ” တဲ့




(4) 2018 မှာတော့ သူ့ကိုယ်ပိုင်ပြပွဲကို လုပ်ခဲ့ပါတယ်
သူဟာ ၂၀၁၈မှာ သစ်ရွက်ပန်းချီအပါအဝင် သူ့အနုပညာလက်ရာတွေကို ပြပွဲလုပ်ခဲ့ပြီး အဲဒီအဲဒီအချိန်မှာ သူဟာ Online shop ဖွင့်နိုင်အောင် ကြိုးစားနေခဲ့တယ်လို့လည်း ဆိုထားပါတယ်


(5) ပုံဆွဲနည်းပေါင်း ၇၀ လောက်ကိုလည်း သိထားပါသေးတယ်
၂၀၁၃ ပန်းချီခရီးလမ်းကို စလျှောက်ထဲက သူဟာ ပုံဆွဲနည်း ၁၀၀ ကို သင်ယူချင်ခဲ့တာပါ။ ဒါပေမယ့် နောက် သုံးလေးငါးနှစ်လောက်ဆို ဒီထက် ပိုပြီး သူသင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်တဲ့ ။
ပရိသတ်ကြီးရော သူ့လက်ရာတွေကို ဘယ်လိုမြင်လဲ ဆိုတဲ့ မှတ်ချက်လေးတွေ မျှဝေပေးသွားဦးနော်


