သိထားသင့်တဲ့နည်းလမ်း ဘုရားပန်းအိုးလဲတဲ့ခါပန်းအရိုးတံပုပ်တာမဖြစ်ပဲပန်းကြာကြာခံအောင်ပြုလုပ်နည်းလျှို့ဝှက်ချက်

သိထားသင့်တဲ့နည်းလမ်း ဘုရားပန်းအိုးလဲတဲ့ခါပန်းအရိုးတံပုပ်တာမဖြစ်ပဲပန်းကြာကြာခံအောင်ပြုလုပ်နည်းလျှို့ဝှက်ချက်

ဘုရားပန်းအိုးလဲတဲ့ခါပန်းအရိုးတံပုပ်တာမဖြစ်ပဲပန်းကြာကြာခံအောင် ပြုလုပ်နည်းလျှို့ဝှက်ချက်ပန်းအိုးထိုးတဲ့အခါပန်းတွေကြာကြာခံံနေစေမယ့် နည်းလမ်းများပန်းအိုးထိုးတဲ့အခါပန်းတွေကိုကြာကြာခံနေစေမယ့်နည်းလမ်းတွေရှိပါတယ်

အလုပ်စားပွဲမှာအလှပန်းအိုးထိုးတာမျိုး ဖြစ်ဖြစ်၊သင့်အိမ်ဧည့်ခန်းမှာအလှဆင် တာမျိုးနဲ့ဘုရားမှာပန်းအိုးထိုးပြီးပန်းကပ်ပူဇော်တဲ့အခါပန်းတွေခဏလေးနဲ့ညှိုးနွမ်းခြောက်သွေ့သွားတတ်လို့စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်

အခု ဖော်ပြပေးမယ့်နည်းလမ်းတွေကတော့ပန်းအိုးထိုးတဲ့အခါပန်းတွေကြာကြာခံနေစေမယ့်နည်းလမ်းတွေပဲ ဖြစ်ပါတယ်၁ပန်းတွေဝယ်လာတဲ့အခါ ရေဆေးပြီးပန်းအိုးထိုးတာမျိုးကိုချက်ချင်းမလုပ်ဘဲပန်းအရိုးရဲ့ အောက်ခြေ

ပင်စည်ကို၂လက်မခန့်ခပ်စောင်းစောင်းလေး ဖြတ်တောက်ပြီးမှထိုးပေးသင့်ပါတယ်ဒီလို ပြုလုပ်ပေးခြင်းဟာပန်းတွေ ရေစုပ်အားပိုမို ကောင်းမွန်စေပြီးကြာကြာခံစေပါတယ်(၂)ပန်းအိုးထိုးတဲ့အခါပန်းအိုးထဲက ရေနဲ့ အနီးစပ်ဆုံးဖြစ်နေတဲ့

အရွက်တွေကို ခြွေပေးရမှာ ဖြစ်ပါတယ်ဒီလို ပြုလုပ်ပေးခြင်းဟာရက်အနည်းငယ်ကြာတဲ့အခါပန်းအိုးထဲက ရေပုပ်နံ့လိုအနံ့မကောင်းတာမျိုးကိုဖယ်ရှားပေးနိုင်တဲ့အပြင်ပန်းအရိုးတံပုပ်ပြီးအညှိုးနွမ်းမြန်တာမျိုးကိုလည်းမဖြစ်စေနိုင်ပါဘူး

(၃)ပန်းအိုးထိုးပြီးတဲ့အခါအခန်းအပူချိန်ပေါ်မူတည်ပြီး ရေကိုရက်ခြား ဆိုသလိုပုံမှန်လဲလှယ် ပေးသင့်ပါတယ် ရေလဲတဲ့အခါတိုင်းလည်းပန်းအရိုးတံကိုလိုအပ်သလို ဖြတ်တောက်ပေးသင့်ပါတယ်

(၄)ပန်းအိုးထိုးတဲ့အခါပန်းအိုးထဲက ရေထဲကိုမုန့်ဖုတ်ဆိုဒါလက်ဖက်ရည်ဇွန်း၁ဇွန်းစာခန့်ထည့်ပေးခြင်းဟာ ပန်းတွေကို ကြာကြာခံစေနိုင်တဲ့အပြင်ပန်းအိုးထဲကရေတွေအချိန်ကြာလို့ အနံ့အသက်မကောင်းတော့တာမျိုးလည်းမဖြစ်စေနိုင်ပါဘူး

(၅)ပန်းတွေကြာကြာခံစေမယ့် နောက်ထပ်နည်းလမ်းကောင်းတခုကတော့ပန်းအိုးထိုးတဲ့အခါတိုင်းပန်းအိုးထဲက ရေထဲကိုပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်း၂ဇွန်းနဲ့သကြား လက်ဖက်ရည်ဇွန်းတဝက်စာခန့်ကို ရောစပ်ပြီးထည့်ပေးရမှာပါပန်းသီးရှာလကာရည်ဟာပန်းအရိုးတံ တွေကိုပုပ်စေနိုင်တဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပြီးသကြားကတော့ပန်းတွေကိုကြာကြာခံစေနိုင်တဲ့အစွမ်းရှိပါတယ်

ခရစ်ဒစ်ဟယ်လ်သင်(ဧရာဝတီ)