
သူတို့ကြုံတွေ့ခဲ့ရတဲ့ ကြောက်စရာကောင်းတဲ့ဖြစ်ရပ်တွေကို မျှဝေခဲ့ကြသူများရဲ့ ထိန့်လန့်ဖွယ်ရာကောင်းလွန်းတဲ့ ဓါတ်ပုံများ
မိခင်သဘာဝတရားကြီးဟာ အမြဲလိုလိုလှပပြီး အေးချမ်းသာယာနေတာမဟုတ်ဘူးဆိုတာကို သက်သေပြဖို့အတွက် အင်တာနက်တစ်ခွင်က လူတွေမျှဝေထားတဲ့ သဘာဝတရားကြီးထဲမှ ကြောက်စရာအကောင်းဆုံးအရာတွေရဲ့ ဓာတ်ပုံ 30 ပုံကို ဖော်ပြပေးလိုက်ပါတယ်။ ကြောက်စရာကောင်းသော ကြီးမားသောပင့်ကူများမှသည် ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းများအထိ၊ ကြောက်စရာအကောင်းဆုံး ဓာတ်ပုံအချို့ကို ဖေါ်ပြပေးလိုက်ပါတယ်နော်…
၁။ ပင့်ကူအုပ်ကြီးရဲ့ နယ်ချဲ့မှုခံလိုက်ရတဲ့ ရွက်ဖျင်တဲ

၂။ ဟာပီလင်းယုန်ငှက် အသိုက်တစ်ခုမှ ရှာတွေ့ခဲ့တဲ့ အရိုးအကြွင်းအကျန်များ

၃။ ညအချိန် သင်တစ်ယောက်ထဲ အိမ်ထဲမှာရှိနေချိန် ယခုမြင်ကွင်းမျိုးမြင်မိလိုက်ရင် သင်ဘယ်တုန့်ပြန်မလဲ?

၄။ ကိုင်းညွတ်နေတဲ့ နေကြာပန်းကြီးနှင့် မုန်တိုင်းတိုက်ခက်တော့မည့်ကောင်းကင်ကြီး

၅။ Stygian Owl လို့ခေါ်သော ဇီးကွက်တစ်မျိုးဟာဆိုရင် သူတို့ရဲ့ နီရဲနေသောမျက်လုံးများကြောင့် နတ်ဆိုးရဲ့တမန်ငှက်လို့ လူသိများပါတယ်။

၆။ Dead Man Fingers ( လူသေကောင်ရဲ့ လက်ချောင်း ) မှို

၇။ နားရွက်ထဲမှာ ယားယံတယ်လို့ ခံစားရပြီးနောက် ထိုနားကြပ်ပိုင်ရှင်ဖြစ်သူဟာ သူ့ရဲ့ နားကြပ်ထဲမှာပုန်းအောင်းနေတဲ့ ပင့်ကူကြီးကို ရှာတွေ့ခဲ့ပါတယ်။

၈။ အိမ်ခေါင်းမိုးမှာ လာဖွဲ့ထားတဲ့ ထူးဆန်းတဲ့ပုံစံနဲ့ နကျယ်ကောင်အသိုက်

၉။ အပူချိန်ဟာ ရေခဲမှတ်အောက်ကို ကျဆင်းပြီးနောက် မီရှီဂန်ရေကန်မှ ရေမျက်နှာပြင် ပုံသဏ္ဍန်

၁၀။ ဧည့်ခန်းထဲကို ထပ်ခိုးပေါ်မှ ရေစက်များကျနေလို့ ထပ်ခိုးပေါ်တတ်ကြည့်လိုက်သောအခါ မြင်လိုက်ရတဲ့ မြင်ကွင်း

၁၁။ ဒီကျောက်ဖြစ်ရုပ်ကြွင်းအစုအဝေးဟာဆိုရင် တစ်ခြားဂြိုလ်က ဂြိုလ်သားတွေလားလို့ ထင်သွားစေပါတယ်၊

၁၂။ ရေထဲမှာ အမဲလိုက်နေတဲ့ ဂျာဂွါကျားသစ်တစ်ကောင်ရဲ့ ပုံ

၁၃။ မျက်နှာကျက်ပေါ်မှ မြွေကြီး

၁၄။ ဧရာမငါးရှဉ့်တစ်ကောင်

၁၅။

၁၆။

၁၇။ ဒီမနက်မှာ နားကြပ်တပ်ထားပြီး အလုပ်စလုပ်တယ်၊ နားထဲမှာ အမွေးအမှင်တစ်ခုခု ခံစားရလို့ ကြည့်လိုက်တော့ နားကြပ်ထဲမှာ လင်းနို့တစ်ကောင်ရှိနေတယ်။

၁၈။ ကမ်းခြေပေါ်လာတင်နေတဲ့ ထူးဆန်းတဲ့ ပုံသဏ္ဍန်နဲ့ ငါးတစ်ကောင်

၁၉။ မိကျောင်းပေါက်လေးကို စားသောက်နေတဲ့ ငှက်ကြီးတစ်ကောင်

၂၀။ အဲဒါဘယ်လိုကောင်လဲ ပိုကီမွန်?

၂၁။ မြူနှင်းတွေထဲမှ Moose တစ်ကောင်

၂၂။ အစားအသောက်များရဲ့ အနံ့ကြောင့် ရောက်ရှိလာကြတဲ့ အုန်းကဏန်းများ

၂၃။ Hickory Horned Devil လို့ခေါ်တဲ့ပိုးဖလံတစ်ကောင် ၎င်းပိုးဖလံများသည် အရှည်ခြောက်လက်မအထိကြီးထွားနိုင်ကြပြီး ပုံစံကသာ ကြောက်စရာကောင်းနေပေမယ့် အန္တရာယ်မရှိပါဘူး။

၂၄။ အိမ်သာခွက်ထဲမှ ရေမြွေတစ်ကောင်

၂၅။ Emerald Boa မြွေတစ်ကောင်ရဲ့ ပါးစပ်

၂၆။ သြစတြေးလျနိုင်ငံ ရဲ့ပြဿနာများ

၂၇။ Wallago Attu ငါးခူ

၂၈။ The Creatonotos Gangis Moth

၂၉။ မုန့်လာခိုးတဲ့ ဧရာမပင့်ကူကြီး

၃၀။ ငရဲကနေထွက်လာတဲ့ တွားသွားကောင်နှင့်တူနေသည့် ဓါးခုတ်ကောင်
