
အချို့အရာတွေကတော့ ဆရာကျကျပြုလုပ်နိုင်မှသာ ကောင်းမွန်တဲ့ရလာဒ်ကိုဖြစ်ပေါ်စေတာပါ။ အမျိုးသမီးတစ်ဦးကတော့ မိမိရဲ့အိမ်တွင်းမှာဘဲ နှုတ်ခမ်းသားဖောင်းအောင်ပြုလုပ်ဖို့အတွက်ထုံစေတဲ့ ခရင်တစ်မျိုးကိုသုံးခဲ့ပြီး ရလာဒ်အနေနဲ့ကတော့ ဝက်အူချောင်းနဲ့တူတဲ့ နှုတ်ခမ်းသာရရှိခဲ့ပါတယ်။

သူမရဲ့ထိုရလာဒ်ဟာ အလွန်ကိုဆိုးရွားခဲ့ပြီး သူမရဲ့ သူငယ်ချင်းတစ်ယောက်မှ သူမရဲ့ဖူးရောင်နေတဲ့ နှုတ်ခမ်းကိုမြင်တဲ့အခါ အန်ချင်လောက်အောင်ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။

ထိုအမျိုးသမီးရဲ့နာမည်ကတောChristina Burton ဖြစ်ပြီး အင်္ဂလန်နိုင်ငံ၊မန်ချက်စတာမြို့ရဲ့ Wythenshave ရပ်ကွက်မှာနေထိုင် သူ ဖြစ်ပါတယ်။ သူမဟာ ထိုနှုတ်ခမ်းသားပြုပြင်ခြင်းကို အိမ်မှာသက်တောင့်သက်သာပြုလုပ်နိုင်ဖို့ ၇၅ပေါင်ပေးခဲ့ရတယ်လို့သိရပါတယ်။ သူမဟာယခင်တုန်းကလည်း ထိုနှုတ်ခမ်းဖြည့်တာကိုပြုခဲ့ဖူးပြီး ယခုအကြိမ်ကတော့ အိမ်မှာပထမဆုံးလက်တည့်စမ်းလိုက်တာဘဲဖြစ်ပါတယ်။

သို့သော်လည်းBurton အနေနဲ့ နှုတ်ခမ်းသားကို ရှေ့ကိုအနည်းငယ်လောက်ထွက်လာအောင်ပဲလုပ်ခဲ့တာဖြစ်ပေမယ့် မှန်ကန်တဲ့ပုံစံကိုမရခဲ့ဘဲ ရုပ်ဆိုးသွားစေခဲ့ပါတယ်။ Burton ရဲ့ပြောပြချက်တွေအရ သူမအနေနဲ့ ယခုလို နှုတ်ခမ်းသားတွေ ဖူးရောင်လာတာဟာထုံစေတဲ့ ခရင်ကြောင့်ဖြစ်နိုင်တယ်လို့ဆိုပါတယ်။ ဘယ်လိုဘဲဖြစ်နေပါစေ Burton ဟာ အလှပြင်ပေးသူရဲ့ပြောကြားချက်အရ ထိုသက်ရောက်မှုဟာ အကောင်းတိုင်းပြန်ဖြစ်လာလိမ့်မယ်ဆိုတဲ့ စကားကြောင့် စိတ်သက်သာရာရခဲ့ပါတယ်။

ဒါပေမယ့် ဒီဒုက္ခတွေကတော့မပြီးသွားခဲ့ပါဘူး အလှပြင်သူထွက်သွားပြီးမကြာမီမှာဘဲ Burton ဟာဓာတ်မတည့်တဲ့တုံ့ပြန်မှုကိုချက်ချင်းခံစားခဲ့ရပါတယ်။ပြီးတဲ့ နောက်မှာတော့ သူမဟာ အသက်ရှုကြပ်လာခဲ့ပြီးလူနာတင်ကားကိုအရေးပေါ်ခေါ်ခဲ့ရပါတယ်။ ဆေးရုံမှာတော့ သူမကိုအဖူးရောင်ကျဆေးနဲ့ ဗီတာမင်စီနဲ့ အခြားလိုအပ်တဲ့ဆေးဝါးတွေသုံးကာ ကုသခဲ့ကြပါတယ်။

သူနာပြုတွေကတော့ သူမရဲ့ အခြေနေကိုတစ်ညလုံးစောင့်ကြည့်ခဲ့ရတယ်လို့ဆိုပါတယ်။ ဒီအဖြစ်အပျက်လေးကတော့ ကြောက်စရာကောင်းခဲ့ပြီး Burton အနေနဲ့လည်း လူအများအား အိမ်မှာကိုယ်တိုင်အရေပြားပြုပြင်ခြင်းတွေဟာ အရမ်းအန္တာရာယ်များတယ်ဆိုတာ နားလည်ကြဖို့တိုက်တွန်းထားပါတယ်။
References :Elitereader.com
*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသောသတင်းများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှသတင်းများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***