ထူးခြားလှတဲ့အပြုအမူတွေကြောင့် နာမည်ကျော်သွားခဲ့တဲ့မြင်းလေး တန်ဂို

ထူးခြားလှတဲ့အပြုအမူတွေကြောင့် နာမည်ကျော်သွားခဲ့တဲ့မြင်းလေး တန်ဂို

ဉာဏ်ကောင်းပြီး ခံ့ညားလှတဲ့ သတ္တဝါတွေကိုပြောပါဆိုရင် မြင်းတွေလို့ဖော်ပြဖို့ မေ့မထားသင့်ပါဘူး။ သူတို့ဟာ ယခုအချိန်ထိ အချိန်အကြာကြီး လူသားတွေအပေါ်သစ္စာရှိကြတဲ့ အကောင်းဆုံးတိရိစ္ဆာန်လေးတွေပါ ။ ပြီးတော့ လူသားတွေနဲ့ သူတို့ကြားက ဆက်နွယ်မှုလေးတွေကလည်း နှစ်ကြာလေ တိုးပွားလာလေပါပဲ။ ဒါပေမယ့် တကယ်တော့ ချွင်းချက်ဆိုတာ ရှိနေပါသေးတယ်နော် ။ မြင်းတိုင်းဟာ ဉာဏ်ကောင်းတာမဟုတ်သလို ကျွန်ုပ်တို့ထင်ထားသလိုမျိုးလည်း မခံ့ညားပါဘူး
ကဲ ပရိသတ်ကြီးတို့ရေ ……

အင်တာနက်ပေါ်မှာ “တန်ဂို”ဆိုတဲ့မြင်းလေးဟာ သူ့ရဲ့ကိုယိုးကားယားလုပ်ပုံတွေ ဉာဏ်နည်းပုံတွေကြောင့် ဟိုးလေးတကျော် ဖြစ်သွားခဲ့ပြီး “ကမ္ဘာ့အမိုက်မဲဆုံး မြင်း”ဆိုတဲဘွဲ့ကို ခံယူထားခဲ့ပါတယ်။ ထိုမြင်းလေးရဲ့ပိုင်ရှင်ဟာ မြောက်ပိုင်းစက်ဝန်းဒေသ ဆောင်းရာသီမှာ နှင်းမုန်တိုင်းတိုက်ခတ်ချိန်အတွက် သူတို့မိသားစု ပြင်ဆင်နေပုံနည်းလမ်းတွေကို တွစ်တာပေါ်တင်ခဲ့ပြီးနောက် မြင်းလေးတန်ဂိုဟာ နာမည်ကျော်သွားခဲ့တာလည်း ဖြစ်ပါတယ်။ မြင်းလေး”တန်ဂို”ဟာ ခြံထဲမှာ အမိုက်မဲဆုံးဖြစ်တာကြောင့် ဆောင်းရာသီစတင်လာတဲ့နဲ့ ဂရုစိုက်ရဆုံး ဖြစ်နေခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတာ သိချင်ရင်တော့ အောက်ကပုံလေးတွေကို ဆက်ကြည့်လိုက်ပါဦးနော်။

၁။ နှင်းမုန်တိုင်းတိုက်မယ်ဆိုတဲ့ ကြေညာချက်ကြောင့် ပိုင်ရှင်က မြင်းဇောင်းကို ကာထားတဲ့ ခြံစည်းရိုးတစ်ခုဆောက်ပေးခဲ့တယ်။ ဒါမှ သူ့ကို နှင်းကျတဲ့အချိန် ပိတ်ထားလို့ရမယ်ပေါ့။ မဟုတ်ရင် နှင်းတောထဲ လှဲနေတော့မှာလေ ဒါပေမယ့်လည်း တန်ဂိုကတော့ ခြံစည်းရိုးကာထားတာကို ကျော်ထွက်ပြီး ကစားကွင်းကြီး လိုပဲ ပတ်ပြေးနေခဲ့တယ်။ ပြီးခဲ့တဲ့နှစ်က သူ့ပုံကိုကြည့်ပါဦး နွေးထွေးခြောက်သွေ့တဲ့ မြင်းဇောင်းထဲ နေလို့ရသားနဲ့ နှင်းတောထဲမှာ လျှောက်ပြေးဆော့နေခဲ့ပါတယ်။

၂။ တခါတလေ အပျင်းကြီးပြီး မတ်တပ်ရပ်ရမှာစိုးလို့ ဒီလိုလည်းအိပ်တတ်သေးတာ ။အိမ်နီးချင်းတွေက သူသေပြီအထင်နဲ့ ခဏခဏ တံခါးလာခေါက်ပြီး ပြောတတ်ကြတယ်

၃။ သူ့ကိုယ်သူခွေးလို့ထင်နေတာလားကွယ် သူ့အစာခွက်ကြီးကို ပစ်လိုက်ဖမ်းလိုက်ဆော့ပြီး ယူလာပေးတယ်

၄။ Google Map မှာတောင် တန်ဂိုကို သေနေတဲ့မြင်းလို့ ပြနေတယ်

၅။

၆။ ငါမသေဘူးနော် ကျေးဇူးပြုပြီး ကောင်းကောင်းအိပ်ပါရစေ

၇။ တန်ဂိုရဲ့ မိုက်မဲမှုတစ်ခု မြင်းဇောင်းထဲနေလို့ရသားနဲ့ ခြံစည်းရိုးကိုကြည့်ပြီး စိုရွှဲအောင် ရပ်နေတယ်

၈။ ပိုင်ရှင်ကတော့ သူစားဖို့ မြက်တွေ ခြံစည်းရိုးထဲထည့်ပေးတာ သူကတော့ အပြင်ကနေ ပြန်ငုံ့စားနေတယ်

၉။

၁၀။ တန်ဂိုရဲ့ အကြိုက်ဆုံးပုံကို မပြလို့ ဘယ်ဖြစ်မလဲ

၁၁။ အလန်းဇယား တန်ဂို

၁၂။ လမ်းပေါ်ကဖြတ်သွားတဲ့ သူတွေဆီက မုန့်တောင်းစားဖို့ အစာပုံးကြီးကို ခြံစည်းရိုးနားထိသယ်လာတဲ့ တန်ဂို

၁၃။