ဂျပန်နိုင်ငံဟာ​ ဘာကြောင့်ခေတ်ရှေ့ပြေးနေရလဲဆိုတာကို ဖော်ပြနေတဲ့အရာများ

ဂျပန်နိုင်ငံဟာ တိုးတက်မှု စွန့်ဦးတီထွင်မှု ဝန်ဆောင်မှုနဲ့ ပတ်သက်လာရင် ကျန်တဲ့ တစ်ကမ္ဘာလုံးက စံနမူနာယူရမယ့် နိုင်ငံအဖြစ် အမြဲတမ်း ရပ်တည်နေတာပါ။ သင် ဂျပန်ကို လာတဲ့အချိန်တိုင်း တစ်ခုမဟုတ် တစ်ခုကြောင့် အမြဲတမ်း အံ့အားသင့်နေရမှာပါ။ ဟိုတယ်ဝန်ထမ်းအဖြစ် အလုပ်လုပ်နေတဲ့ စက်ရုပ်တွေ ဓာတ်လှေကားအစောင့်တွေ ရောင်းသူမဲ့ စတိုးဆိုင်တွေအပြင် ထီးထားဖို့အတွက် နေရာ ပြီးတော့ အသစ်အဆန်းစားသောက်ဖွယ်ရာ များကို သင် တွေ့ရမှာပါ။ ဒါတွေဟာ သင့်ကို ‘ဒီအရာတွေကို ငါ့နိုင်ငံမှာ ရှိစေချင်လိုက်တာ’ ဆိုတဲ့အတွေးမျိုး တွေးမိစေပြီး ဂျပန်ကို လေးစားအားကျစေမယ့် အရာအနည်းငယ်ပဲရှိပါသေးတယ် ။
ဒီမှာတော့ ကျွန်မတို့ဟာ အခုခေတ် ဂျပန်နိုင်ငံနဲ့ ပတ်သက်ပြီး ကျွန်မတို့ စာဖတ်သူပရိသတ်တွေကို အံ့ဩသွားစေမယ့် အကြောင်းအရာတချို့ကို စုဆောင်းထားပါတယ်။ ကမ္ဘာကြီးရဲ့ အနာဂတ်ဆီကို ကျွန်မတို့နဲ့အတူ ကြည့်လိုက်ရအောင်နော်
ဒီပုံတွေထဲကမှ သင့်ကို အအံ့ဩဆုံးဖြစ်စေတဲ့ ပုံတွေကဘာဖြစ်မလဲ သင့်ရဲ့ နိုင်ငံမှာရော ဂျပန်တွေရဲ့ ဘယ်အရာတွေကို ရှိစေချင်လဲဆိုတာ comment လေးရေးပေးသွားပါဦးနော်
(၁) ကောက်ပဲသီးနှံ စိုက်ခင်း အနုပညာဆိုတာ စပါးပင်အမျိုးအစားတွေကို နေရာတကျ စိုက်ပျိုးပြီး ပုံဖော်ထားတဲ့ အနုပညာပဲဖြစ်ပါတယ်။ မကြာသေးခင်ကမှာ ဂျပန်နိုင်ငံမှာ ခေတ်စားလာခဲ့တာပါ

© xxkiroxx / Instagram

(၂) ခွေးလေးတွေကို လေးထောင့်ပုံစံ အမွှေးညှပ်ခြင်းကလည်း ခေတ်ရေစီးကြောင်း အသစ်ပါပဲတဲ့

© SierraAndFlowers / Imgur, © unknown / Imgur, © Pichi Chuang / Reuters

(၃) “ဂျပန်က ရှူးဖိနပ်တွေက ကျည်ဆံရထားပုံစံ ဒီဇိုင်းဆွဲထားတယ်ဆိုတာ သိရှိခဲ့ရပါတယ် ”

© ImagesOfNetwork / Reddit

(၄) ချစ်စရာ အသေးစား မတ်ဒေါနယ်လ် ဆိုင်လေး

© japan_totally / Instagram

(၅) သခွားမွှေးသီးပေါ်မှာ သင့်အကြိုက်ဆုံး ဇာတ်ကောင်ပုံလိုချင်ပါလား

© nathui518 / Instagram

(၆)သင်တွေ့ဖူးသမျှထဲမှာ အစီအစဉ်အကျဆုံး ခရီးဆောင်အိတ်များ ရွေးတဲ့နေရာ ဖြစ်မှာပါ
အားလုံးကို လွယ်လွယ်ကူကူ ကောက်ယူနိုင်အောင် လက်ကိုင်ကွင်းတွေကို အပေါ်မှာ ထားပေးထားပါတယ် ( နာရီတာ လေဆိပ်ကနေ ဓာတ်ပုံရယူထားတာပါ )

© abiem01 / Instagram

(၇)လူမဲ့ စတိုးဆိုင် – လိုအပ်တဲ့ ပစ္စည်းကို ကောက်ယူပြီး ပိုက်ဆံကို ခွက်ထဲ ထည့်ခဲ့ရုံပါပဲ

© tsukachan91 / Instagram

(၈) တကယ့် capsule ဟိုတယ်လေးပါ – ဧည့်သည်တွေ လိုအပ်မယ့်အရာအားလုံးကို ဒီနေရာ ကျဉ်းကျဉ်းလေးထဲမှာပဲ အားလုံး ထည့်သွင်းပေးထားပါတယ်

30 Things Proving That Japan Lives in 3019
© dearlydesianajoshua / Instagram

(၉)ဆာဂီယာ အမိုးအောက်က ပင်လယ် – ကမ္ဘာ့အကြီးဆုံး Indoor ရေကစားပန်းခြံထဲမှတစ်ခု

© avenida_viaggi / Instagram

(၁၀) ဂျပန်ဘိုထိုင် အိမ်သာတွေမှာ လက်ဆေးဘေစင်တွေပါ ထည့်သွင်းထားပါတယ်

© illemu / Instagram

(၁၁) အိမ်သာထဲမှာ မီးရောင်တွေ တပုံကြီးပါလား

© amit.lfc / Instagram

(၁၂)ကလေးတွေအတွက် ထိုင်ခုံတောင် ပါလိုက်သေးတယ်

30 Things Proving That Japan Lives in 3019
(၁၃) ဂျပန်က ဓာတ်လှေကားတွေမှာ ဓာတ်လှေကားအစောင့်မယ်လေးတွေ ရှိပါတယ်

© porilovestoday / Instagram

(၁၄) ဂျပန်မှာ အထင်နဲ့ အမြင်က တထပ်ထဲ ကျပါတယ်

© fio_jubi / Instagram

(၁၅)ဝန်ထမ်းတွေအားလုံး စက်ရုပ်တွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ ဟိုတယ် ဂျပန်မှာ ရှိပါတယ်

© teppei_umemoto / Instagram

(၁၆) တိုကျိုမှာရှိတဲ့ ရဲဌာနတစ်ခုကို သွားပြီး သုံးဘလောက်စာ ကွာဝေးတဲ့နေရာကို ညွှန်ပြပေးဖို့ ပြောခဲ့တာ ရဲအရာရှိက သေချာအောင်လို့ လက်ရေးနဲ့ အသေးစိတ် မြေပုံကို ပါ ဆွဲပေးလိုက်ပါတယ်

© mrtobbsie / Instagram

(17) ဂျပန်က အလွယ်တကူ ဝယ်ယူနိုင်တယ့် စက်တွေရဲ့ နိုင်ငံပါ ။ သူတို့ဟာ ဖျော်ရည် ကြက်ဥကနေ အသီးအရွက် mask တွေထိ အားလုံးနီးပါးကို စက်တွေမှာ ဝယ်ယူနိုင်ပါတယ်

© mminded / Instagram

(၁၈)ဒီစက်ကတော့ ထီးရောင်းပါတယ်

© gjeangenie / Instagram

(၁၉) အရက်ပါဝင်တဲ့ သံဗူးတိုင်းကို ထိပ်ဘက် လက်ကိုင်နားမှာ မျက်မမြင်တွေအတွက်ဖောက်ရလွယ်အောင် ဖောင်းကြွစာတမ်း ထည့်သွင်းပေးထားပါတယ်

30 Things Proving That Japan Lives in 3019
(၂၀)ဂျပန်မှာ ရေခဲ့မုန့်ကို ငါးပုံစံရေခဲမုန့်ခွက်နဲ့ ဝယ်စားနိုင်ပါတယ်

© yb.adventures / Instagram

(၂၁)ပြီးတော့ အမည်းရောင် အာလူးကြော်

© detail.kyoto / Instagram

(၂၂) နေရာယူမှုသက်သာအောင် အဆင့်ဆင့် ကားပါကင်

© porouquette / Instagram

(၂၃)ဂျပန်မှာ ကမ္ဘာ့နာမည်ကျော် ထုတ်ကုန်တွေကို အရသာအစုံနဲ့ ရနိုင်ပါတယ်

© ImagesOfNetwork / Reddit

(၂၄) ဆေးလိပ်သောက်ခွင့် ပြုထားတဲ့ ဧရိယာမှာ ဆေးလိပ်သောက်ချင်တဲ့သူတွေအတွက် အလွယ်တကူ သယ်ယူနိုင်တဲ့ ဆေးလိပ်ပြာခွက်

© Xaytek / Pikabu

(၂၅)ဂျပန်က ကားမောင်းဆရာတွေကတော့ သင် ထီးမဖွင့်နိုင်ခင် မိုးမစိုအောင် သင့်ခေါင်းပေါ်ကနေ ထီးကို မြင့်မြင့် ဆောင်းထားပေးလေ့ရှိပါတယ်

© howmuchthereis2see / Instagram

(၂၆) ပြီးတော့ ဒီမှာ သင့်ထီးကို ဘယ်သူမှ မခိုးယူနိုင်အောင် သော့ခတ်ပြီး သိမ်းထားခဲ့လို့ရပါတယ်

© monikakuelsheimer / Instagram

(၂၇)အမှောင်ထဲမှာမှ မြင်ရမယ့် တက်တူး

© mhoa / Imgur

(၂၈) ဒီစမတ် ဘရာကတော့ ဝတ်ဆင်ထားသူ အမျိုးသမီး တကယ် စိတ်ပါဝင်စားတယ့်သူနဲ့တွေ့မှ အလိုလို ချိတ်က ပြုတ်သွားမှာဖြစ်ပါတယ်

© Ravijour

(၂၉) ဉာဏ်ကောင်းလိုက်လေခြင်း

© acidcow.com

(၃၀) တချို့သော ဂျပန်တွေရဲ့ တီထွင်မှုက ရယ်စရာကောင်းလှပေမယ့် သူတို့က အရမ်းတိုးတက်မှုရှိတယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်မတို့ ငြင်းလို့မရပါဘူး

© rerereposter / Imgur