
နိုင်ငံပေါင်း ၂၀၀ ကနေ အလိုရှိနေတဲ့ မက်ဆီကန်လူမျိုး မူးယစ်ရာဇာဟာ လုံခြုံရေး စည်းကမ်းတွေကို အားလုံး ပယ်ဖျက်ပြီး မော်ဒယ်မလေးတစ်ဦးနဲ့ ၂ ည ၃ည အတူအချိန်ဖြုန်းခဲ့မိတဲ့အတွက် နောက်ဆုံး မှာတော့အဖမ်းခံခဲ့ရပါတယ် ။
အသက် ၃၉ နှစ်အရွယ်ရှိ ဘရိုင်ယန် ဒိုနာစီရာနို အိုလ်ဂင် ဘာဒူဂိုဟာ ကိုလမ်ဘီယာတော်လှန်ရေး လက်နက်ကိုင် ပြည်သူ့စစ်အဖွဲ့ FARC နဲ့ ကိုကိန်း ရောင်းဝယ်မှုကို ညှိနှိုင်းဖို့ ကိုလမ်ဘီယာကို သွားခဲ့တယ်လို့ သတင်းပေးပို့ခဲ့ပါတယ်။

မားရစ်စ် ပျော်ကြားစစ်အဖွဲ့က သူဟာ မူးယစ်ဆေးဖြန့်ချီရေးအပါအဝင် တခြား ဒုစရိုက်လုပ်ငန်းအတော်များများမှာ ပါဝင်နေပြီး ကိုယ်တိုင်ငွေကြေးထောက်ပံ့မှုတွေ လုပ်တယ်လို့ ယုံကြည်ထားကြပါတယ်။
မူးယစ်ဆေးလောကမှာ Pitt လို့လူသိများတဲ့ ဘာဒူဂိုဟာ FARC လက်နက်ကိုင်အဖွဲ့နဲ့ ကမ္ဘာ့နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မူးယစ်ဂိုဏ်းထဲကတစ်ခုဖြစ်တဲ့ စီနာလိုရာ ကာတယ်ရ် ကိုယ်စား စီးပွားရေးလုပ်ပေးနေခဲ့တာပါ
ဒါပေမယ့် အပေးအယူလုပ်လို့အပြီး ဘာဒူဂိုဟာ ကယ်လီမြို့ ဗယ်လီ ဒယ်လ် ကူကာ ရဲ့ ဇိမ်ခံ တိုက်ခန်းတစ်ခုမှာ မော်ဒယ်တစ်ယောက်နဲ့တွေ့ဖို့သွားခဲ့ပါတယ်။

သူတို့အတွဲဟာ ညအတော်ကြာ နေထိုင်ပြီး အမည်မဖော်လိုသူ အမျိုးသမီးဟာ တဖြည်းဖြည်းနု့ ဘာဒူဂိုကို ခရီးသွားတွေ အများဆုံး လည်ပတ်တဲ့ Cerro de los Cristales ကို သွားလည်ဖို့ စည်းရုံးနိုင်ခဲ့ပါတယ်
အဲဒီမှာတင် မော်ဒယ်မလေးက သူတို့နှစ်ဦးနမ်းနေတဲ့ပုံကို တင်လိုက်တဲ့အချိန် ဒါကို ယူအက်စ် မူးယစ်တိုက်ဖျက်ရေး DEA က သူဘယ်မှာရှိနေလဲဆိုတာ သိသွားခဲ့ပါတော့တယ်။
အဲဒါအပြင် ဂျို့စ် မာရီယာ ကိုဒိုဗာလေဆိပ်မှာ ဘာဒူဂို တခြား မိန်းမတစ်ယောက်နဲ့ တွဲသွားနေတာကို cctv ကင်မရာမှာ ဖမ်းယူရရှိထားခဲ့ပါတယ်။

DEA ပြောကြားချက်အရ မူးယစ်တိုက်ဖျက်ရေးနဲ့ စုံစမ်းရေးအရာရှိတွေက ဘာဒူဂို နောက်ကို သူ့ကိုမဖမ်းမီ နှစ်ပတ်အလိုထဲက လိုက်နေခဲ့တာပါတဲ့
ရဲဌာနရဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရဲချုပ် ဂျော့ချ် ဗာဂတ်စ် ဗလန်စီယာ ပြောကြားခဲ့တာကတော့
ဒီရလဒ်ဟာ ကူကာက FARC လက်နက်ကိုင်တွေနဲ့ ပေါင်းပြီး မူးယစ်ရောင်းဝယ်ဖောက်ကားဖို့ လာတဲ့ မက်ဆီကန် ကုန်သည် ကိုယ်စားလှယ်တွေကိုဖမ်းဆီးတဲ့ စံနှုန်းအနေနဲ့ အလွန်အရေးကြီးပါတယ် တဲ့
မက်ဆီကန် မူးယစ်ရာဇာကို ယူအက်စ်ကို တရားခံလွှဲပြောင်းပေးဖို့ရာအမိန့်အရ ဖမ်းချုပ်ထားပြီး သူ့ရှေ့နေတွေကတော့ ကာကွယ်ပေးဖို့ ကြိုးစားနေပါတယ် ။

အဲဒီအချိန်မှာပဲ ရဲတွေက သူလွတ်မြောက်နိုင်ဖို့အတွက် ဒေါ်လာ ၂၆၅၀၀၀ လာဘ်ထိုးတဲ့အကြောင်း ထပ်ပြီး တိုင်ချက်ဖွင့်ခဲ့ပါသေးတယ်။