
ရုရှားပြတိုက်က လုံခြုံရေးအစောင့်တစ်ယောက်ဟာ သူ့ရဲ့ ပထမဆုံးအလုပ်ဆင်းတဲ့နေ့မှာတင် မျက်နှာမပါတဲ့ ပန်းချီကားချပ်ကို မျက်လုံးဆွဲပေးပြီး $1million တန် ပန်းချီကားကို ဖျက်ဆီးပစ်လိုက်ပါတယ် ။
လုံခြုံရေးအစောင့်ဟာရုရှားအနောက်ပိုင်း ရီကာတရင်းဘက်ခ်မြို့တော်ရဲ့ ယဲ့စင်းစင်တာမှာ စိတ္တဇပန်းချီလက်ရာအနေနဲ့ ခင်းကျင်းပြသထားတဲ့ အနုပညာရှင် အန်နာ လစ်ပေါ်ဆာရာ့ရဲ့ “ပုံရိပ်သုံးခု” (1932-1934) ပန်းချီကားပေါ်မှာ မျက်လုံးနှစ်လုံးကို ဘောပင်နဲ့ ရေးဆွဲခဲ့တာ ဖြစ်ပါတယ် ။

ယဲ့စင်းစင်တာကို ပန်းချီကား လာရောက်ကြည့်ရှုတဲ့ ဧည့်သည်တော် ၂ယောက်ဟာ ၁၉၃၀ ခုနှစ် ပန်းချီကားချပ်ပေါ်မှာ မျက်လုံး၂လုံးပိုနေတာကို သတိပြုမိပြီး “အနုပညာစာစောင်” ကို သတင်းပို့ခဲ့ပါတယ်။
အသက် ၆၀ ခန့်ရှိတဲ့ အမည်မသိ လုံခြုံရေးအစောင့်ဟာ ဒီအဖြစ်ကို အမှန်တိုင်းထွက်ဆိုပြီး ပထမဆုံး အလုပ်ဆင်းတဲ့နေ့မှာ အရမ်းပြင်းလွန်းလို့ လုပ်ခဲ့မိတာပါလို့ ပြောကြားခဲ့ပါတယ် ။ အဲ့ဒီထဲက သူအလုပ်ကနေ အထုတ်ခံခဲ့ရတာပါတဲ့ ။
မော်စကိုမြို့ ထရက်ရာကို့ဗ်ပြတိုက်က ငှားရမ်းထားတဲ့ ပန်းချီကားကို နောက်ရက်မှာတင် ပြန်ပို့ခဲ့ရပြီး ပြုပြင်ထိန်းသိမ်းသူက ကြည့်ရှုခဲ့ပါတယ်။

လောလောဆယ်မှာတော့ ပန်းချီကားကို မူလအတိုင်း ပြန်လည်ထိန်းသိမ်းထားပါတယ် ။ပြုပြင်ထိန်းသိမ်းရေး ကျွမ်းကျင်ပညာရှင်ကတော့ ထိခိုက်မှုကို အနုပညာလက်ရာအပေါ် ရေရှည်ထိခိုက်မှုမရှိဘဲ ဖယ်ရှားနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
ရဲတွေကတော့ လက်သရမ်းခြင်းအတွက် အမှုဖွင့်စစ်ဆေးပြီး လုံခြုံရေးအစောင့် အလုပ်လုပ်တဲ့ ကုမ္ပဏီကို ပြန်လည်ပြုပြင်ရေးနဲ့ ဖျက်ဆီးမှုအတွက် ခန့်မှန်းချေ $3345 ကိုပေးဆောင်စေခဲ့ပါတယ် ။
ပန်းချီကားက ဘယ်လောက်တန်တယ်ဆိုတာ မသိပေမယ့်လို့ အယ်လ်ဖာအာမခံကုမ္ပဏီမှာ $1 M နဲ့ အာမခံထားထားတာပဲ ဖြစ်ပါတယ်။
