ချစ်သူရဲ့အိမ်မှာရေချိုးခန်း မရှိတာကြောင့် လက်ထပ်ခွင့်တောင်းတာကို ငြင်းပယ်ခဲ့တဲ့အမျိုးသမီး

ပုံမှန်အားဖြင့် ကျွန်တော်တို့ဟာ ချစ်သူမိန်းကလေးတစ်ယောက်ကို လက်ထပ်ခွင့်တောင်းမယ်ဆိုပါက သင့်အနေနဲ့ သူမဘက်လက်ခံမယ်ဆိုတာ ၉၉.၉ရာခိုင်နှုန်းလောက်ထိကိုယုံကြည်ချက်ရှိပါလိမ့်တယ်။ ဒါပေမယ့် ကောင်လေးတစ်ယောက်ကတော့ သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းတဲ့အခါ ကျေနပ်ပီတီဖြစ်မယ်လို့ထင်ခဲ့ပေမယ့် ထိုတောင်းဆိုမှုအပေါ် သူမဟာစိတ်ဆိုးပြီး လက်မခံခဲ့ပါဘူး။

Credit Photo

ဘာလို့လဲဆိုတော့ သူမဟာ ပြည့်စုံတဲ့ဘဝမှာပဲနေချင်တာရယ် ချစ်သူအိမ်က ညစ်ပတ်လွန်းတဲ့နေရာအပြင် သူမအနေနဲ့ အများသုံးနေရာမှာ ရေချိုးရတာကို မနှစ်သက်တာမို့ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

Credit Photo

သူမဟာ ရေချိုးခန်းမရှိတဲ့ချစ်သူကို ပျက်ရယ်ပြုငြင်းပယ်ခဲ့တဲ့ မှတ်တမ်းကိုတော့ တရုတ်နိုင်ငံ Nanningဒေသ ကကြည့်ရှုသူတွေမှ မှတ်တမ်းတင်ထားခဲ့တာပါ။

Credit Photo

ထိုဗီဒီယိုလေးကိုရိုက်ကူးသူမှ အွန်လိုင်းပေါ်တင်ခဲ့ရာ ၂၄နာရီအတွင်း ကြည့်ရှုသူ၁၀သန်းကျော်ခဲ့ကာ ထိုအမျိုးသမီးရဲ့လုပ်ရပ်အပေါ် ပရိသတ်များစွာကလည်း ဝေဖန်အပြစ်တင်တဲ့ ကွန်မန့်တွေ ရေးသားခဲ့ကြပါတယ်။ ထိုအမျိုးသမီးကိုထောက်ခံသူတစ်ယောက်ကတော့ သူမအနေနဲ့ ထိုတောင်းဆိုချက် ကိုငြင်းပယ်လိုက်တာဟာ ရိုင်းစိုင်းသော အပြုအမူတစ်ခုမဟုတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

Credit Photo

“သူမအနေနဲ့ ထိုကဲ့သို့ငြင်းခဲ့တာဟာ သူ့မချစ်သူက ဆင်းရဲနေလို့မဟုတ်ပါဘူး ရေချိုးခန်းမရှိဘဲ ရေမချိုးနိုင်တာကြောင့်ပါ သူမအနေနဲ့ သူ့အပေါ်ကို အိမ်အကြီးကြီးလည်းမတောင်းဆိုခဲ့ပါဘူး လူနေမှုဘဝမှာ မရှိမဖြစ်အခြေခံကျတဲ့အရာကိုသာ သူမကတောင်းဆိုခဲ့တာပါ ဒီအတွက် ကျွန်မကတော့ မှားတယ်လို့မထင်မိပါဘူး”ဟုမှတ်ချက်ပြုခဲ့ပါတယ်။

Credit Photo

အခြားအွန်လိုင်းအသုံးပြုသူတွေကဝောာ့ ဆင်းရဲသား အသည်းကွဲ သူအမျိုးသားအတွက် သနားဂရုဏာသက်နေကြပြီး သူအနေနဲ့ လူအများကြားမှာ ထိုကဲ့သို့ငြင်းခံခဲ့ရတာကို မယုံကြည်နိုင်ဖြစ်နေပြီး အားပေးစကားတွေနဲ့မှတ်ချက်ပြုခဲ့ကြပါတယ်။

References : 90snews

*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသောသတင်းများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှသတင်းများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***