
[Unicode]ကိုရိုနာဗိုင်းရပ်ကူးစက်မှုတွေကြောင့် မိမိ၏မွေးကင်းစသားလေးအား ၁၀ရက်ကိုင်တွယ်ခွင့်ပိတ်ခံလိုက်ရတဲ့မိခင် စပိန်နိုင်ငံမက်ထရစ်မြို့မှ အမျိုးသမီးတစ်ဦးဖြစ်တဲ့ Vanesa Muroဟာ မိမိ၏သာလေးဖြစ်တဲ့ Oliver ကိုမွေးဖွားပြီးနောက်ချက်ချင်းဆိုသလို သီးခြားခွဲထားခြင်းခံရပါတယ်။

မက်ထရစ်ကတော့လက်ရှိအချိန်မှာစပိန်နိုင်ငံရဲ့ ကိုဗစ် ဗဟိုချက်လိုဖြစ်နေပြီး စပိန်ဟာကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရဗ် ကူးစက်မှုပြင်းထန်တဲ့ နိုင်ငံများထဲမှတစ်နိုင်ငံဖြစ်ပါတယ်။ဒီနိုင်ငံဟာလက်ရှိအချိန်မှာ ဗိုင်းရပ်ကူးစက်ခံရသူပေါင်း၁၁၇၀၀၀ထိကူးစက်ခံထားရပြီလည်းဖြစ်ပါတယ်။

Venesa နဲ့ယောက်ျားဖြစ်သူ Oscar Carrilo တို့နှစ်ဦးစလုံးဟာ အခုချိန်မှာတော့ သားဖြစ်သူ Oliver ကိုကြည့်ရှုလို့ရပေမယ့် အကာကွယ်အဝတ်အစားတွေမပါဘဲနဲ့ ထိတွေ့ကိုင်တွယ်ခွင့်ရမှာတော့ မဟုတ်ပါဘူး။ Venesa ဟာ မကြာသေးမီက မှ၈၇နှစ်အရွယ်အဖွားဖြစ်သူကို ကိုရိုနာကူးစက်ခံရတာကြောင့် ဆုံးရှုံးခဲ့ပါသေးတယ်။

Oliver ကိုတော့ cesarean ကလေးဆေးရုံမှာ သဘာဝအတိုင်းမွေးဖွားခဲ့တာဖြစ်ပြီးမမွေးဖွားခင်၃ရက်ကတည်းကဆေးရုံကို ရောက်နေခဲ့ပါတယ်။Vesena ကိုမွေးဖွားပေးတဲ့ အချိန်မှာတော့ဝန်ထမ်းတွေဟာကာကွယ်လေးဝတ်စုံအထပ်ထပ်ဝတ်ဆင်ကာ မွေးဖွားပေးခဲ့ရပြီး နောက်ဆုံးမှာတော့ ကျန်းမာပြီး ၇ပေါင်နဲ့ ၉အောင်စလေးတဲ့ Oliver ကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပါတယ်။

လုံခြုံရေးအကြောင်းပြချက်တွေကြောင့် Oliver နဲ့ Vesenaကို ဆေးရုံတစ်ခုထဲမှာဘဲ ၇ထပ်ခြားကာခွဲထားခဲ့ပါတယ်။ ထို့နောက်သားဖြစ်သူ Oliver ကို ကိုရိုနာဗိုင်းရပ်ပိုးရှိမရှိနှစ်ကြိမ်တိုင်စစ်ဆေးခဲ့ ပြီး နှစ်ကြိမ်လုံး Negative ရလာဒ်သာထွက်ပေါ်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်ဟာ ယခုအခါကမ္ဘာပေါ်မှာလူသန်းပေါင်းများစွာကူးစက်ခံနေရကာသိန်းပေါင်းများစွာသေဆုံးခဲ့ပြီလည်းဖြစ်ပါတယ်။

References :The Sun
*** www.beesportnews.fun နှင့် Mega Fun Page, Cabala Channel Page တို့တွင်ဖေါ်ပြထားသောသတင်းများကို အခြား Page,Blog,Website များတွင်ကူးယူဖေါ်ပြခြင်းခွင့်မပြုပါ၊ ထို့ကြောင့်ကျနော်တို့ရဲ့ဝက်ဆိုက်ဖြစ်တဲ့ www.beesportnews.fun မှသတင်းများကို ကူးယူဖေါ်ပြခြင်းမပြုကြရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။***